မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အေအေပီပီသို့ လာရောက်လည်ပတ်

IMG_2569

ယနေ့ ၆ ဇွန်လ ၂၀၁ရ တွင် မြန်မာနိုုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်နာများဖြစ်သော ဦးယုုလွင်အောင်၊ ဒေါက်တာမြင့်ကြည်၊ ညွှန်ကြားရေးမှူးချုပ် ဦးဖုုန်းကြွယ်၊ ညွှန်ကြားရေးမှူး ဦးသူရကျော်၊ လူ့အခွင့်အရေးအရာရှိ ဦးရဲနောင်လွင်တိုု့ နိုုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း သုို့ လာရောက်လည်ပတ်ခဲ့သည်။ အေအေပီပီ၏ ပြခန်းငယ်အား ကြည့်ရှုပြီးနောက်၊ အေအေပီပီဖွဲ့စည်းပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်၊ အေအေပီပီ၏ vision, mission, objectives၊ အေအေပီပီ လက်ရှိလုုပ်ဆောင်နေသော ဆောင်ရွက်မှုများ၊ စသည်တိုု့အား အေအေပီပီမှ တာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးပြီး၊ ကျန်ရှိနေသော နိုုင်ငံရေးအကျဉ်းသားများကိစ္စ၊ နိုုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တိုု့ပူးပေါင်းလုုပ်ဆောင်နိုုင်မည့် အခန်းကဏ္ဍများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။

unnamed (5)