အေအေပီပီမှ နိုင်ငံရေးအကျဉ်းသားအခြေအနေပြ လစဉ်အစီရင်ခံစာနှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း

cover-myanmar-repordလက်ရှိအခြေအနေ အကျဉ်းချုပ်

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလကုန်တွင် မြန်မာနိုင်ငံ အကျဉ်းထောင် များအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၈၆ ဦး အကျဉ်းကျခံနေ ရသည်။ တက်ကြွလှုပ်ရှားသူ ၁၁၉ ဦးသည် နိုင်ငံရေး လှုပ်ရှားမှု များကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင်နေရပြီး ထိုထဲမှ ၃၅ ဦးသည် ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရသည်။
တစ်လအတွင်း သုံးသပ်ချက်
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် အမျိုးသား တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ တက်ကြွလှုပ်ရှားသူ တစ်ဦး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော်လည်း ချက်ချင်း ပြန်လည် လွှတ်မြောက်လာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားသုံးဦးမှာမှု ကျန်းမာရေး ဆိုးရွားလျက်ရှိ ကြောင်းသိရှိရသည်။

မီဒီယာ၊ နိုင်ငံရေးနှင့် နိုင်ငံသားတို့အပေါ် ကန့်သတ်ထားမှုများသည် ယခုလတစ်လျှောက်လုံးတွင်လည်း ဆက်လက်ရှိနေခဲ့သည်။ သတင်း ဂျာနယ် နှစ်စောင်ဖြစ်သည့် The Voice Weekly နှင့် Envoy ဂျာနယ်တို့သည် ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ သတင်းဆောင်းပါးများအား ခွင့်ပြုချက်ယူရန်အတွက်   ဆင်ဆာအဖွဲ့ထံသို့ ပေးပို့ရန် ပျက်ကွက်ခဲ့ သောကြောင့် အကန့်အသတ်မရှိ ထုတ်ဝေခွင့် ဆိုင်းငံ့ခြင်းခံခဲ့ရသည်။ သတင်းထောက် ကိုအောင်လွင်သည် သတ္ထုတူးဖော်ရေး လုပ်ငန်းမှ ထွက်လာသည့် ရေဆိုးများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက် စီးရခြင်းအကြောင်းကို “ငါးရံတစ်ကောင်၏ ရင်ဖွင့်သံ” ရသဆောင်းပါး ရေးသားခဲ့ ခြင်းအတွက် ရာဇသတ်ကြီး ပုဒ်မ ၅၀ဝ ဖြင့် တရားစွဲဆို ခံခဲ့ရသည်။ စက်တင်ဘာလ ၃ဝ ရက်နေ့တွင် ရေဖြူမြို့နယ်တရားရုံးမှ သူ့အား ထောင်ဒဏ်ကျခံစေရန် သို့မဟုတ် ဒဏ်ငွေ သုံးသောင်းကျပ် ပေးဆောင်စေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ကိုအောင်လွင်သည် ဒဏ်ငွေ ပေး ဆောင်ခဲ့သည်။ စက်တင်ဘာလ ၁၆ ရက်နေ့တွင် တာမွေမြို့နယ် တရားရုံးမှ မဟာသနိ္တသုခကျောင်းတိုက်ရှိ သံဃာငါးပါး၏ သာသနာ့ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာမှု၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးကောင်စီ ဥပဒေ အမှတ် ၂၀/၉ဝ အား ရုပ်သိမ်းပေးရန် လျှောက်ထားချက်ကို ပယ်ချ ခဲ့သည်။

အစိုးရသစ်လက်ထက်တွင်လည်း နိုင်ငံသားများကို ဖမ်းဆီး၊ ထိန်းသိမ်း ရန်နှင့် ပြစ်ဒဏ်ချမှတ်ရန် ဆက်သွယ်ရေးဥပဒေအား လက်နက်သဖွယ် ဆက်လက် အသုံးပြုလျက်ရှိသည်။ လူမှုရေးနှင့်နိုင်ငံရေး တက်ကြွလှုပ် ရှားသူ ကိုရာပြည့်ခေါ် ကိုမျိုးသူဝင်းသည် ဆရာတော် ဦးဝီရသူနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အား အသရေဖျက်သော ဓာတ်ပုံနှင့် စာသားများ လူမှုကွန်ရက်စာ မျက်နှာတွင် တင်သည်ဟု စွပ်စွဲခံခဲ့ရကာ စက်တင်ဘာလ ၁၅ ရက်နေ့တွင် မှော်ဘီမြို့နယ် တရားရုံးမှ ဆက်သွယ် ရေးဥပဒေ ၆၆/ဃ ဖြင့် စွဲချက်တင်ခြင်းကို ခံခဲ့ရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကိုင်း အလုပ်သမား အခွင့်အရေး ဆန္ဒပြသူများသည် ၎င်းတို့၏ ၁၂ ကြိမ်မြောက် ရုံးချိန်းကို နေပြည် တော်ရှိ တပ်ကုန်းမြို့နယ် တရားရုံး၌ တက်ရောက်ခဲ့သည်။ ကျောင်း သား ငါးဦးမှာမှု တရားစီရင်ရေးအား ဆက်လက် သပိတ်မှောက်လျက် ရှိသည်။

စစ်တင်ဘာလတစ်လျှောက်လုံးတွင် တိုင်းရင်းသားဒေသများ၌ စစ် တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ် လျက်ရှိသည်။ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ အမျိုးသားတစ် ဦးသည် ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံခဲ့ရကာ ဖမ်းဆီးခံခဲ့ရသည်။
စက်တင်ဘာလတွင်းတွင် လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများထဲမှ တိုးတက်မှုတစ်ချို့ရှိလာသည်ကို တွေ့မြင်နိုင်သည်။ ပြည်သူ့လွှတ်တော်မှ ဖျက်သိမ်းရန် အတည်ပြုခဲ့ပြီးဖြစ်သော အတိုက်အခံနိုင်ငံရေးသမားများကို ဖိနှိပ်ရာတွင် အသုံးပြုလေ့ရှိသည့် ခေတ်နောက်ကျလျက်ရှိသော အရေးပေါ် စီမံမှု အက်ဥပဒေအား ဖျက်သိမ်းရန် အမျိုးသားလွှတ်တော်မှ အတည်ပြု ခဲ့သည်။ သေဒဏ်မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ၁၉၅ဝ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အရေးပေါ် စီမံမှုအက်ဥပဒေသည် ရေရာမှု မရှိသော ပြစ်မှုများအတွက် နိုင်ငံတော်အား ဆန့်ကျင်သူများကို ပြစ်ဒဏ်များ ချမှတ် နိုင်ရန် ဖြစ်သည်။ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများကို ဖိနှိပ်ရာတွင် အသုံးပြုလေ့ ရှိသည့် ထိုဥပဒေအား ဖျက်သိမ်းခြင်းသည် ဒီမိုကရေစီဆီသို့ ဦးတည် ရွေ့လျားရာတွင် လိုအပ်လျက်ရှိသော နိုင်ငံ၏ ဥပဒေ ပြုပြင်ပြောင်း လဲရေး၌ တိုးတက်မှု၊ အရေးပါမှုဖြစ်သည်ကို ဖော်ပြလျက်ရှိသည်။ ထိုမျှသာမက စစ်အစိုးရလက်ထက်တွင် နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီးရာတွင် အသုံးပြု လေ့ရှိသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ် ရေး ဥပဒေတွင် ပါဝင်သည့် ဧည့်စာရင်းတိုင်ကြားရန်ဟူသည့် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃(ဆ) ကို ဖျက်သိမ်းရန် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်။ ထို့ပြင် ပြည်သူ့လွှတ်တော်မှ နိုင်ငံသားများ၏ အခြေခံကျသော လူ့အခွင့်အရေးများ ကို ကာကွယ်ရန် ပျက် ကွက်ခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) အား အရေးယူရန် အတည်ပြုခဲ့သည်။ MNHRC ၏ ဆောင်ရွက်ချက်များ သည် ထိရောက်မှုမရှိဟု ဇူလိုင်လကုန်၌ ရန်ကုန်တိုင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များမှလည်း ဝေဖန်ခဲ့ကြသည်။ ၂၀၁၆ ခုနှစ်၊ ဇွန်လတွင် လားရှိုးမြို့နယ်၊ မိုင်းယောကျေးရွာသား ငါးဦးကို သတ်ဖြတ်ခဲ့မှုတွင် ပါဝင် ခဲ့ခြင်းအတွက် စက်တင်ဘာလ ၁၅ ရက်နေ့တွင် လားရှိုးမြို့နယ်၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် စစ်တရားရုံးမှ တပ်မတော် သား ခုနှစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်စီချမှတ်ခဲ့သည်။ ထိုအခြင်းအရာသည် စစ်တပ်၏ မကြုံဖူးသည့် ပြောင်းလဲမှုဖြစ်ပြီး ရှေ့ ဆက်ပြောင်းလဲမှု၌ တစ်ဦးချင်းစီ တာဝန်ခံမှုအတွက် အရေးပါမှုလည်း ဖြစ် သည်။
ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင် အတွင်းရေးမှူး           +၆၆(၀) ၈၁၂၈၇၈ ၇၅၁
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄ ၂၅၃ဝ ၈၈၄၀

ဒေါင်းလော့ဖိုင်ရယူရန် sနိုင်ငံရေးအကျဉ်းသားအခြေအနေပြလစဉ်အစီရင်ခံစာ

လက်ကျန်နိုင်ငံရေးအကျဉ်သားစာရင်း ဒေါင်းလော့ရယူရန်  86-လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း-sep-30-2016

လက်ကျန်အမှုရင်ဆိုင်နေသူများစာရင်း ဒေါင်းလော့ရယူရန် 119-အမှုရင်ဆိုင်နေရသောနိုင်ငံရေးအကျဉ်းသားစာရင်း-sep-30-2016