အကျဉ်းထောင်များမှပြန်လည်လွတ်မြောက်လာပြီးကွယ်လွန်နိုင်ကျဉ်းစာရင်းပြုစုနေမှုအပေါ် ထုတ်ပြန်ချက်

ရက်စွဲ- ၂၀၁၉ခုနှစ်၊ဇွန်လ ( ၁၄ )ရက် မြန်မာနိုင်ငံတွင် ၁၉၆၂ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးအချိန်မှစ၍ အာဏာသိမ်းစစ်အစိုးရအဆက်အဆက်တို့မှ အတိုက်အခံနိုင်ငံရေးအကျဉ်းသားများအား ရန်သူသဖွယ်သဘောထားကာ ဖိနှိပ်မှု၊ ချုပ်ချယ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများ တစိုက်မတ်မတ်ပြုလုပ်ခဲ့ပြီး မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းများကို အစဉ်တစိုက်ပြုလုပ်ခဲ့ကြပေသည်။ ၁၉၆၂ခုနှစ်မှစ၍ နဝတ၊ နအဖ စစ်အစိုးရအဆက်ဆက်နှင့် ယနေ့အချိန်အထိ ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားပေါင်းမှာ သောင်းချီ၍ရှိနိုင်ပေသည်။ စစ်ကြောရေးစခန်းများတွင် အသက်သေဆုံးသည်အထိ နှိပ်စက်ညှဉ်းပန်းမှုများရှိခဲ့သလို အကျဉ်းထောင်၊  ရဲဘက်စခန်းများတွင်လည်း နှိပ်စက်ညှဉ်းပန်းမှု၊ အစာရေစာမလုံလောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်းတို့ကြောင့် သေဆုံးခဲ့သူများ များစွာရှိခဲ့သည်။ ထို့အပြင် ပေါ်တာခေါ်ယူခြင်းခံရပြီး…

reparation Working Group အဖွဲ့ဝင်များနှင့် အမေရိကန် သံကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဆွေးနွေး

၁ဝ ရက်ဇွန်လ ၂၀၁၉ နေ့ နေ့လယ် ၂း၃ဝ အချိန်တွင် Ambassador Kelley Currie, Ambassador Scot Marciel (US Ambassador to the Republic of the Union of Burma), Mr. Ari Bassin (Senior Advisor, US Department of State)တို့နှင့် Reparation Working Group အဖွဲ့ဝင်များဖြစ်ကြသော ကိုတိတ်နိုင်(နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း)၊ ကိုဘိုကြည် (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း)…

အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးနှင့်အကျဉ်းသားဦးရေ လျော့ချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ယနေ့ ၅-၆-၂၀၁၉ ရက်နေ့ ပြည်သူ့လွှတ်တော်၊ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးခန်းမတွင် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးနှင့်အကျဉ်းသားဦးရေလျှော့ချရေးလုပ်ငန်းညှိနှိုင်းအစည်းသို့ အေအေပီပီမှ ဦးတိတ်နိုင်၊ဦးဘိုကြည်၊ဦးအောင်မျိုးကျော်နှင့် ဦးစိုးနိုင်တို့တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဌအပါအဝင်ကော်မတီဝင်လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ ICRC ၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၊လွှတ်တော်အခြေပြုပြည်သူ့အထောက်ကူပြုရေးအဖွဲ့ တို့မှ တာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အမေရိကန်သံရုံးမှ ကိုယ်စားလှယ်အဖွဲ့ အေအေပီပီသို့လာရောက် လေ့လာဆွေးနွေး

၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက်နေ့၊ နေ့လည် ၃ နာရီခန့်တွင် — U.S. Embassy မှ John Ryan (Political Officer, Political-Economic Section), Micah L. Watson (Human Rights International Organizations) နှင့် Khine Mwan Lurnn (Political Specialist – Political and Economic Section) ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(အေအေပီပီ)ရုံးသို့လာရောက်ပြီး Memory…

“Basic Coping Skills, Introduction to Counseling, Common Mental Health Problems and Positive Thinking Training”ကို ပို့ချပေးခြင်း

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်(MHAP) မှ သင်တန်းနည်းပြ ကိုထင်အောင်နှင့် CETA သင်တန်းနည်းပြ မခင်ငြိမ်းချမ်းစိုးတို့သည် “Basic Coping Skills, Introduction to Counseling, Common Mental Health Problems and Positive Thinking Training” ကို Sandhi Governance Institute ၌ မေလ ၂၅ ရက်နေ့မှ မေလ ၂၆ ရက်နေ့ထိ  နှစ်ရက်တာ ပို့ချပေးခဲ့သည်။…

မကဒတ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော် ကျော်ကို (ဦးကျော်ကိုကိုဝင်း) ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ

  မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဗဟိုဦးဆောင်ကော်မတီဝင် တဦးဖြစ်သူ ရဲဘော် ကျော်ကို  (၅၂ နှစ်) သည်  ၂၀၁၉  ခုနှစ် မေလ ၁၇ ရက်နေ့၊ ၂၀၁၉  ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကွယ်လွန်သွားခြင်းအတွက် မိသားစုနဲ့ထပ်တူ၊ မကဒတ နှင့် ထပ်တူ အထူးဝမ်းနည်း ကြေကွဲရပါသည်။ ရဲဘော် ကျော်ကိုသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလကတွင် မုဒုံမြို့နယ်မှ တက်ကြွစွာပါဝင်ခဲ့သူတဦးဖြစ်ပါသည်။ အရေးတော်ပုံကာလအတွင်း နယ်စပ်ဒေသသို့ထွက်ကာ စစ်အာဏာရှင်အား လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သူတဦးဖြစ်ပါသည်။ မကဒတ တွင် တပ်သားမှ ဒု…

၂၀၁၉ ခုနှစ်၊ ဧပြီလ၊ အေအေပီပီ၏ လစဉ်သတင်းလွှာ

သင်တန်းများပေးပို့ခြင်း မြိတ်မြို့တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချ ခြင်း မြိတ်မြို့တွင် ပြုလုပ်သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့်  အသွင်ကူးပြောင်းရေးဆိုင်ရာ တရား မျှတမှုသင်တန်းကို ဧပြီလ ၂ဝ ရက်နေ့မှ ဧပြီလ ၃ဝ ရက်နေ့ထိ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျောက်ဖျာကျေးရွာတွင် ပို့ချပေးနိုင်ခဲ့သည်။ သင်တန်း၌ လူ့အခွင့်အရေးသင်တန်းနည်းပြ အဖြစ် ကိုစောသန်းလှိုင်မှ သင်တန်းပို့ချပေးခဲ့ပြီး…

အေအေပီပီ၏ ဧပြီလအတွက်လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် ဧပြီလတွင်း အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသူ ၂၂ ဦး ရှိခဲ့သည်။ ထို ၂၂ ဦးအနက်မှ ခုနှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) (သို့) ၅၀၅(ခ) (သို့) ၅၀၅(က)(ခ)၊ အရပ်သား ကိုးဦးသည် မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ တက်ကြွလှုပ်ရှားသူ ငါးဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ(ငြိမ်း၊စု၊စီ) ပုဒ်မ ၁၈၊ ၁၉ နှင့် အရပ်သား တစ်ဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခြင်းကို…