၆ရ နှစ်ပြည့် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ပူးတွဲကြေညာချက်

joint Bur

ရက်စွဲ။  ။ ဇန်နဝါရီလ ၄ ရက်၊ ၂၀၁၅ ခုနှစ်

၁။ ယနေ့ (၄၊ ၁၊ ၂၀၁၄) သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ၆ရ နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့ ပင်ဖြစ် သည်။ သို့သော်လည်း မြန်မာပြည်သူလူထုကြီးမှာ လွတ်လပ်ရေး၏ အနှစ်သာရကို တင်းပြည့် ကြပ်ပြည့် မခံစားရဘဲ အခြေခံလူ့အခွင့်အရေးများ၊ ဘဝလုံခြုံရေးများ ပျောက်ဆုံးနေဆဲပင်ဖြစ်ပေသည်။

၂။ လွတ်လပ်ရေးရရှိပြီး ဆယ်စုနှစ် ရ ခုနီးပါးကြာမြင့်လာသည့်တိုင် ပြည်သူလူထုမှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်၊ လုံခြုံအေးချမ်းစွာနေထိုင်နိုင်ခွင်၊့ တိုင်းပြည်နှင့်လူမျိုးတို့ အကျိုးစီးပွားအတွက် တိုးတက်ကြီးပွားရေးအတွက် တွေးတောကြံဆ လုပ်ကိုင်နိုင်ခွင့်များ ဆိတ်သုန်းလျှက်ပင်ရှိနေပေသည်။

၃။ ယနေ့ကာလတွင် ပြည်သူလူထုအနေဖြင့် လယ်ယာမြေသိမ်းဆည်းခံရမှုများ၊ အလုပ်သမားထု အခွင့်အရေး များ၊ ကျောင်းသားထုအခွင့်အရေးများစသည့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများ၊ စားဝတ်နေရေး ပြဿနာ များ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြဿနာများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြဿနာများ၊ တရားဥပဒေစိုးမိုးရေး ပြဿနာများနှင့် နေ့တဓူဝ ရင်ဆိုင်ဖြတ်သန်း နေရပေသည်။

၄။ ထို့အပြင် မိမိရပိုင်ခွင်၊့ နိုင်ငံသားတယောက်၏ ဆုံးရှုံးခံနေမှုများအပေါ် တောင်းဆို ဆန္ဒဖေါ်ထုတ်သူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုလည်း ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ထောင်ချခြင်း များအပြင် အသက် သေသည် အထိ အရေးယူနေမှုများသည် ယနေ့ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများအပေါ်တွင် ကြီးစွာသော အတားအဆီးများပင် ဖြစ်နေပေသည်။

၅။ ထိုသို့သော မတရားဖိနှိပ်မှုများ၊ ဖမ်းဆီးထောင်ချမှုများကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ရှိနေဆဲပင်ဖြစ်သည်။ ယနေ့ကာလတွင် မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ( ၁၆၄ ) ဦးကျန်ရှိနေသေးပြီး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ( ၂၀၃ ) ဦးမှာ တရားရင်ဆိုင်နေကြရသည်။ ထို့အတူ လက်ရှိ အစိုးရနှင့် အမြင်မတူ၍သော်၎င်း၊ အခြေခံလူ့အခွင့်အရေးနှင့် မိမိတို့၏ ရပိုင်ခွင့်များအတွက် ဆန္ဒထုတ်ဖေါ် တောင်းဆိုသူများအနေဖြင့် တရားစွဲခံနေရမှုများ၊ ဖမ်းဆီးထောင်ချခံရမှု အရေအတွက်မှာလည်း တနေ့တခြား များပြားလာလျှက်ရှိနေသည်။

၆။ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားရှိနေသရွှေ့ စစ်မှန်သော အမျိုးသားပြန်လည် သင့်မြတ်ရေး မရနိုင်ဟု လေးလေးနက်နက်ယုံကြည်ပါသည်။

၇။ သို့ဖြစ်၍ လက်ရှိအစိုးရအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ဆောင်ရွက်နေသည်ဟု စဉ်ဆက်မပြတ် ကြွေးကြော်နေရာတွင် လက်တွေ့တွင်လည်း အားတက်သရော ဖေါ်ဆောင်ရန်အတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေး ရန်နှင့် နိုင်ငံရေးအရ တရားရင်ဆိုင်နေရသော အမှုများအား ရုတ်သိမ်းပေးပြီး နစ်နာမှုများကို ကုစားပေးခြင်းအား ဖြင့် စိတ်ကောင်း စေတနာကောင်းများကို ပြသပေးပါရန် လေးနက်စွာ တိုက်တွန်းလိုက်ပါသည်။

၈။ မိမိတို့ နှစ်ဖွဲ့အနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အစိုးရအပါအဝင် နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အပြုသဘော ဝေဖန်ထောက်ပြမှုများလည်း ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည်။

၉။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက် အစဉ်တစိုက် ထောက်ခံကူညီခဲ့သော နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း မြန်မာပြည် သူတရပ်လုံးကိုယ်စား မိမိတို့ နှစ်ဖွဲ့မှ အထူးကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်၍ ထောက်ခံ အားပေးကူညီ ဆောင်ရွက်သွားပါရန်လည်း တိုက်တွန်းအပ်ပါသည်။

 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့

ဆက်သွယ်မေးမြန်းရန်

ကိုသက်ဦး      +၉၅(၀)၉ ၇၃၁ဝ ၇၉၃၃

ကိုတင်မောင်ဦး +၉၅ (၀) ၉၅၅၀၁၄၂၉

ကိုအောင်မျိုးကျော် +၉၅ (၀) ၉၄၂၈၁၁ ၇၃၄၈

ဒေါင်းလော့ရယူနိုင်ရန်Statement on 67th Independence day (Burmese)