အေအေပီပီမှဩဂုတ်လအတွက်လစဉ်သတင်းလွှာ

လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ

ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာအထကတွင် ပြုလုပ်သော လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်()မြို့နယ်တွင် အခြခံ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ပို့ချပေးခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း(၄၄)ပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော် မြို့နယ်၊ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် ဟောပြော ပို့ချပေးနိုင်ခဲ့သည်။ အဆိုပါဟောပြော ဆွေးနွေးပွဲများသို့ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၄၆၀၈)ဦး တက်ရောက် ခဲ့ပြီး ဆရာ၊ ဆရာမများလည်း ပူးပေါင်း ပါဝင် တက်ရောက်ခဲ့ သည်။

  • မုံရွာမြို့နယ်တွင် အားကစားနှင့် ကာယသိပ္ပံ အထက်တန်းကျောင်း တစ်ကျောင်းအပါအဝင် အခြေခံ ပညာ အထက်တန်းကျောင်းပေါင်း (၈) ကျောင်း၌ ဟောပြောဆွေးနွေးပွဲပေါင်း(၈)ပွဲကို ဟောပြောပို့ချပေး ခဲ့ပြီး ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၉၅၀)ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။
  • ချောင်းဦးမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း (၃) ကျောင်း၌ ဟောပြောဆွေးနွေးပွဲပေါင်း (၃)ပွဲကို ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၁၀)ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။
  • ဘုတလင်မြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း (၇) ကျောင်း၌ ဟောပြောဆွေးနွေးပွဲပေါင်း (၇)ပွဲကို ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၁၀)ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။
  • အရာတော်မြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း (၁၀) ကျောင်း၌ ဟောပြောဆွေးနွေးပွဲပေါင်း (၁၀)ပွဲကို ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၇၇၅)ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။
  • ဝက်လက်မြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း (၄) ကျောင်း၌ ဟောပြောဆွေးနွေးပွဲပေါင်း (၄)ပွဲကို ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၀၀)ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။
  • ရွှေဘိုမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၀) ကျောင်း၌ ဟောပြောဆွေးနွေးပွဲပေါင်း (၁၀)ပွဲနှင့် ဘုန်းဘွဲ့ကျေးရွာနှင့် ရွှေဘိုမြို့နယ် အမှတ် (၁၀) ရပ်ကွက်တို့၌ ဟောပြောဆွေးနွေးပွဲပေါင်း(၂)ပွဲကို ဟောပြောပို့ချပေးခဲ့သည်။ အဆိုပါ ဟောပြော ဆွေးနွေးပွဲများကို ရွာသူ၊ရွာသားများ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၇၆၃)ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် AAPP မှ ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦးနှင့် ကိုခင်မောင်ဝင်းတို့မှ AAPP အဖွဲ့သားများနှင့် ဦးစွာ မိတ်ဆက်ပေးပြီး AAPP ဖြစ်ပေါ်လာပုံနှင့် ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းပြပေးခဲ့သည်။  ထို့နောက် ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦး၊ ကိုခင်မောင်ဝင်း၊ ကိုမျိုးထွန်း၊ မသန္တာစိုး၊ မဝေဝေခိုင်၊ မချောဝင့်ဝါနိုင်နှင့် မတင်ဝင်းမော်ထွေးတို့မှ လူ့အခွင့်အရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းပါ အချက် (၃၀) တို့ကို ပါဝါပွိုင့်များဖြင့် ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်အမေးအဖြေများ ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် လူအချင်းချင်း ခွဲခြား ဆက်ဆံမှု များ မပြုလုပ်ရန်အတွက် ကာတွန်းတို တစ်ကားပြသပြီး အပြန်အလှန် ဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းလိုက်နာတတ်စေရန်၊ တာဝန်ယူမှုရှိလာစေရန်၊ ကျောင်းပညာရေးကို ဆုံးခန်းတိုင်အောင်ကြိုးစားစေရန်တို့ကို ရုပ်သံဇာတ်လမ်းတိုများ ပြသ၍ အပြန်အလှန် ဆွေးနွေးခဲ့ သည်။ ထို့ပြင်  မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ဆွေးနွေးပေးခဲ့သည်။  ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို မေးခွန်းများ မေးမြန်းခဲ့ပြီး ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြား ခဲ့ကြသည်။

ဟောပြောပွဲများပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPP မှ အချက် ၃ဝ ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)အိတ်ဆောင် စာအုပ် များနှင့် ပိုစတာများကို ဝေငှခဲ့သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

MNHRC ဥပဒေ ပြင်ဆင်ရေးဆွေးနွေးပွဲကို တက်ရောက်လာကြသူများ

MHNRC ဥပဒေ ပြင်ဆင်ရေး ဆွေးနွေး ဩဂုတ်လ ၅ ရက်နေ့တွင် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီနှင့် ညီမျှခြင်းမြန်မာအဖွဲ့မှ ဦးအောင်မျိုးမင်း၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ဦးအောင်မျိုးကျော်၊ Progress Voice (ရှေ့ပြေးအသံအဖွဲ့)မှ ဦးအောင်ခိုင်မင်း၊ အသံအဖွဲ့မှ ကိုဆောင်းခနှင့် Action Committee for Democracy Development(ACDD)မှ မသဉ္ဇာရွှန်းလဲ့ရည်တို့ တွေ့ဆုံ ခဲ့ကြပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC)ဥပဒေနှင့်ပတ်သက်သည့် ဥပဒေရေးရာကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ကော်မတီမှ ဥက္ကဌ အပါအဝင် ၁၃ ဦး တက်ရောက်ဆွေးနွေးခဲ့သည်။

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီနှင့် MHNRC ဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များ ဆွေးနွေး

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီနှင့် MHNRC ဥပဒေပြင်ဆင်ရေး ကိစ္စရပ်များ ဆွေးနွေး

ဩဂုတ်လ ၅ ရက်နေ့တွင်  ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်း ကော်မတီနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ ဦးအောင်မျိုးကျော်၊ Progress Voice (ရှေ့ပြေးအသံအဖွဲ့)မှ ဦးအောင်ခိုင်မင်း၊ အသံအဖွဲ့မှ ကိုဆောင်းခနှင့် Action Committee for Democracy Development(ACDD)မှ မသဉ္ဇာရွှန်းလဲ့ရည်တို့ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်(MNHRC) ဥပဒေ ပြင်ဆင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲ တွင် ကော်မတီမှ ဥက္ကဌအပါအဝင် ၁၃ ဦး တက်ရောက် ဆွေးနွေးခဲ့သည်။

အထေွထေွလှုပ်ရှားမှုများ

နိုင်ငံရေးအကျဉ်းသား နှစ်ဦးအတွက် ကူညီထောက်ပံ့ငွေပေးအပ်

ဩဂုတ်လ ရ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသား နှစ်ဦးအတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ ကူညီထောက်ပံ့ငွေကို အင်းစိန်နိုင်ငံရေးအင်အားစုမှ သွားရောက်ပေးအပ်ခဲ့သည်။

နိုင်ငံတကာမှ မဲစောက် AAPP သို့ လာရောက် လေ့လာ

ဩဂုတ်လ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)သို့ Tak Border Child Assistance Foundation မှ ဦးဆောင်၍ ထိုင်ဝမ်မှ ကျောင်းသား၊ကျောင်းသူ ရှစ်ဦး၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံမှ ဧည့်သည် လေးဦး၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် SVA Shanti Volunteer Association မှ အဖွဲ့ဝင် လေးဦးတို့ လာရောက် လေ့လာ ခဲ့သည်။ AAPP မှ မမိုးပန်းဖြူနှင့် မပိုင်ရည်မွှေးတို့မှ AAPP လှုပ်ရှားဆောင်ရွက်နေမှုများ၊ လက်ရှိကာလ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေများနှင့် နိုင်ငံရေး အကျဉ်းသား ရေးရာ အခြေအနေများကို ရှင်းလင်း ပြောကြားပေးခဲ့ပြီး ပြခန်းတွင်း လိုက်လံရှင်းလင်း ပြသပေးခဲ့သည်။

MIT မှ ကျောင်းသား/သူများ AAPP ပြခန်းကို လေ့လာ

MIT မှ ကျောင်းသား/သူများ AAPP ပြခန်းကို လေ့လာ

ဩဂုတ်လ ၂၄ ရက်နေ့တွင်  Myanmar Institute for Technology(MIT)ကျောင်းမှ ကျောင်းသား/သူများသည် ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)ရုံးသို့ လာရောက် လည်ပတ်ခဲ့ပြီး AAPP ၏ Memory of The Past ပြခန်းကို လေ့လာခဲ့ကြသည်။ AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်၊ AAPP ၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) တာဝန်ခံ ဦးကျော်စိုးဝင်း၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကျော်စိုး၊ MHAP စူပါဗိုက်ဆာ မသန်းသန်းဌေးနှင့် စူပါဗိုက်ဆာ ဦးဗိုလ်ဗိုလ်လင်း၊ MHAP ကောင်ဆယ်လာ ကိုလွင်မိုးမြင့်နှင့် မသရဖီ သိမ့်သိမ့်ထွန်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်သန်းထွဋ် တို့မှ ပြခန်းအတွင်း လိုက်လံရှင်းလင်းပြသပေးခဲ့သည်။ ထို့နောက် ဦးအောင်မျိုးကျော်နှင့် ဦးကျော်စိုးဝင်းတို့မှ AAPP ဖြစ်ပေါ်လာပုံနှင့် AAPP လုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပေးခဲ့သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

CETA TOT ရက်တိုသင်တန်းကို တက်ရောက်ခြင်း

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည် CETA TOT (Training of Trainer) ရက်တိုသင်တန်းကို ဩဂုတ်လ ၁၉ ရက်နေ့မှ ဩဂုတ်လ ၂ရ ရက်နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တက်ရောက်ခဲ့သည်။

ပေါင်းစုအင်အား အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခြင်း

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ တာဝန်ခံ ဦးကျော်စိုးဝင်းနှင့် AAPP အဖွဲ့ဝင် ကိုကိုအောင်တို့သည် သာသည့်မြေဖောင်ဒေးရှင်းမှ ဦးဆောင် ပြုလုပ်သည့် ပေါင်းစုအင်အား အလုပ်ရုံဆွေးနွေးပွဲကို ပဲခူးမြို့ရှိ မေတ္တာစင်တာ၌ ဩဂုတ်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ တက်ရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ခွဲခြားဆက်ဆံမှုကို ရပ်တန့်ရန်၊ မတူကွဲပြားသော လူမှု အဖွဲ့အစည်းများကြားတွင် အားလုံး ပါဝင်နိုင်ရေးနှင့် ဗဟုဝါဒ စသည်တို့ကို လေ့လာခဲ့သည်။

နှစ်သိမ့်ဆွေးနွေးပေးခြင်း

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာ လေးဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ် သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေး အတတ်ပညာသင် ကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေး အတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ ဩဂုတ်လအတွင်းတွင် အမျိုးသမီး သက်မွေးအတတ်ပညာသင် ကျောင်းမှ အမျိုးသမီး သုံးဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ၁၈ ဦးကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ထို့ပြင် အပတ်စဉ် စနေနေ့တိုင်း MHAP မှ အမျိုးသမီး ကောင်ဆယ်လာ နှစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ ဩဂုတ်လ အတွင်းတွင်  အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး လေးဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ထို့ပြင် အပတ်စဉ် တနင်္လာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ ဩဂုတ်လအတွင်းတွင် လူငယ် ၁၈ ဦးကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ဩဂုတ်လအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ  နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြားထိခိုက်လွယ်သူများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။ ထို့ပြင် ပဲခူးမြို့ရှိ ကောင်ဆယ်လာ တစ်ဦးမှလည်း ပဲခူးမြို့ အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၊ ၎င်းတို့၏ မိသားစုဝင် များနှင့်   အခြား ထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေး ခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP မှ ကောင်ဆယ်လာများသည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်း ခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ ဩဂုတ်လအတွင်းတွင် အမျိုးသမီး လေးဦးနှင့် အမျိုးသား နှစ်ဦးကို နှစ်သိမ့်ဆွေးနွေး ပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၂ဝ ဦးနှင့် အမျိုးသား ခုနှစ်ဦးတို့ကို နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင်အတွင်းရေးမှူး +၉၅(၀) ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၅၀၃ ၈၈၄၀

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

လစဉ်သတင်းလွှာဒေါင်းလော့ရယူရန် August Burmese Newsletter