ကလေးသူငယ်နှင့် လူ့အခွင့်အရေးဟောပြောပွဲ

img_0659

ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ ပံ့ပိုးကူညီ မှုဖြင့် AAPP မှ ဦးဆောင်ကျင်းပသည့် ကလေးသူငယ်နှင့် လူ့အခွင့်အရေးဟောပြောပွဲကို နိုဝင်ဘာလ ၁ရ ရက်၊ ကြာသပတေးနေ့တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အ.ထ.က ကျောင်းခန်းမ၌ ကျင်းပခဲ့ပါ သည်။

20161117_132125

။ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှုး၊ မြို့နယ်ဒုရဲအုပ်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းလူဦးရေ ၂၀၀ဝ နီးပါးခန့် တက်ရောက် ခဲ့ကြ ပါသည်။
ဟောပြောပွဲတွင် ပထမဦးစွာ ဦးမင်းကိုနိုင်မှ “ တတိယအတွေး” ခေါင်းစဉ်ဖြင့် ကလေးသူငယ်များနှင့် သက်ဆိုင်သောအခွင့်အရေးများနှင့် ကမ္ဘာ့နိုင်ငံများတွင် ကလေးများအား တန်ဖိုးထားမှု၊ကလေးသူငယ် များ၏ အနာဂါတ်တန်ဖိုးတို့ကို ကလေးများနားလည်လွယ်မည့် စကားများဖြင့် ဟောပြောပို့ချခဲ့ပါသည်။ ထို့နောက် ကိုဝဏ္ဏနွယ်မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း ဖြစ်ပေါ်လာပုံနှင့်ကလေး သူငယ်အခွင့်အရေး၊ အင်တာနက်နှင့် ကလေးသူငယ်အန္တရယ်တို့ကို ဗွီဒီယိုပြသချက်များဖြင့်ဟောပြောခဲ့သည်။

20161117_144016

 အစီအစဉ်အရ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါ်စန္ဒာမင်းမှ သက်ငယ်မုဒိမ်းအန္တရာယ်နှင့် မိမိကိုယ်ကိုယ် ကာကွယ်စောင့်ရှောက် ရမည့် အချက်များကို ဟောပြောဆွေးနွေးပို့ချခဲ့ပါသည်။ အခမ်းအနားတွင် AAPP မှ လူ့အခွင့်အရေး ကြေညာ စာတမ်း လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ အိတ်ဆောင်စာအုပ်ငယ်များ ဖြန့်ဝေခဲ့ကြပါသည်။ အခမ်းအနားကို ညနေ ၃ နာရီတွင်အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

img_0662