အမိန့်ချမှတ်ခံရပြီးသော နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်အကျဉ်း (၂)

Win Hlaingကိုဝင်းလှိုင် (ဘ) ဦးမောင်လေး

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး ပုဒ်မ ၅၀၅(ခ)၊ ၁၈၊ ၁၉ တို့ဖြင့်တရားစွဲဆိုခံရပြီး ပြည်အကျဉ်းထောင်တွင် ထောင်ဒဏ် ၃နှစ် ၈လ ပြစ်ဒဏ်ချမှတ်နေရသည်။  ပုဒ်မ ၁၈၊ ၃မှုဖြင့် ပြည်တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ ၂၅ မေ ၁၅ တွင်အဖမ်းခံရသည်။ ဧပြီလ ၁၇၊ ၂၀၁၆ နေ့တွင် နိုင်ငံတော်သမ္မတသစ်ဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွတ်မြောက်။

 

 

 

Aung Soeအောင်စိုး (ဘ) ဦးစိုးမြင့်

လယ်ယာမြေအရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး၊ ပုဒ်မ 505(B), 145, 143,427,447,353 တို့ဖြင့်တရားစွဲဆိုခံခဲ့ရကာ၊ မတ္တရာတရားရုံး၌ရုံးတင်စစ်ဆေးခဲ့သည်။ ပထမအကြိမ် အလုပ် ကြမ်းနှင့် ထောင်ဒဏ်သုံနှစ်ခွဲ ချမှတ်ခံခဲ့ရပြီး၊ ဒုတိယအကြိမ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ခွဲ ထပ်မံချမှတ်ခံခဲ့ရသည်။ မန္တလေး အိုးဘိုထောင်တွင် ထောင်ဒဏ် ၆ နှစ်ကျခံနေရသည်။ ၁၈ မေ ၂၀၁၄နေ့တွင် အဖမ်းခံခဲ့ရသည်။ ဧပြီလ ၁၇၊ ၂၀၁၆ နေ့တွင် နိုင်ငံတော်သမ္မတသစ်ဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်အိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်။

 

 

Zaw Myo Nyuntဇော်မျိုးညွန့် (ဘ) ဦးကျော်အောင်

ဆက်သွယ်ရေးဥပဒေ၆၆(ဃ)၊ ၅၀၅(ခ) တို့ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရပြီး အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသည်။ အောက်တိုဘာ ၆ရက် ၂၀၁၅နေ့ဖမ်းဆီးခံရပြီး ၂ရ ဇန်နဝါရီ ၁၅ နေ့တွင် မရမ်းကုန်းမြို့နယ်တရားရုံးမှ အမိန့်ချမှတ်သည်။ ဧပြီလ ၁၇၊ ၂၀၁၆ နေ့တွင် နိုင်ငံတော်သမ္မတသစ်ဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်။

 

 

 

Kyaw Shwe (prome)ကျော်ဆွေ (ဘ) ဦးဘရင်

တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ပီအာစနစ်ဆန့်ကျင်မှု၊ လယ်ယာမြေကိစ္စ၊ မြစ်ဆုံစီမံကိန်းကိစ္စတို့အတွက် တက်ကြွစွာဆောင်ရွက်ခဲ့သဖြင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈၊ ၁၉ တို့ဖြင့် တရားစွဲဆိုခံခဲ့ရပြီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ဝ လချမှတ်ခံရကာ ပြည်အကျဉ်းထောင်တွင်ဖမ်းဆီးချုပ်နှောင်ခံထားရသည်။ ၁၃ နိုဝင်ဘာ ၂၀၁၅ နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ ဧပြီလ ၁၇၊ ၂၀၁၆ နေ့တွင် နိုင်ငံတော်သမ္မတသစ်ဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွတ်မြောက်။

 

 

Than Than Maw and sonသန်းသန်းမော် (ဘ) ဦးကျော်လှိုင်

ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများ အင်အားစုမှ …ကိုထင်ကျော်၏ဇနီးဖြစ်ပြီး တက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်သည်။ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ ဖြင့်ကျောက်တံတား မြို ့နယ်တရားသူကြီး ဦးကျော်စိုးဝင်းမှ ထောင်ဒဏ်လေးလချမှတ်ခဲ့သည်။ အင်းစိန်အကျဉ်းထောင်တွင် ရင်သွေးငယ်နှင့်အတူ ဖမ်းဆီးချုပ်နှောင်ခံထားရသည်။ ၂၂ ဖေဖော်ဝါရီ ၂၀၁၆ တွင် စတင်ဖမ်းဆီးခံခဲ့ရသည်။ ဧပြီလ ၁၇၊ ၂၀၁၆ နေ့တွင် နိုင်ငံတော်သမ္မတသစ်ဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွတ်မြောက်ခဲ့ပါသည်။

 

 

Pwint Phyu Lattမပွင့်ဖြူလတ် (ဘ)

ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားဆောင်ရွက်နေတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် မပွင့်ဖြူလတ်ကို တရားမဝင်နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃ (၁) နဲ့ ဒီနေ့ ချမ်းအေးသာဇံမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး  ဖေဖော်ဝါရီ ၂ရ ရက်နေ့၌ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသည်။ ၁၉ ဇူလိုင် ၂၀၁၅ နေ့တွင် စတင်ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး မန္တလေးအိုးဘို အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း  ခံနေရကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ မေ ၂၄၊ ၂၀၁၇ နေ့တွင် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကြိုဆိုသည့် လွတ်ငြိမ်းချမ်း                                              သာခွင့်ဖြင့် အိုးဘိုအကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာပါသည်။

 

 

Zaw Zaw Lattဇော်ဇော်လတ် (ဘ)

ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားဆောင်ရွက်နေတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် ဇော်ဇော်လတ်ကို တရားမဝင်နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃ (၁) နဲ့ ဒီနေ့ ချမ်းအေးသာဇံမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး  ဖေဖော်ဝါရီ ၂ရ ရက်နေ့၌ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသည်။ ၁၄ ဇူလိုင် ၂၀၁၅ နေ့တွင် စတင်ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး မန္တလေးအိုးဘို အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း  ခံနေရကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။  မေ ၂၄၊ ၂၀၁၇ နေ့တွင် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကြိုဆိုသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အိုးဘိုအကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာပါသည်။

 

 

snapshot1ဇော်ဝင်းဗိုလ် (ဘ)

ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားဆောင်ရွက်နေတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် ဇော်ဝင်းဗိုလ်ကို တရားမဝင်နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃ (၁) နဲ့ ဒီနေ့ ချမ်းအေးသာဇံမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး  ဖေဖော်ဝါရီ ၂ရ ရက်နေ့၌ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသည်။ ၁၄ ဇူလိုင် ၂၀၁၅ နေ့တွင် စတင်ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး မန္တလေးအိုးဘို အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း  ခံနေရကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ ဧပြီလ ၁၇၊ ၂၀၁၆ နေ့တွင် နိုင်ငံတော်သမ္မတသစ်ဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်အိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်။

 

 

YE Yint Paing Hmuuရဲရင့်ပိုင်မှူးး (ဘ) ဦးအောင်ဝင်း

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှု၁၄၃တို့နဲ့ အမရပူမြို့နယ် တရားရုံးက ထောင်ဒဏ် ၆လ အမိန့်ချ ခဲ့သည်။ လက်ရှိတွင်လည်း တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး ဒီဇင်ဘာလ ၂၅၊ ၂၀၁၅ နေ့တွင့် ဖမ်းဆီးခံခဲ့ရကာ မန္တလေးအိုးဘိုထောင်တွင် ချုပ်နှောင်ခံနေရသည်။ ဧပြီလ ၁၇၊ ၂၀၁၆ နေ့တွင် နိုင်ငံတော်သမ္မတသစ်ဦးထင်ေ                                               ကျာ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်အိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်။

 

myo thu htutမျိုးသူထွဋ် (ဘ) ဦးကျော်ဝင်း

တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး လယ်ယာမြေကိစ္စ အတွက် တက်ကြွစွာဆောင်ရွက်ခဲ့သဖြင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈၊ ၁၉ တို့ဖြင့် တရားစွဲဆိုခံခဲ့ရပြီး အလုပ်ကြမ်းနှင့်ထောင်ဒဏ်၄ လချမှတ်ခံရကာ ပြည်အကျဉ်းထောင်တွင်ဖမ်းဆီးချုပ်နှောင်ခံထားရသည်။ ၁၉ ဒီဇင်ဘာ ၂၀၁၅ နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ ၈ ဧပြီလ ၂၀၁၆ နေ့တွင် လွတ်ရက်စေ့ဖြင့်ပြန်လည်လွတ်မြောက်လာပါသည်။