နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ အကျဉ်းထောင်တွင်း၌ ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း

၂၇ ဇူလိုင် ၂၀၂၂

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ (၄) ဦးကို တရားလက်လွတ် သတ်ဖြတ်ခဲ့ပြီး တိကျသောထုတ်ပြန်မှုမျိုး မရှိခဲ့ပါ။
အကျဉ်းထောင်လက်စွဲဥပဒေအရဆိုလျှင် ဥပဒေပုဒ်မ ၁၀၂၇ အရ သေဒဏ်ကွပ်မျက်ခံရသူများအား မီးသဂြိုဟ်ခွင့်မရှိဘဲ သင်္ချိုင်းမြေနေရာများတွင် မှတ်တိုင်စိုက်ထူ၍ သေဆုံးသူ၏ အမည်၊ နေရပ်လိပ်စာနှင့် သေဆုံးသည့် နေ့ရက်တို့ကို ရေးသားဖော်ပြ၍ မြှုပ်နှံရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန်ပျက်ကွက်ခြင်းသည် လူသတ်အလောင်းဖျောက်ခြင်းမြောက်ပေသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အချက်အလက်မှတ်တမ်းပြုချက်အရ စစ်ခုံရုံးမှ သေဒဏ်ချမှတ်ခံထားရသည့် အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦးမှာ ကလေးသူငယ်တရားရုံး၌ ပြန်လည်၍အမှုရင်ဆိုင်နေဆဲဖြစ်သည်ဟု စုံစမ်းသိရှိရသဖြင့် သေဒဏ်စာရင်းမှ အမှုရင်ဆိုင်ဆဲစာရင်းသို့ ပြောင်းရွှေ့ထားပါသည်။ ထို့အပြင် သေဒဏ်ချမှတ်ခံထားရသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ သေဒဏ်ပြစ်ဒဏ်ကို အယူခံဝင်နိုင်ခဲ့သည့်အတွက် သေဒဏ်စာရင်းမှ ထောင်ဒဏ်တစ်သက်အဖြစ် ပြစ်ဒဏ်ကို ပြင်ဆင်ထားသည်။
ဇူလိုင်လ ၂၈ရက်၊ ၂၀၂၂ ခုနှစ်တွင် သေဒဏ်ချမှတ်ခံရသူ (၄) ဦး၏ အချက်အလက်များကို ထပ်မံအတည်ပြုနိုင်ခဲ့သည့်အတွက် နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၇၆) ဦးရှိပြီဖြစ်သည်။ ထိုသူတို့သည်လည်း ထပ်မံ၍ တရားလက်လွတ်သတ်ဖြတ်ခံရမည့် အလားအလာများရှိနေသည်။
သေဒဏ်ချမှတ်ခံထားရပြီး ထိန်းသိမ်းခံနေရသူများ စာရင်းကို အောက်ဖော်ပြပါလင့်တွင် ကြည့်ရှုနိုင်ပါသည်။

Death Penalty in Detention – https://bit.ly/3BmDPO0

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း