ရှစ်စက္ကန့်ငြိမ် (စွန့်လွှတ်သူတို့ရဲ့ ရာဇဝင်)

8 seconds

၁၉၈၈ နောက်ပိုင်း ဒီမိုကရေစီအရေးအတွက် လှုပ်ရှားရင်း ကျဆုံးသွားသူများကို ၁၉၈၈ ခုနှစ်၊ ၈လပိုင်း ၈ရက်နေ့ ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှုကို အသိအမှတ် ပြုခြင်းအားဖြင့် ရှစ်စက္ကန့်ငြိမ်သက်ခြင်းဖြင့် အမှတ်တရ ဂုဏ်ပြုလေ့ရှိသည်။
ကျေးဇူးတင်လွှာ
အကျဉ်းကျစဉ်ကာလအတွင်း ကျဆုံးသွားသော ဒီမိုကရေစီရေး လှုပ်ရှားခဲ့သူ နိုင်ငံရေးအကျဉ်းသားများကို ကျွန်ုပ်တို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ” ရှစ်စက္ကန့်ငြိမ်” ဤစာအုပ်ဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ထိုပုဂ္ဂိုလ်များသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး မြန်မာ့လွတ်မြောက်ရေးသမိုင်းတွင် ရဲဝံ့ပြောင်မြောက်စါာ စွန့်လွှတ်ပေးဆပ်ခဲ့ကြသော ခေတ်သစ်အာဇာနည်များပင်ဖြစ်ကြပါသည်။
ထို့ကြောင့် ဤအစီရင်ခံစာအတွက် သတင်းအချက်အလက်များ မျှဝေပေးခဲ့ပြီး ဖြစ်ရပ်မှန်အခြေအနေများကို ရဲရင့်စွာ ဖော်ထုတ်ပြောကြားပေးကြသော နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ထိုနည်းတူစွာ သတင်းအချက်အလက် စုဆောင်းပေးခြင်း၊ ဘာသာပြန်ပေးခြင်း၊ အစီရင်ခံစာရေးသားပေးခြင်းနှင့် တည်းဖြတ်ခြင်း လုပ်ငန်းအဆင့်ဆင့်တွင် စိတ်ရော ကိုယ်ပါ ပါဝင်ကူညီအားဖြည့်ပေးခဲ့သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ရုံးလုပ်ငန်းအဖွဲ့နှင့် အဖွဲ့ဝင်များအား ကျွန်ုပ်တို့အနေဖြင့် ကျေးဇူးတင် ဂုဏ်ပြုပါသည်။
ထို့အပြင် ဤအစီရင်ခံစာအား ပိုမို၍ တိကျခိုင်မာစေရန် အားဖြည့်အကြံပြု တည်းဖြတ်ကူညီပံ့ပိုးပေးခဲ့ကြသော အိုင်ယာလန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူများအဖွဲ့ (Burma Action Irealand) အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူများအဖွဲ့ (US Campaign for Burma) မှ ရုံးလုပ်ငန်းအဖွဲ့နှင့် အဖွဲ့ဝင်များ၊ နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ရောက်ရှိအောင် ဖြန့်ချီပေးသော အင်္ဂလန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှား ဆောင်ရွက်သူများအဖွဲ့ (Burma Campaign UK) နှင့် သုတေသနလုပ်ငန်းများ ပြုလုပ်ရန် လိုအပ်သည့် အထောက်အပံ့ပစ္စည်းများ ဖြည့်ဆည်းပံ့ပိုးပေးသော အမျိုးသားဒီမိုကရေစီရေးရာ ရံပုံငွေအဖွဲ့ (National Endowment for Democracy) တို့အား အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်း တင်ပါသည်။

အပြည့်အစုံဖတ်ရန် 8_Seconds_burmese