အေအေပီပီမှ ကိုဗစ်ကာလရောဂါထိန်းချုပ်ရေးစင်တာများတွင်စိတ်ခွန်အားမြှင့်တင်ရေးဆွေးနွေးပွဲများဆက်လက်ပြုလုပ်

 

၂၄ ရက် ဧပြီလ ၂၀၂ဝ နေ့တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)နှင့် ပဲခူးအရှေ့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS-EB),အနာဂတ်အလင်းတန်းဆုံမှတ်(FLC-Bago)တို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နှင့်ကျောက်တံခါးမြို့နယ်ရှိ
ရွှေ့ပြောင်းလုပ်သား နေရပ်ပြန်များကို စောင့်ကြည့်စောင့်ရှောက်ပေးနေသော စင်တာ (၂)ခုတွင်စိတ်ခွန်အားဖြစ်စေရန် စာရေးဆရာမနှင်းပန်းအိမ်မှ ဆွေးနွေးဟောပြောပွဲများပြုလုပ်ပေးခဲ့ပါသည်၊ အဆိုပါဆွေးနွေးပွဲများအား သက်ဆိုင်ရာစင်တာများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားရှိပါသည်။