အေအေပီပီမှထုတ်ပြန်သည့် ဇန်နဝါရီလ ၂၀၁ရ အတွက် လစဉ်သတင်းလွှာ

လူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲများပို့ချ ပေးခြင်း

HR awarness at boglay

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်ရှိ အစိုးရ အထက်တန်းကျောင်းတွင် လူ့အခွင့်အရေး ဆိုင်ရာ ဟောပြော၊ပို့ချ

အစိုးရကျောင်းများ၊ပုဂ္ဂလိကကျောင်းများနှင့် လူထုတွင်းတွင် လူ့အခွင့် အရေးဆိုင်ရာဟောပြော၊ဆွေးနွေးပွဲ ပို့ချပေးခြင်း

ဇန်နနဝါရီလတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) မှ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ ပေါင်း ၁၆ ပွဲကို အစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘော်ဒါ ဆောင်နှင့် လူထုတွင်းတွင် ဟောပြော၊ဆွေးနွေး၊ပို့ချပေးနိုင်ခဲ့သည်။ ထိုသို့ဟောပြောနိုင်ရန်အတွက်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ၈၈ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူမှုအဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် အခြား သောလူ့အခွင့်အရေးအဖွဲ့များက ပူးပေါင်းကူညီပေးခဲ့ပါသည်။ ထို ဟောပြောပွဲများပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ကလေးများ နှင့် နိုင်ငံသားများကိုဆန့်ကျင်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ကို တားဆီးကာကွယ်နိုင်ရန်ဖြစ်သည်။ ထိုဟောပြောပွဲများကို ရန်ကုန် တိုင်း သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ အထကကျောင်းများ၊ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့ရှိ အထက်ကျောင်းများ၊ ဧရာဝတီတိုင်း၊ ဘိုကလေး မြို့နယ်တွင်းရှိ အထက်တန်းကျောင်းများ၊ မကွေးတိုင်းတွင်းရှိ လင်းကျော်အောင် ပုဂ္ဂလိကကျောင်း၊ ပညာ့ရိပ် ဘော်ဒါဆောင်တို့တွင်ဟောပြောပို့ချခဲ့ပြီး မကွေးတိုင်းနှင့် မွန်ပြည်နယ်တို့၌ လူထုတွင်းတွင် ဟောပြောပို့ချခဲ့သည်။ လူ့အခွင့်အရေးဆိုင်ရာဟောပြောပွဲတွင် အဓိ ကအားဖြင့် သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားအောင် ကာကွယ်ရေး၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းပါအခွင့်အရေးများနှင့်တာဝန်များကို ကျောင်းသားများနားလည်စေရန် ဟောပြောကြပါ သည်။ ထိုဟောပြောပွဲများကို ဦးဆောင်ဟောပြောသူများမှာ AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်၊ AAPP လူ့အခွင့်အရေး သင် တန်းဆရာများဖြစ်ကြသော ဦးဝဏ္ဏနွယ်၊ ဦးကျော်စွာလင်း၊ ဦးကျော်ဦး၊ ဒေါ်နှင်းပန်းအိမ်၊ ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးကိုကိုကြီးတို့မှ ဦးဆောင်ဟောပြောခဲ့ကြသည်။ ထိုဟောပြောဆွေး နွေးပွဲများသို့ ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာများ၊ ကျောင်း အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ဒေသဆိုင်ရာ လွှတ် တော်ကိုယ်စားလှယ်များ၊ NLD မြို့နယ်အဖွဲ့ဝင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူလူထု များတက်ရောက်ခဲ့ကြသည်။ ဟော ပြောပွဲပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ အေအေပီပီမှ အချက် ၃ဝပါ အပြည်ပြည်ဆ်ိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း လက်ကမ်း စာစောင်များဝေငှခဲ့သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့်တိုက်တွန်းခြင်း

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ နှင့် တွေ့ဆုံဆွေးနွေးခြင်း

CSO and YHL

                            AAPP နှင့် လူမှု့အခြေပြုအဖွဲ့အစည်းများမှ မစ္စယန်ဟီးလီနှင့် တွေ့ဆုံ ဆွေးနွေး

၂၀၁ရခုနှစ်၊ ဇန်နဝါရီလ ၁ရ ရက်နေ့ တွင် ရန်ကုုန်မြို့ UNDP ရုုံး ဦးသန့်ခန်းမ၌ လူ့အခွင့်အရေးဆောင်ရွက်နေသော လူမှု့အခြေပြု အဖွဲ့အစည်းများ (CSOs) များနှင့် မစ္စ ယန်ဟီးလီ တိုု့ တွေ့ဆုုံ၍ မြန်မာ နိုုင်ငံ လူ့အခွင့်အရေးအခြေအနေများ၊ အစိုုးရနှင့် လွှတ်တော်တို့၏ လုုပ်ဆောင်ချက်များနှင့် ၎င်းတိုု့၏ အခန်းကဏ္ဍတို့ကို တွေ့ဆုုံဆွေးနွေး ခဲ့ကြသည်။ ထိုအစည်းအဝေးသိုု့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(AAPP)မှ ကိုုဇော်မိုုးတက်ရောက်ခဲ့ပြီး၊ AAPP မှ ပြုစုုထားသော နိုုင်ငံရေးအကျဉ်းသားစာရင်းများအား ပြုစုထားသော စာရင်းအလိုုက် တစ်ခုုချင်း ရှင်းပြပေးအပ်ခဲ့ပြီး၊ နိုုင်ငံရေးအကျဉ်းသား များလွတ်မြောက်ရေး၊ နိုုင်ငံရေးအကျဉ်းသားအဓိပ္ဗါယ်ဖွင့်ဆိုုချက်၊ ၆၆(ဃ) နှင့် Freedom of Expression အပေါ်သက်ရောက်မှု၊ ပုုဒ်မ ၁၇(၁)နှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် စိုး ရိမ်ချက်၊ အကျဉ်းထောင်လူဦးရေ လျော့ချရေး၊ အကျဉ်းထောင်လူဦး ရေနှင့် မူးယစ်ပုုဒ်မများအပေါ် သုုံးသပ်ချက်၊ တရားရင်ဆိုုင်ရေး ကာလ ကြာမြင့်ခြင်း၊ အကျဉ်းထောင်စနစ်ပြန်လည်ပြုပြင်ရေး၊ စသည်တိုု့အား ဆွေးနွေးခဲ့သည်။

အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုသင်တန်းပို့ချခြင်း

TJ at Myawaddy

မကွေးတိုင်း၊ ရေနံချောင်းမြို့တွင်ပြုလုပ်သော အသွင်ကူး ပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း

မကွေးတိုင်းတွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်း နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းနှင့် ရန်ကုန်မြို့ တွင် ဆွေးနွေးပွဲတစ်ခုဟောပြောပို့ချ

လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူး ပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းကို နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ လစဉ် ပို့ချပေးလျက်ရှိ ရာ ဇန်နဝါရီလတွင်းတွင် AAPP မှ ၁၂ ရက်ကြာသင်တန်းတစ်ခုနှင့် ဟောပြောပွဲတစ်ခု ပို့ချပေးခဲ့သည်။ ဇန်နဝါရီလ ၆ ရက်နေ့မှ ဇန်နဝါရီ လ ၁ရ ရက်နေ့ထိ ပို့ချသောဆယ့်နှစ်ရက်ကြာ သင်တန်းကို မကွေး တိုင်းဒေသကြီး၊ရေနံချောင်းမြို့ နယ်တွင် AAPP နှင့် မေတ္တာစမ်းရေ ငြိမ်းချမ်းရေးနှင့်လူမှုဖွံဖြိုးရေးအဖွဲ့တို့ပူးပေါင်းကျင်းပခဲ့သည်။ မကွေး တိုင်းတွင်း ကျင်းပခဲ့သော သင်တန်း၌ NLD အဖွဲ့ဝင်များ၊ မေတ္တာစမ်း ရေ ငြိမ်းချမ်းရေးနှင့် လူမှု့ဖွံ့ဖြိုးရေးအဖွဲ့၊ Peace Myanmar တို့ အပါအဝင် သင်တန်းသား ၂၈ ဦး တက်ရောက်ခဲ့ကြသည်။ AAPP ၏ လူ့အခွင့်အရေးနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ သင်တန်းဆရာ ကိုစိုင်းမြင့်သူနှင့်  ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု ကော်မတီ(ACDD)မှ သင်တန်းဆရာမမဇွန်ပန်းတို့မှ သင်တန်းပို့ချ ပေးခဲ့သည်။ သင်တန်းပို့ချခဲ့သော ထိုဒေသတွင် များစွာသော လူ့ အခွင့်အရေးချိုးဖောက်မှုများ ရင်ဆိုင်နေရသည်။ ကျေးရွာအုပ်ချုပ် ရေးမှူးရွေးချယ်ရာတွင် မှန်ကန်မှုမရှိခြင်း၊ အကျင့်ပျက်ခြစား မှုများ ရှိခြင်း၊ ကလေးငယ်များစားဝတ် နေရေး မပြေလည်မှုကြောင့် အလုပ်လုပ်နေရခြင်း၊ လုံလောက်သောကျန်းမာရေး စောင့်ရှောက်မှုမရှိခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ မူးယစ်ဆေးဝါးပြဿနာများ ရှိနေခြင်း၊ ခိုးဆိုးလုယက်မှုများ ရှိနေခြင်းစသည်တို့ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု များစွာကို ရင်ဆိုင်နေရသည်။

TJ training

ရန်ကုန်မြို့၊ ပန်ဒါဟိုတယ်၌ ကိုဝဏ္ဏနွယ်(AAPP) မှ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုအကြောင်း ဟောပြော၊ ဆွေးနွေး

ဇန်နဝါရီလ ၁၉ ရက်​နေ့တွင် ရန်​ကုန်​မြို့Panda hotelတွင်​ ကျင်​း ပပြုလုပ်​​သော (၁၅)ကြိမ်​​မြောက်​ အရပ်​ဖက်လူ့အဖွဲ့အစည်​းငြိမ်​းချမ်​း​ရေးဖိုရမ်​သို့​ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဝဏ္ဏနွယ်​တက်ရောက်ခဲ့ပြီး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတရေးနှင့်​ပတ်​သက်​၍ တစ်နာရီခွဲကြာ ဟောပြော၊ဆွေးနွေး၊ ပို့ချခဲ့သည်။ ထိုဖိုရမ်​သို့ တိုင်​းနှင်​့ပြည်​နယ်​အသီးသီးရှိ အရပ်​ဖက်​လူမှု့ အဖွဲ့အစည်​းများမှ လူဦးရေ၁၅ဝခန်​့ တက်​​ရောက်​​ဆွေး​နွေးခဲ့ကြပါသည်။ AAPPမှထုတ်​ပြန်​ခဲ့သည်​့အစီရင်​ခံစာများအား တက်​​ရောက်​လာသူများ ကို​ဝေငှခဲ့သည်။

သင်တန်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင်ရန်နှင့် အသိပညာများ ရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။

လစဉ်သတင်းလွှာဒေါင်းလော့ရယူရန် January-Burmese-Newsletter