စစ္အာဏာသိမ္းၿပီးေနာက္ လတ္တေလာျဖစ္ေပၚလ်က္ရွိေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေန႔စဥ္ထုတ္ျပန္ခ်က္ အက်ဥ္းခ်ဳပ္

ရက္စြဲ ေဖေဖာ္ဝါရီလ ၂၁ ရက္၊ ၂၀၂၁ ခုႏွစ္
တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသား လက္နက္ကိုင္ ၁၀ ဖြဲ႕က ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔တြင္ ျပည္သူ႔ဝန္ထမ္းမ်ား လုပ္ငန္းခြင္မဝင္ဘဲ အာဏာဖီဆန္ေသာလႈပ္ရွားမႈ(CDM)ကို ေထာက္ခံေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။ ၎ေၾကညာခ်က္မွာ အဆိုပါအဖြဲ႕မ်ား၏ ဒီမိုကေရစီေရးႏွင့္ပတ္သက္၍ သိသာထင္ရွားသည့္ ေျခလွမ္းတစ္ခုျဖစ္ၿပီး ဒီမိုကေရစီအား ေထာက္ခံသည့္ လုပ္ရပ္ျဖစ္သည့္အေလ်ာက္ ျမန္မာျပည္အႏွံ႔ မတူညီေသာအစုအဖြဲ႕မ်ား၏ အာဏာရွင္စနစ္ကို ဆန႔္က်င္ေရးကိုလည္း ေထာက္ခံေၾကာင္းျပသျခင္း ျဖစ္သည္။ ထို႔ျပင္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ(CRPH)မွလည္း စစ္တပ္ႏွင့္ရဲမ်ားက ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ေနၾကေသာ ျပည္သူလူထုကို က်ည္အစစ္မ်ားျဖင့္ ပစ္ခတ္ျခင္း၊ လက္နက္မဲ့ျပည္သူမ်ားအား စစ္ပြဲတြင္းရွိ ရန္သူမ်ားသဖြယ္ပစ္ခတ္ျခင္းကို ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ(CRPH)က ႏိုင္ငံတကာဥပေဒအရ ႏိုင္ငံတကာအသိုက္အဝန္းႏွင့္ပူးေပါင္းကာ တရားမွ်တမႈကို ေဖာ္ေဆာင္သြားမည္ ျဖစ္ေၾကာင္းလည္း ကတိေပးခဲ့သည္။
မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးၿမိဳ႕အတြင္းရွိ ျပည္သူမ်ားကို ပစ္ခတ္၍ အၾကမ္းဖက္ၿဖိဳခြင္းမႈမ်ား ျပဳလုပ္ခဲ့ ၿပီးေနာက္ ညအခ်ိန္တြင္လည္း ဆူပူအုံႂကြေစရန္ ဖန္တီး လႈံ႕ေဆာ္မႈမ်ားကို လုပ္ေဆာင္လ်က္ရွိသည္ကို ေတြ႕ရွိရ သည္။ အာဏာသိမ္းစစ္အုပ္စုအေနျဖင့္ ၿငိမ္းခ်မ္းစြာဆႏၵျပသည့္ ျပည္သူလူထုအေပၚ ႏိုင္ငံတကာ စံႏႈန္းမ်ားထက္ ေက်ာ္လြန္၍ အၾကမ္းဖက္ၿဖိဳခြင္းျခင္း၊ ဆႏၵျပရာတြင္ ပါဝင္သူမ်ားႏွင့္ လူထုစည္း႐ုံးေရးအားေကာင္းသည့္ ပုဂၢိဳလ္မ်ားအား ညအခ်ိန္မေတာ္ ၿခံဝင္းမ်ားဖ်က္ဆီး၍ ဖမ္းဆီးျခင္း၊ အရပ္သားျပည္သူမ်ားအား အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္၍ သတ္ျဖတ္ျခင္း၊ လက္သည္မေပၚသည့္ မီးရႈိ႕ဖ်က္ဆီးျခင္း စသည့္ လူထု မတည္မၿငိမ္ျဖစ္ေစမည့္ လုပ္ရပ္မ်ားကို ရည္႐ြယ္ခ်က္ရွိရွိျဖင့္ လုပ္ကိုင္ေဆာင္႐ြက္လ်က္ရွိသည္။
ယမန္ေန႔ ည ၈ နာရီခြဲအခ်ိန္ခန႔္တြင္ ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕၌ ေသနတ္ျဖင့္ သုံးခ်က္ပစ္ေဖာက္သည့္ အတြက္ ရပ္ကြက္ေနျပည္သူမ်ားက သံပုံးတီးၾကသည့္အခါ တပ္မေတာ္သားတခ်ိဳ႕မွ အိမ္မ်ားကိုဝင္ေရာက္ၿပီး တံခါးမ်ားကို ဖ်က္ဆီးကာ ၿခိမ္းေျခာက္မႈမ်ား လုပ္ေဆာင္သြားခဲ့သည္။ ဧရာဝတီတိုင္းေဒသႀကီး ဖ်ာပုံၿမိဳ႕၊ မြန္ျပည္နယ္ မုဒုံၿမိဳ႕ ႏွင့္ ေမာ္လၿမိဳင္ၿမိဳ႕၊ ပဲခူးတိုင္းေဒသႀကီး မိုးညိဳၿမိဳ႕တို႔တြင္လည္း ယမန႔္ေန႔က မီးေလာင္မႈမ်ား ျဖစ္ပြားခဲ့သည္။
ယမန္ေန႔ ည ၁၁ နာရီေက်ာ္အခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ တဝမ္းပူ ၁၅ရပ္ကြက္ တြင္ လုံၿခဳံေရးအတြက္ ကင္းေစာင့္ေနေသာ ျပည္သူတစ္ဦးသည္ ေသနတ္ျဖင့္အပစ္ခံရ၍ ၎ေနရာတြင္ပင္ ေသဆုံးသြားခဲ့သည္။ ေဒသခံမ်ား၏ ေျပာဆိုခ်က္အရ လုံၿခဳံေရးတပ္ဖြဲ႕ ယာဥ္တစ္စီးေပၚမွ ပစ္ခတ္ျခင္းျဖစ္ၿပီး ေသနတ္သံ ၃ ခ်က္ၾကားရေၾကာင္းႏွင့္ က်ည္ဆန္ခြံ ၃ ခု ရရွိထားသည္ဟု သိရွိရသည္။
ယမန္ေန႔ ညသန္းေခါင္းယံအခ်ိန္တြင္ ထင္ရွားသည့္ သ႐ုပ္ေဆာင္/ဒါ႐ိုက္တာတစ္ဦးျဖစ္ေသာ ဦးလူမင္း၏ ေနအိမ္ကို စစ္တပ္ ႏွင့္ ရဲတပ္ဖြဲ႕မွ လာေရာက္ၿပီး ေနအိမ္ၿခံတံခါးကို ခ်ိဳးဖ်က္၍ အိမ္အတြင္းသို႔ဝင္ေရာက္ကာ ဦးလူမင္းအား ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။ ၎ျပင္ ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕မွ လူငယ္ (၅) ဦးကိုလည္း စစ္တပ္မွ လာေရာက္ ဖမ္းဆီး‌ေခၚေဆာင္သြားခဲ့သည္။ ထို႔ျပင္ မေကြးၿမိဳ႕၊ ဆုံရပ္ကြက္တြင္ေနထိုင္သည့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ဦးကို ယမန႔္ေန႔ ည ၈ နာရီ သံပုံးတီးသည့္အခ်ိန္၌ လာေရာက္ဖမ္းဆီး ေခၚေဆာင္သြားခဲ့သည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ မွတ္တမ္းျပဳခ်က္မ်ားအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔အခ်ိန္ထိ စုစုေပါင္း ဖမ္းဆီး၊တရားစြဲဆို၊ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၆၄၀) ဦးထိရွိခဲ့ၿပီျဖစ္ သည္။ ၎တို႔အနက္မွ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၄) ဦး၊ ဖမ္းဝရမ္းႏွင့္အမႈဖြင့္ျခင္းခံထားရသူ (၃၂) ဦး၊ အမႈဖြင့္ျခင္းခံထားရသူ (၃) ဦး ႏွင့္ ျပန္လည္ လြတ္ေျမာက္လာသူ (၄၇) ဦးရွိခဲ့သည္။ ထို႔ေၾကာင့္ လက္ရွိအခ်ိန္ အထိ (၅၉၃) ဦးမွာ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ လက္ရွိအေျခအေနမ်ားကို ေန႔စဥ္ ေစာင့္ၾကည့္ မွတ္တမ္းတင္သြားမည္ျဖစ္ၿပီး စစ္အာဏာသိမ္းမႈႏွင့္ပတ္သက္၍ ဖမ္းဆီး၊တရားစြဲဆို၊ ျပစ္ဒဏ္ ခ်မွတ္ျခင္းခံထားရသူမ်ား၏ စာရင္းကို ေန႔စဥ္ထုတ္ျပန္သြားမည္ျဖစ္သည္။
အရပ္ဘက္အဖြဲ႕အစည္းမွ ေခါင္းေဆာင္မ်ား၊ အရပ္သားမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ သတင္းသမားမ်ား၊ ဆရာ/ဆရာမမ်ားစသည့္ နယ္ပယ္အသီးသီးမွ မည္သူမဆို ဖမ္းဆီး၊ထိန္းသိမ္းျခင္းခံထားရသည္ကို သိရွိပါက ေအာက္ပါလိပ္စာမ်ားသို႔ ဆက္သြယ္၍ အသိေပး၊ အေၾကာင္းၾကား ႏိုင္ပါသည္။
Email : [email protected]
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)

ထုတ္ျပန္ခ်က္အားေဒါင္းေလာ့ရယူရန္ 21-Feb-2021 Update (Information)bur

အဖမ္းဆီးစာရင္းေဒါင္းေလာ့ရယူရန္ Recent Arrests List (Last Updated on 21 Feb 21) Final

ရက်စွဲ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သောလှုပ်ရှားမှု(CDM)ကို ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၎င်းကြေညာချက်မှာ အဆိုပါအဖွဲ့များ၏ ဒီမိုကရေစီရေးနှင့်ပတ်သက်၍ သိသာထင်ရှားသည့် ခြေလှမ်းတစ်ခုဖြစ်ပြီး ဒီမိုကရေစီအား ထောက်ခံသည့် လုပ်ရပ်ဖြစ်သည့်အလျောက် မြန်မာပြည်အနှံ့ မတူညီသောအစုအဖွဲ့များ၏ အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးကိုလည်း ထောက်ခံကြောင်းပြသခြင်း ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)မှလည်း စစ်တပ်နှင့်ရဲများက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသော ပြည်သူလူထုကို ကျည်အစစ်များဖြင့် ပစ်ခတ်ခြင်း၊ လက်နက်မဲ့ပြည်သူများအား စစ်ပွဲတွင်းရှိ ရန်သူများသဖွယ်ပစ်ခတ်ခြင်းကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က နိုင်ငံတကာဥပဒေအရ နိုင်ငံတကာအသိုက်အဝန်းနှင့်ပူးပေါင်းကာ တရားမျှတမှုကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ကတိပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့အတွင်းရှိ ပြည်သူများကို ပစ်ခတ်၍ အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ ပြီးနောက် ညအချိန်တွင်လည်း ဆူပူအုံကြွစေရန် ဖန်တီး လှုံ့ဆော်မှုများကို လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရ သည်။ အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူလူထုအပေါ် နိုင်ငံတကာ စံနှုန်းများထက် ကျော်လွန်၍ အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဆန္ဒပြရာတွင် ပါဝင်သူများနှင့် လူထုစည်းရုံးရေးအားကောင်းသည့် ပုဂ္ဂိုလ်များအား ညအချိန်မတော် ခြံဝင်းများဖျက်ဆီး၍ ဖမ်းဆီးခြင်း၊ အရပ်သားပြည်သူများအား အသက်အန္တရာယ်ကို ခြိမ်းခြောက်၍ သတ်ဖြတ်ခြင်း၊ လက်သည်မပေါ်သည့် မီးရှို့ဖျက်ဆီးခြင်း စသည့် လူထု မတည်မငြိမ်ဖြစ်စေမည့် လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ 

ယမန်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌  သေနတ်ဖြင့် သုံးချက်ပစ်ဖောက်သည့် အတွက် ရပ်ကွက်နေပြည်သူများက သံပုံးတီးကြသည့်အခါ တပ်မတော်သားတချို့မှ အိမ်များကိုဝင်ရောက်ပြီး တံခါးများကို ဖျက်ဆီးကာ ခြိမ်းခြောက်မှုများ လုပ်ဆောင်သွားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့၊ မွန်ပြည်နယ် မုဒုံမြို့  နှင့် မော်လမြိုင်မြို့၊ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့တို့တွင်လည်း ယမန့်နေ့က မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။

ယမန်နေ့ ည ၁၁ နာရီကျော်အချိန်ခန့်တွင်  ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ တဝမ်းပူ ၁၅ရပ်ကွက် တွင် လုံခြုံရေးအတွက် ကင်းစောင့်နေသော ပြည်သူတစ်ဦးသည် သေနတ်ဖြင့်အပစ်ခံရ၍ ၎င်းနေရာတွင်ပင် သေဆုံးသွားခဲ့သည်။ ဒေသခံများ၏ ပြောဆိုချက်အရ လုံခြုံရေးတပ်ဖွဲ့ ယာဉ်တစ်စီးပေါ်မှ  ပစ်ခတ်ခြင်းဖြစ်ပြီး သေနတ်သံ ၃ ချက်ကြားရကြောင်းနှင့် ကျည်ဆန်ခွံ ၃ ခု ရရှိထားသည်ဟု သိရှိရသည်။

ယမန်နေ့ ညသန်းခေါင်းယံအချိန်တွင် ထင်ရှားသည့် သရုပ်ဆောင်/ဒါရိုက်တာတစ်ဦးဖြစ်သော ဦးလူမင်း၏ နေအိမ်ကို စစ်တပ် နှင့် ရဲတပ်ဖွဲ့မှ လာရောက်ပြီး နေအိမ်ခြံတံခါးကို ချိုးဖျက်၍ အိမ်အတွင်းသို့ဝင်ရောက်ကာ ဦးလူမင်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်းပြင် ကချင်ပြည်နယ်၊ ပူတာအိုမြို့မှ လူငယ် (၅) ဦးကိုလည်း စစ်တပ်မှ လာရောက် ဖမ်းဆီး‌ခေါ်ဆောင်သွားခဲ့သည်။ ထို့ပြင် မကွေးမြို့၊ ဆုံရပ်ကွက်တွင်နေထိုင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးကို ယမန့်နေ့ ည ၈ နာရီ သံပုံးတီးသည့်အချိန်၌ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၆၄၀) ဦးထိရှိခဲ့ပြီဖြစ် သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ ဖမ်းဝရမ်းနှင့်အမှုဖွင့်ခြင်းခံထားရသူ (၃၂) ဦး၊ အမှုဖွင့်ခြင်းခံထားရသူ (၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၄၇) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန် အထိ (၅၉၃) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။  

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။ 

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ ဆရာ/ဆရာမများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ 

Email :   [email protected]

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)