မူရတ်ကျင့်ဝတ်စည်းမျဉ်း မြန်မာဘာသာဖြင့်ထုတ်ပြန်ခြင်း

Institute for International Criminal Investigations (www.iici.global)အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် မူရတ်ကျင့်ဝတ်စည်းမျဉ်း (စနစ်တကျကျူးလွန်သည့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အချက်အလက်များ ကောက်ယူခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ နိုင်ငံတကာ ကျင့်ဝတ်စည်းမျဉ်းများ) ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီးဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာလိုပါသည်။ မြန်မာဘာသာ ပြန်ဆိုချက် အပါအဝင် အခြားဘာသာပြန်ဆိုချက်များကိုလည်း  မူရတ်ကျင့်ဝတ်စည်းမျဉ်း  စီမံကိန်း/ ဝက်ဘ်ဆိုက် www.muradcode.com/murad-code တွင် ဝင်ရောက်ကြည့်ရှု ရယူနိုင်ပါသည်။ နောက်လာမည့် ၃ နှစ်တာကာလအတွင်း မူရတ်ကျင့်ဝတ်စည်းမျဉ်းကို အခြားသော ဘာသာများသို့ ပြန်ဆိုရန် စီစဉ်လျက်ရှိပါ သည်။

ဤမူရတ်ကျင့်ဝတ်စည်းမျဉ်း စီမံကိန်း ဝက်ဘ်ဆိုက်ပေါ်တင်ထားသည့် မြန်မာဘာသာပြန်ဆိုချက်သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဘာသာပြန်ဆိုချက်အပေါ် အခြေခံထား ခြင်းဖြစ်သည့်အတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းကို အထူးကျေးဇူးတင်ရှိ ပါသည်။ ၎င်းတို့၏ ဘာသာပြန်များနှင့် ဘာသာပြန်မှုအပေါ် ပြန်လည်အကဲဖြတ်သုံးသပ်သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ အကယ်၍ မြန်မာဘာသာ (သို့မဟုတ် အခြားသောဘာသာ) ဖြင့်ရေးသားထားသည့် မူရတ်ကျင့်ဝတ်စည်းမျဉ်းကို လေ့လာဖတ်ရှုသူများအနေနှင့် အမှားအယွင်းများ သို့မဟုတ် အခြားသော ဘာသာပြန်မှုဆိုင်ရာ ပြဿနာများကို တွေ့ရှိခဲ့လျှင် info@muradcode.com သို့ (တတ်နိုင်ပါက အင်္ဂလိပ်ဘာသာဖြင့်) email ပို့ဆောင်၍ ယခုထက်ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်မည့် အကြံပြုချက်များပေးအပ်နိုင်ပါသည်။

ကျေးဇူးပြု၍ ဤမြန်မာဘာသာပြန်ဆိုချက်ကို သင်၏ လုပ်ဖော်ကိုင်ဖက်များနှင့် အဆက်အသွယ်များအား အသိပေးပြောကြားပေးပါရန် မေတ္တာရပ်ခံပါသည်။

Institute for International Criminal Investigations
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

xxxxxxx

မူရတ်ကျင့်ဝတ်စည်းမျဉ်း

ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်စဉ်က ရရှိခဲ့သည့် တန်ဖိုးမဖြတ်နိုင်သော ဆွေးနွေးတင်ပြချက်များနှင့် အကြံပြုချက် မြောက်များစွာအပေါ် အခြေခံ၍ မူရတ်ကျင့်ဝတ်စည်းမျဉ်း (Murad Code) မူကြမ်းကို နှံ့စပ်သေချာစွာ ပြန်လည်စိစစ် သုံးသပ်မှုများနှင့် ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ပြင်ဆင်ချက်မူကြမ်းများ နှင့်ပတ်သက်၍ လွတ်မြောက်လာသူများနှင့် အခြားကျွမ်းကျင် ပညာရှင်များထံမှ စာဖြင့်ရေးသားထားသည့် ပြန်လည်စိစစ် သုံးသပ်ချက်များကို ရယူခြင်းဖြင့်လည်းကောင်း၊ ၎င်းတို့နှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် လည်းကောင်း အဆိုပါ ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ရလဒ်အနေဖြင့် “လက်တွေ့ကျင့်သုံးနိုင်သော” မူရတ်ကျင့်ဝတ်စည်းမျဉ်း (Murad Code) ထွက်ပေါ်လာခဲ့ပြီး ၎င်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလ၊ (၁၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ခုနှစ်၊ ဇွန်လတွင် ထွက်ရှိခဲ့သော မူရတ်ကျင့်ဝတ်စည်းမျဉ်းမူကြမ်း ကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ထို့ပြင် ၂၀၂၀၊ ဇွန်လမှစ၍ လက်ခံရရှိခဲ့သော အဆိုပါမူကြမ်းအပေါ် သုံးသပ်အကြံပြုချက်အကျဉ်းချုပ်နှင့် အကြံပြုချက်အပြည့်အစုံ တို့ကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

“လက်တွေ့ကျင့်သုံးနိုင်သည့်” မူရတ်ကျင့်ဝတ်စည်းမျဉ်း (“စနစ်တကျကျူးလွန်သည့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အချက်အလက်များ ကောက်ယူခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ နိုင်ငံတကာ ကျင့်ဝတ်စည်းမျဉ်းများ (SCRSV)” မြန်မာဘာသာကို အောက်တွင်ဖော်ပြထားပါသည်။ ဤကျင့်ဝတ် စည်းမျဉ်းသည် မွမ်းမံဆဲ စာတမ်းတစ်ခုဖြစ်ပြီး SCRSV နှင့်ပတ်သက်သော အချက်အလက်များကို လုံခြုံမှု၊ ထိရောက်မှုနှင့် ကျင့်ဝတ်နှင့်ကိုက်ညီမှုရှိစွာ ရယူစုဆောင်းခြင်းနှင့် ပတ်သက်သည့် အနိမ့်ဆုံးစံနှုန်းများကို အမြဲထင်ဟပ်မှု ရှိစေရန် ပုံမှန်ပြန်လည် စိစစ်သုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

မူရတ်ကျင့်ဝတ်စည်းမျဉ်း အာရပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ စပိန်ဘာသာ ဘာသာပြန်ဆိုချက်များကိုလည်း https://www.muradcode.com/ဝဘ်ဆိုဒ်စာမျက်နှာ အပေါ်ဆုံးရှိ drop-down menu တွင်ဖော်ပြထားသည့် ဘာသာပြန်စာတမ်းများ စာရင်းတွင် ရယူနိုင်ပါသည်။

မူရတ်ကျင့်ဝတ် မြန်မာဘာသာ အပြည်အစုံကို ဒေါင်းလုပ်ရယူပါ။ 

PDF ဖိုင်ဒေါင်းလုပ်ရန်။   ။ 220413 Murad Code BURMESE 4April2023

Microsoft Word ဖိုင်ဒေါင်းလုပ်ရန်။    ။ 220413 Murad Code BURMESE 4April2023