နန်းမိုဟွမ်အား တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) မှ ဖမ်းဆီးထားခြင်းအပေါ် ထုတ်ပြန်ချက်

ရက်စွဲ။ ။ စက်တင်ဘာလ ၂ရ ရက်၊ ၂၀၁၈ ခုနှစ် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်အား တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) မှ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁ရ ရက်နေ့၌ နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်၍ ထိန်းသိမ်းထားသည်မှာ တစ်လ ကျော်မျှ ကြာမြင့်လာပြီဖြစ်သည်။ နန်းမိုဟွမ်သည် TNLA အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်နေစဉ် အပြင်းအထန် ထိခိုက်သေဆုံးသည်အထိ ဝတ္တရားနှောင့်ယှက်ခဲ့သည့်အတွက် အရေးယူပေးရန် TNLA ဗဟို တရားရုံးကို အမှုဖွင့်တိုင်ကြားလာခြင်းကြောင့် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု TNLA…









