စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်

စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် အထွေထွေသပိတ်နှင့် ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သောလှုပ်ရှားမှု(CDM)တို့သည် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင်လည်း မြန်မာနိုင်ငံအနှံ့ ဆက်လက် အားကောင်းလျက်ရှိပြီး ထောင်ပေါင်းများစွာသော ပြည်သူတို့သည် မြို့ကြီး၊ မြို့ငယ် အသွယ်သွယ်မှ စုရုံးချီတက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့အပြင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုအပေါ် စစ်တပ်နှင့်ရဲများ၏  တုံ့ပြန်ထိန်းချူပ်ခြင်းကို နှောင့်နှေးစေရန်အလို့ငှာ ရန်ကုန်အပါအဝင် မြန်မာပြည်တစ်ဝှမ်းရှိ မြို့တချို့တွင် အဓိကကျသော လမ်းဆုံအချို့၌ မော်တော်ယာဉ်များက ပိတ်လျက်ရပ်ထားခဲ့ကြသည့်အတွက် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်သူများသည် စစ်တပ်ယာဉ်တန်းများ၏ ခြိမ်းခြောက်မှုကို မခံခဲ့ရပေ။

ဖမ်းဆီး၊တရားစွဲဆိုမှုများအနေဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီဝင် (၁၇) ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတို့ဖြင့် သက်ဆိုင်ရာ မြို့နယ်တရားရုံးများ၌ အမှုဖွင့်ထားပြီး ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရှိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ပြည်သူ့ရွေးကောက်ခံကိုယ်စားလှယ်များ သည် ပြည်ထောင်စုလွှတ်တော်ကိုတာဝန်ခံသော ကော်မတီတစ်ရပ်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြု ကော်မတီ (CRPH) ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာအစိုးရများကိုလည်း အဆိုပါကော်မတီကို ဝိုင်းဝန်း အသိအမှတ်ပြုရန် မေတ္တာရပ်ခံ တောင်းဆိုထားသည်။ 

အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံထားရသည့် အစိုးရအဖွဲ့သစ်တက်မလာမချင်း မန္တလေးတိုင်းအတွင်းရှိ အစိုးရဌာနများကို အစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ သည့်အတွက် မန္တလေးတိုင်းဒသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်သည်  ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဆီး၊တရားစွဲဆိုခြင်းခံထားရသည်။ 

ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သောလှုပ်ရှားမှု (CDM) တွင် ပါဝင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည့် နေပြည်တော်ကောင်စီ၊ လယ်ဝေးမြို့နယ် သမဝါယမဦး စီးဌာနမှ ဝန်ထမ်း (၅) ဦး၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး မှ ဝန်ထမ်း (၃) ဦးတို့ကို ယနေ့တွင် ရုံးတင်စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်ခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး၊ မန္တ​လေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ ရပ်ကွက်တစ်ခု၌ မ​နေ့ည ၈ နာရီခွဲ​အချိန်ခန့်က​ ​နေအိမ်တစ်အိမ်ကို သံပုံးတီး၍ဟုဆိုကာ တပ် နှင့် ရဲများ ပါဝင်သည့် ကင်းလှည့်နေသူများမှ  ၀င်ရောက်ဖျက်ဆီး ခဲ့၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ အမျိုးသားသုံးဦးကို ရဲတပ်ဖွဲ့မှ ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့သည်။ 

နေပြည်တော်၏ အဓိကလမ်းမကြီးဖြစ်သည့် ပျဉ်းမနား-တောင်ညိုလမ်းတွင် အာဏာသိမ်းမှုကိုဆန့်ကျင်သူများမှ WE WANT DEMOCRACY စာသားကို ရေးဆွဲနေစဉ် ရဲတပ်ဖွဲ့ဝင်များက အင်အားအများအပြားဖြင့် ရောက်ရှိလာပြီး လူစုခွဲခိုင်းကာ ရေးဆွဲထားသည့် စာသားကို ရေပိုက်ဖြင့်ထိုး၍ ပျက်စီးအောင် ပြုလုပ်ခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄၉၅) ဦးထိရှိခဲ့ပြီဖြစ် သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦး၊ ဖမ်းဝရမ်းနှင့်အမှုဖွင့်ခြင်းခံထားရသူ (၃၂) ဦး၊ အမှုဖွင့်ခြင်းခံထားရသူ (၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၅) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန် အထိ (၄၆၀) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။  

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။ 

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ ဆရာ/ဆရာမများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

ဒေါင်းလော့ရယူရန် Recent Arrests List (Last Updated on 17 Feb 21)final