၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၊ လစဉ်သတင်းလွှာ

လူအခွင့်အရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ

ကန့်ဘလူမြို့နယ်၊ ချပ်သင်းစံပြကျေးရွာ အထကတွင် ပြုလုပ်သော လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁)မြို့နယ်တို့တွင် အခြခံ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ပို့ချပေးခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း(၄၅)ပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တန့်ဆည်မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဝက်လက် မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ရေဦးမြို့နယ်နှင့် ဟုမ္ပလင်းမြို့နယ် တို့တွင်လည်းကောင်း၊ ဆွေးနွေးပွဲ (၁)ပွဲကို ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ပန်းတနော်မြို့နယ်တွင်လည်းကောင်း ဟောပြော ပို့ချပေးနိုင်ခဲ့သည်။ အဆိုပါဟောပြော ဆွေးနွေးပွဲ များသို့ ကျောင်းသား၊ကျောင်းသူများ၊ အရပ်သားများ စုစုပေါင်း (၁၆၇၆၂)ဦး တက်ရောက်ခဲ့ပြီး ဆရာ၊ဆရာမများလည်း ပူးပေါင်း ပါဝင် တက်ရောက်ခဲ့သည်။

တန့်ဆည်မြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၁၂)ပွဲကို အခြေခံပညာအထက်တန်းကျောင်း (၁၂) ကျောင်း၌ လည်းကောင်း၊ ဟောပြောဆွေးနွေးပွဲ (၁)ပွဲကို တန့်ဆည်မြို့နယ်အတွင်းရှိ ကိုယ်ပိုင် အထက်တန်းကျောင်း (၉) ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအား လည်းကောင်း ပို့ချပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၅၉၅၀)ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။
ဒီပဲယင်းမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၆)ပွဲ ကို အခြေခံပညာအထက်တန်းကျောင်း (၆) ကျောင်း၌ ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၁၀)ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။
ခင်ဦးမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၆)ပွဲကို အခြေခံပညာအထက်တန်းကျောင်း (၆) ကျောင်း၌ လည်းကောင်း၊ ဟောပြောဆွေးနွေးပွဲပေါင်း (၃)ပွဲကို ကန့်ဘလူမြို့နယ်အတွင်းရှိ အရပ်သားများအား လည်းကောင်း ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူနှင့် အရပ်သား စုစုပေါင်း (၁၈၁၃)ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။
ဝက်လက်မြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၃)ပွဲကို အခြေခံပညာအထက်တန်းကျောင်း (၃) ကျောင်း၌ ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၂၀)ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၈)ပွဲကို အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်း၌ ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၃၀၅)ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။
ရေဦးမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၄)ပွဲကို အခြေခံပညာအထက်တန်းကျောင်း (၄) ကျောင်း၌ လည်းကောင်း၊ ဟောပြောဆွေးနွေးပွဲ (၁)ပွဲကို ရေဦး မြို့နယ်အတွင်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသူ၊ကျောင်းသားများအား လည်းကောင်း ပို့ချ ပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၂၂၀) ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။
ဟုမ္ပလင်းမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲ (၁)ပွဲကို မူလတန်းလွန်ကျောင်း (၁) ကျောင်း၌ ဟောပြောပို့ချ ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၉)ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပန်းတနော်မြို့နယ် တွင် ဟောပြောဆွေးနွေးပွဲ (၁)ပွဲကို အခြေခံပညာ အထက်တန်းကျောင်းခွဲ (၁) ကျောင်း၌ ဟောပြော ပို့ချပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၆၅)ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် AAPP မှ ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦး၊ ကိုမျိုးထွန်းနှင့် ကိုခင်မောင်ဝင်းတို့မှ AAPP အဖွဲ့သားများနှင့် ဦးစွာ မိတ်ဆက်ပေးပြီး AAPP ဖြစ်ပေါ်လာပုံနှင့် ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းပြ ပေးခဲ့သည်။  ထို့နောက် ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦး၊ ကိုခင်မောင်ဝင်း၊ ကိုမျိုးထွန်း၊ ကိုသန်းစိုးအောင်၊ ကိုနောင်နောင်၊ မသန္တာစိုး၊ မဝေဝေခိုင်၊ မချောဝင့်ဝါနိုင်၊ မတင်ဝင်းမော်ထွေး၊ ကိုစောဒန်နီရယ်လင်း၊ မမေရီဆိုင်းခေါင်နှင့် မလွေးအေးမိုင်တို့မှ လူ့အခွင့်အရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းပါ အချက် (၃၀) တို့ကို ပါဝါပွိုင့်များဖြင့် ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်အမေးအဖြေများ ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် လူအချင်းချင်း ခွဲခြားဆက်ဆံမှုများ မပြုလုပ်ရန်အတွက် ကာတွန်းတို တစ်ကားပြသပြီး အပြန်အလှန် ဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းလိုက်နာတတ်စေရန်၊ တာဝန်ယူမှုရှိလာစေရန်၊ ကျောင်းပညာရေးကို ဆုံးခန်း တိုင်အောင်ကြိုးစားစေရန်တို့ကို ရုပ်သံဇာတ်လမ်းတိုများ ပြသ၍ အပြန်အလှန် ဆွေးနွေးခဲ့သည်။ ထို့ပြင်  မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ဆွေးနွေးပေးခဲ့သည်။  ကျောင်းသား၊ ကျောင်းသူ များမှ သိလိုသည်များကို မေးခွန်းများ မေးမြန်းခဲ့ပြီး ဦးဆောင် ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။ ဟောပြောပွဲ များပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေး ဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPP မှ အချက် ၃ဝ ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း (UDHR)အိတ်ဆောင် စာအုပ်များနှင့် ပိုစတာများကို ဝေငှခဲ့သည်။

သင်တန်းပို့ချပေးခြင်း

အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice)ဘာသာရပ်ကို ပို့ချပေးခြင်း

အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဘာသာရပ်ကို ပို့ချ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မေတ္တာစင်တာတွင် Naushawng Development Institute မှ ကျင်းပပြုလုပ်သည့် နိုင်ငံသားဆိုင်ရာအသိပညာ၊ ငြိမ်းချမ်းရေးနှင့် လူငယ်ဖွံ့ဖြိုးရေး သင်တန်း၌ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်မှ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု(Transitional Justice)ဘာသာရပ်ကို စက်တင်ဘာလ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ နှစ်ရက်တာ သင်ကြားပို့ချ ပေးခဲ့သည်။

အထွေထွေလှုပ်ရှားမှုများ

PCP နှင့် LAB တို့မှ ကျောင်းသား၊ကျောင်းသူများ AAPP ပြခန်းကို လေ့လာ

PCP နှင့် LAB တို့မှ ကျောင်းသား၊ကျောင်းသူများ AAPP ပြခန်းကို လေ့လာ

စက်တင်ဘာလ ၆ ရက်နေ့တွင် Pre-College Programs (PCP) နှင့် Learning Across Border (LAB) တို့မှ ကျောင်းသား၊ကျောင်းသူ (၁၉)ဦးသည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရုံးသို့ လာရောက်ခဲ့ပြီး AAPP ၏ Memory of the Past ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ AAPP မှ တာဝန်ရှိသူများမှ လိုက်လံ ရှင်းလင်း ပြသပေးခဲ့သည်။

AAPP နှင့် ပြည်သူ့ပါတီတို့ တွေ့ဆုံဆွေးနွေး

AAPP နှင့် ပြည်သူ့ပါတီတို့ တွေ့ဆုံဆွေးနွေး

စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြည်သူ့ပါတီမှ ဖိတ်ကြား ချက်အရ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)အတွင်းရေးမှူး ဦးတိတ်နိုင်၊ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်တို့ ဦးဆောင်သော AAPP ကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့ပါတီဌာနချုပ်ရုံး အစည်းအဝေး ခန်းမတွင် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များမှ လက်ခံ တွေ့ဆုံ၍ လက်ရှိနိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် လူ့အခွင့်အရေး အကြောင်းအရာများအား မျှဝေဆွေးနွေး

AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ လူ့အခွင့်အရေးအကြောင်းအရာများအား မျှဝေ ဆွေးနွေး

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် Alliance Myanmar မှ ဦးဆောင်ကျင်းပသည့် လူ့အခွင့်အရေး ဇာတ်လမ်းတိုပြိုင်ပွဲဝင်မည့် ဒါရိုက်တာများအား လူ့အခွင့်အရေး အကြောင်းအရာများကို မျှဝေပေးသည့် အခမ်းအနားကို ရန်ကုန်မြို့ရှိ Jasmine Palace Hotel တွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနား၌ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ လူ့အခွင့်အရေးအကြောင်းအရာများအား မျှဝေ ဆွေးနွေးခဲ့သည်။
လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်းခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေး

 


လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်းခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲတွင် AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်မှပါဝင်ဆွေးနွေး

စက်တင်ဘာလ ၂၁ ရက်နေ့တွင်  ISP Myanmar မှ ဦးဆောင်ကျင်းပသည့် ကွဲပြားမှုများသည့် မြန်မာ့လူ့အဖွဲ့အစည်း အတွက် လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်းခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲတွင် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်မှ ပါဝင်ဆွေးနွေး ဟောပြော ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့စကားဝိုင်းတွင် ပါဝင် ဆွေးနွေး

AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့စကားဝိုင်းတွင် ပါဝင်ဆွေးနွေး

စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပုသိမ်မြို့၊ Shekinah Hotel ဟော်တယ်တွင် နိုင်ငံသားနှင့်တရားမျှတမှု ဖော်ဆောင်သော လူငယ်အဖွဲ့ (CJDY)မှ ကြီးမှုးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ ပူးပေါင်း ပါဝင်၍ ငြိမ်းချမ်းရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ စကားဝိုင်း၌ ဆွေးနွေးခဲ့သည်။

My Justice အဖွဲ့သားများနှင့် တွေ့ဆုံ ဆွေးနွေး

My Justice အဖွဲ့သားများနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်သို့ AAPP မှ လေ့လာရေးပို့ဆောင်

စက်တင်ဘာလ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ My Justice အဖွဲ့အား အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု(TJ) နှင့်ပတ်သက်၍ မိတ်ဆက်ဆွေးနွေးခဲ့ပြီး AAPP မှ လုပ်ဆောင် နေသော TJ နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက် ပဲခူးမြို့ ရှိဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်သို့ လေ့လာရေး ပို့ဆောင်ပေးခဲ့ သည်။
စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)
နှစ်သိမ့်ဆွေးနွေးပေးခြင်း
အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကြီးကြပ်အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှု များ ပြုလုပ်လျှက်ရှိသည်။ စက်တင်ဘာလအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ ခြောက်ဦးသည် အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းမှ အမျိုးသမီး သုံးဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ၂ဝ ဦးကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။
ထို့ပြင် အပတ်စဉ် စနေနေ့တိုင်း MHAP မှ အမျိုးသမီး ကောင်ဆယ်လာ နှစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ်အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ စက်တင်ဘာလအတွင်းတွင် အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး လေးဦး ကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။
ထို့ပြင် အပတ်စဉ် တနင်္လာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ စက်တင်ဘာလအတွင်းတွင် လူငယ် ၁ရ ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် လူငယ် ၁၈ ဦးကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။
စက်တင်ဘာလအတွင်းတွင် အမျိုးသမီးကောင်ဆယ်လာ တစ်ဦးနှင့် အမျိုးသား ကောင်ဆယ်လာ သုံးဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ရှိသော မသန်စွမ်းသူများ လေ့ကျင့်ရေး သင်တန်းကျောင်းမှ သင်တန်းသား ၁ဝ ဦးကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။
စက်တင်ဘာလအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြားထိခိုက်လွယ်သူများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။
ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP မှ ကောင်ဆယ်လာများသည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်း ခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ စက်တင်ဘာလ အတွင်း တွင် အမျိုးသမီး ငါးဦးနှင့် အမျိုးသား ငါးဦးကို နှစ်သိမ့်ဆွေးနွေး ပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၂၁ ဦးနှင့် အမျိုးသား ၁၄ ဦးတို့ကို နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။
ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(ဝ) ၉၄၂ ၅၀၃ ၈၈၄၀
အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅(ဝ) ၉၄၂၈ ၁၁ရ ၃၄၈

လစဉ်သတင်းလွှာဒေါင်းလော့ရယူရန်September Burmese Newsletter