စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မတ်လ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် အမျိုးသမီးများ၊ ကျောင်းသား၊ လူငယ်များ၊ အရပ်သားများအပါအဝင် စုစုပေါင်း (၁၃) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ယနေ့ ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၂၃) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိ သည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၄၄၆) ဦးရှိခဲ့ပြီး ယနေ့အထိ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူစုစုပေါင်း (၄၅၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မတ်လ ၂၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၂၅၅၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၁၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယမန်နေ့ (မတ်လ ၂၇) က အာဏာသိမ်းစစ်အုပ်စုသည် လက်နက်မဲ့ပြည်သူများအား ရက်စက်စွာ ပစ်သတ်မှုများ ကျူးလွန်ခဲ့ ၍ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ တစ်ရာကျော်ကျဆုံးခဲ့ပြီးနောက် ညအချိန်၌လည်း မြို့နယ်တချို့၌ ဆက်လက်၍ အလွန်အမင်း ဆိုးရွားသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်။
ယမန်နေ့ညအချိန်ထိတိုင်အောင် ရန်ကုန်တိုင်း သာကေတမြို့နယ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မန္တလေးတိုင်း မန္တလေးမြို့၊ မိုးကုတ်မြို့၊ ဧရာဝတီတိုင်း ပုသိမ်မြို့၊ နေပြည်တော် တပ်ကုန်းမြို့တို့၌ အခြေအနေများ အလွန်ဆိုးရွားခဲ့ပြီး ပစ်ခတ်ဖြိုခွင်းမှု နှင့် အကြောင်းမဲ့ ဖြိုခွင်းခဲ့မှုတို့ကြောင့် အရပ်သားပြည်သူ (၅) ဦးထက်မနည်း ကျဆုံးခဲ့ရပြီး (၁၃) ဦးကျော် ထပ်မံ ဒဏ်ရရာရှိခဲ့သည်။ ယမန်နေ့ညကကျဆုံးခဲ့သူများအနက် မန္တလေးမြို့မှ အမျိုးသား (၁) ဦးမှာ အလွန်ဆိုးရွားစွာ ကျဆုံးခဲ့ရ သည်။ အဆိုပါ အမျိုးသားသည် ညကင်းစောင့်နေစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဒဏ်ရာရရှိထားသည်ကို ဆွဲသွား ကာ မီးရှို့ထားသော တာယာကွင်းများအတွင်းသို့ပစ်သွင်း၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလုပ်ရပ်မှာ အလွန်အမင်း ထိတ်လန့်ဖွယ်ရာဖြစ်ပြီး စစ်အုပ်စု၏ နည်းပရိယာယ်များအနက် ပြည်သူများ အကြောက်တရားများ စိမ့်ဝင်လာစေရန် ဖန်တီးလာခြင်းဖြစ်သည်။ ထို့ပြင် မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၌လည်း မီးကွင်းပစ်သွားသောကြောင့် အိမ်ခြေ ၆ဝ ခန့်ဆုံးရှုံးသွားခဲ့သည်။ အနီးအနားရှိ ရပ်ကွက်များမှ ပြည်သူများ မီးဝိုင်းငြိမ်း သည်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ကူညီခွင့်မရခဲ့ပါ။
ယနေ့ (မတ်လ ၂၈) ရက်နေ့၌လည်း စစ်အင်အားအလုံးအရင်းဖြင့် ရန်ကုန်တိုင်း ကျောက်မြောင်း၊ သာကေတ၊ လှိုင် နှင့် တောင်ဒဂုံ မြို့နယ်များ၊ စစ်ကိုင်းတိုင်း မုံရွာမြို့ နှင့် ကလေးမြို့၊ မန္တလေးတိုင်း မြင်းခြံမြို့၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့် ဖားကန့်မြို့တို့ကို ပစ်ခတ်ဖြိုခွင်းခဲ့၍ အမျိုးသမီး (၄) ဦးအပါအဝင် (၉) ဦး ကျဆုံးခဲ့ သည်ဟု ကနဦးသိရှိရပြီး ဒဏ်ရာရရှိသူ အများအပြား နှင့် ဖမ်းဆီးခြင်းခံရသူများလည်းရှိကြောင်း သိရှိရသည်။
ထို့ပြင် အာဏာသိမ်းစစ်အုပ်စုသည် မြို့ပြများ၌ စစ်ဆင်ရေးများသဖွယ် လက်ပစ်ဗုံးများအား စတင်အသုံးပြုလာသည်ကို တွေ့ရှိရသည်။ စစ်မြေပြင်လည်းမဟုတ်ဘဲ ကျည်အစစ်များသာမက စက်သေနတ်များ၊ လက်ပစ်ဗုံးများဖြင့် စစ်ဆင်ရေး တစ်ရပ်ပမာ ပြည်သူများကို နိုင်လိုမင်းထက် ရန်သူများသဖွယ် ရက်ရက်စက်စက် နှိမ်နှင်းလျက်ရှိခြင်းသည် ၎င်းတို့၏ ယုတ်မာ ရက်စက်မှုများကို ထပ်လောင်း ဖော်ပြခြင်းဖြစ်သည်။ ယမန်နေ့က ရန်ကုန်တိုင်း တာမွေမြို့နယ် ကျောက်မြောင်း၌ အကြမ်းဖက်စစ်အုပ်စုမှ လိုက်လံပစ်ခတ်စဉ် တိုက်အတွင်းပိတ်မိနေသည့် လူငယ် (၁) ဦးထံသို့ လက်ပစ်ဗုံးဖြင့် ပစ်သွင်းခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ လူငယ်မှာ ကျဆုံးသွားခဲ့သည်။ စစ်အုပ်စုသည် ပြည်သူများက ထိုလုပ်ရပ်ကို ကျူးလွန် သည်ဟု စွပ်စွဲကာ  ပနျးခြီဆရာ (၁) ဦးကို ရကျရကျစကျစကျ အကွမျးဖကျ ရိုကျနှကျဖမျးဆီးခဲ့သည်။ ထို့အပြင် ယနေ့ (မတ်လ ၂၈) ရက်နေ့၌လည်း လှိုင်မြို့နယ်၌လည်း လက်ပစ်ဗုံး ပစ်ဖောက်ဖြိုခွင်းခဲ့၍ အမျိုးသား (၁) ဦး ဘယျဘကျလကျကောကျဝတျ ပွတျသှားပွီး အခြားအမျိုးသား (၁) ဦးလည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့​ကြောင်းသိရှိရသည်။
နိုင်ငံတကာ၌ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများ၊ အမျိုးသမီး နှင့် ကလေးများကို အထူး ကာကွယ် စောင့်ရှောက်ရမည်ဟု သတ်မှတ်ထားသည်။ သို့သော်လည်း အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုသည် မည်သည့်သတ်မှတ်ချက်ကိုမျှ အလေးမထားဘဲ ဝင်ရောက် စီးနင်းခဲ့ကြသည်။ ယနေ့၌လည်း ဆန္ဒပြလူငယ်များ ဝင်ပြေးခဲ့ သည့် အာရှတောျဝငျဆေးရုံအတွင်းထိပါ လိုက်လံပစ်ခတ်ခဲ့သောကြောင့် ဆေးရုံဝန်ထမ်း (၁) ဦး ဒဏ်ရာရရှိခဲ့ပြီး လူနာများ အထိတ်တလန့် ဖြစ်ခဲ့ရသည်။ မတ်လ ၂ရရက်နေ့တွင် ကျဆုံးခဲ့ရသည့် သူရဲကောင်းရဲဘော်များ၏ ရုပ်အလောင်းများအား စစ်အုပ်စုမှ လိုက်လံလုယူကြပြီး မိသားစုအား ဈာပနအခမ်းအနား ကျင်းပခွင့် မပြုဘဲ မိသားစုဝင်နှင့် သံဃာတော်ငါးပါးသာလိုက်ပါခွင့်ပြုခဲ့ခြင်းများကို လူမဆန်စွာပြုမူခဲ့ကြသည်။ ထို့ကြောင့် အချို့ရဲဘော်များ၏ဈာပနကို စစ်အုပ်စုမှ ရုပ်အလောင်းအား လာရောက်လုမယူနိုင်ရန်အတွက် အလျင်အမြန်သဂြိုလ်ခဲ့ရခြင်း များလည်း ရှိခဲ့ပါသည်။
၎င်းတို့၏ ဖျက်ဆီးမှုများ၊ လုယက်ယူငင်ခြင်းများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိပြီး ယမန်နေ့ နှင့် ယနေ့နံနက်ပိုင်းတို့က ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် နှင့် သာကေတမြို့နယ်တို့၌ ကားအစီးရေ ၂ဝ ကျော်ကို စိတ်ကြိုက်ရိုက်ခွဲဖျက်ဆီးသွားခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်၌လည်း ဆိုင်တစ်ဆိုင်ကို ဖောက်ထွင်း၍ စားသောက်ဖွယ်ရာများကို ယူဆောင်သွားခဲ့သည်။
တိုင်းရင်းသားဒေသများ၌မူ အာဏာသိမ်းစစ်တပ် နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန် လျက်ရှိသောကြောင့် တိုင်းရင်းသားအများအပြား စစ်ဘေးရှောင်နေကြရသည်။ ယမန်နေ့ညအချိန်၌ ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၅ ၏ ဌာနချုပ်ကို လေယာဉ် နှစ်စင်း ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့​၍ အဆိုပါနယ်မြေအတွင်း နေထိုင်ကြ သော ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး (၃) ဦးသေဆုံးကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်ဟု သိရှိရသည်။
စစ်အာဏာရှင်ကို အမြစ်ဖြတ်မချေမှုန်းနိုင်သရွေ့ မြန်မာပြည်တွင်း စစ်အာဏာရှင်ကျဆုံးရေး မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲ အတွင်း၌ အသက်ပေါင်းများစွာ စတေးကြရဦးမည်ဖြစ်သည်။ ထို့ကြောင့် လက်ရှိအခြေအနေများအရ လက်နက်မဲ့ အရပ်သားပြည်သူများမှာ အထူးကာကွယ်စောင့်ရှောက်ရန် လိုအပ်လျက်ရှိသော်လည်း အကာအကွယ်များမရရှိဘဲ နေ့စဉ်နှင့် အမျှ အမျိုးမျိုးသော ခြိမ်းခြောက်မှုများကိုသာ ရင်ဆိုင်နေကြရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_urma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဖမ်းဆီးထိန်းသိမ်းထားသူများစာရင်းဒေါင်းလော့ရယူရန် Total Detention, Charge Lists_Burmese (Last Updated on 28 March 2021)_MP final
ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန်Fatality List for March 28 (Final)

ပြန်လည်လွတ်မြောက်လာသူများစာရင်းTotal Released Eglish (Last Updated on 28 March 2021)_MP