နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလှမျိုးနောင် ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ

AAPP New Letterhead

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလှမျိုးနောင် ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ

hla myo naung

၂၈၊ နိုဝင်ဘာလ၊ ၂၀၁၄ ခုနှစ်

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ကိုလှမျိုးနောင် (၄၆ နှစ်) သည် ၂၈၊ နိုဝင်ဘာလ၊ ၂၀၁၄ ခုနှစ် (သောကြာနေ့) နံနက် ၈ နာရီ ၄၅ မိနစ်တွင် သင်္ကန်းကျွန်းမြို့နယ်၊ စံပြဆေးရုံတွင် ကွန်လွန်သွားကြောင်းသိရှိရသည့်အတွက် မိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ကိုလှမျိုးနောင်သည် ဥပဒေကျောင်းသားတဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် မတ်လ အရေးတော်ပုံ ကာလကတည်းက ဦးဆောင်သူတဦးအနေဖြင့် ပါဝင်လာခဲ့သည်။ မကဒ အဖွဲ့၏ ခေါင်းဆောင်တဦးလည်းဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် လက်နက်ကိုင်ဒေသသို့ တောခိုခဲ့သည့် ကျောင်းသားတဦးလည်းဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ပြန်လည်ဝင်ရောက်လာခဲ့သူဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး အင်းစိန်ထောင်၊ သရက်ထောင်တို့တွင်အကျဉ်းကျခံခဲ့ရသည်။ ၁၉၉ရ ခုတွင် ဖွဲ့စည်းခဲ့သော ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့သူလည်းဖြစ်သည်။

ဒီမိုကရေစီတိုက်ပွဲတလျှောက် စဉ်ဆက်မပြတ် တိုက်ပွဲဝင်ခဲ့သူတဦးဖြစ်သည့် ကိုလှမျိုးနောင် ကွယ်လွန်ခဲ့ရခြင်းသည် ဒီမိုကရေစီတိုက်ပွဲအတွက် ကြီးမားသော ဆုံးရှုံးမှုတခုပင်ဖြစ်သည်ဟု မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ယုံကြည်ပါသည်။

ထို့ကြောင့် ကိုလှမျိုးနောင်၏ တိုင်းပြည်အကျိုးဆောင်ရွက်မှုများ၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်မှုများကို မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဂုဏ်ပြုမှတ်တမ်းတင်ရင်း ကိုလှမျိုးနောင် ကွယ်လွန်ခြင်းအတွက် ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ကိုလှမျိုးနောင် ကောင်းရာသုကတိလားပါစေ

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

၂၈၊ နိုဝင်ဘာလ၊ ၂၀၁၄ ခုနှစ်