အသက်အန္တရာယ်ဘေးကျရောက်နေသည့်၊ စစ်အကြမ်းဖက်အုပ်စုလက်ထဲက နိုင်ငံရေးအကျဉ်းသားများ၏ လုံခြုံမှု(လုံးဝ)ကင်းမဲ့နေသည့်ဘဝ

ရက်စွဲ။ ။ ဩဂုတ်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ် မည်သူမဆို အခြေခံလူ့အခွင့်အရေးများဖြစ်သည့် အသက်ရှင်ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ရှိရ မည်ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းက အတိအလင်း ညွှန်းဆိုထားသည်။ ယခုအခါ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အကျဉ်းကျနေစဉ်အတွင်း အသက်ရှင်ရပ်တည်နိုင်ရန်အတွက် အခွင့်အလမ်း အလွန်နည်းပါးလာခြင်းကို အလွန်အမင်း စိုးရိမ်စွာ ရင်ဆိုင်နေကြရပါသည်။ အကျဉ်းသားများအား ချုပ်နှောင်ထားရာတွင် ချုပ်နှောင်ထားစဉ်ကာလအတွင်း ထိုအကျဉ်းသားများ၏ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးကိစ္စအဝဝနှင့် လုံခြုံရေးကို အကျဉ်းထောင်နှင့် ဖမ်းဆီးထားသူများက အပြည့်အဝ တာဝန်ယူရမည်ဖြစ်သော်လည်း ဘက်ပေါင်းစုံမှ ဖိနှိပ်မှုများကြောင့် နိုင်ငံရေးအကျဉ်းသားများသည်…








