မြန်မာနိုင်ငံကလေးများနေ့တွင် ကလေးငယ်များ လက်နက်ကြီး ထိမှန်ခဲ့မှု ဖြစ်စဉ်အပေါ် သဘောထားထုတ်ပြန်ချက်

ရက်စွဲ။    ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်

p;၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊ (ကလေးများနေ့) နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်၊       ဘူးသီးတောင်မြို့နယ်၊ ခမေွချောင်းကျေးရွာရှိ  မူလတန်းလွန်ကျောင်းအတွင်းသို့ လက်နက်ကြီးကျရောက်ခဲ့ပြီး ကျောင်းသူ/သား (၂၁)ဦး ဒဏ်ရာရရှိခဲ့ရကြောင်း သိရှိခဲ့ရပါသည်။ ဒဏ်ရာရာသူများထဲမှ အချို့မှာ အသက်အန္တရယ် စိုးရိမ်ရသည့်အထိ ရင်ဆိုင်ခံစားနေရသည်ဟုလည်း သိရှိရသည်။

လက်နက်ကိုင်တိုက်ပွဲများအတွင်း စာသင်ကျောင်းများ၊ ဆေးရုံများ၊ ကမ္ဘာ့အမေွအနှစ် အဆောက်အဉီများ နှင့် အပြစ်မဲ့ ပြည်သူများအား ထိခိုက်စေခြင်း၊ ပစ်မှတ်အဖြစ်ထားခြင်းများကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ပြင်းထန်စွာ တားမြစ်ထားပါသည်။ ထို့အပြင် ကမ္ဘာ့ပေါ်ရှိ မည်သည့် လူ့အသိုင်းအဝိုင်းကမျှလက်မခံနိုင်သည့် အပြုအမူပင်ဖြစ်ပါသည်။ ထိုလုပ်ရပ်များမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်းလည်း နိုင်ငံတကာဉပေဒများက ဖော်ပြထားပါသည်။

၁၃) ရက်နေ့ မနက်ပိုင်းတွင် အစိုးရတပ်မတော်နှင့် AA တို့ အုတ်တောင်ကျေးရွာနှင့် ခမေွချောင်းကျေးရွာ အကြားတိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိရှိရပြီး မကြာမီနာရီပိုင်းအတွင်း ထိုသို့ စာသင်ကျောင်းအတွင်းသို့ လက်နက်ကြီး ကျရောက်ခဲ့ခြင်းဖြစ်သည်။

မည်သည့်ဖက်မှ ပစ်ခတ်လိုက်သော လက်နက်ဟု အတိအကျ မသိရှိရဘဲ နှစ်ဖက်စလုံးမှ ငြင်းဆန်လျှက် ရှိနေခြင်းသည် တာဝန်မဲ့သည့်လုပ်ရပ်ဖြစ်သည့်အပြင် အပြစ်မဲ့အရပ်သားများအပေါ် ကျူးလွန်ခဲ့ခြင်း ဖြစ်သည့် အတွက် မိမိတို့အနေနှင့် ကျူးလွန်သူများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်သည်။

အပြစ်မဲ့ ပြည်သူများအပေါ် ထိခိုက်မှုများမှ ရှောင်ကြည်နိုင်ရန်အတွက် နှစ်ဖက်စလုံး ပစ်ခတ်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်စဲပေးရန်နှင့် အရေးပါသောသတင်းရယူနိုင်မည့်နည်းလမ်းအား တားမြစ်ထားသည့် ရခိုင်ပြည်နယ် အတွင်း အင်တာနက်ဖြတ်တောက်ခြင်းအား ရပ်တန့်ပေးရန်လည်း တောင်းဆိုလိုက်ပါသည်။

အပြစ်မဲ့သေဆုံးသွားသူများ၊ ဒါဏ်ရာရသူများနှင့် မိသားစုဝင်များအတွက် တရားဝင်တောင်းပန်ရန်၊ ပြန်လည် ကုစားပေးရေးအစီအစဉ်များနှင့် တရားမျှတမှုများ ဆောင်ကြဉ်းပေးရန်အတွက် တည်ဆဲအစိုးရနှင့် သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့အသီးသီး၏ ခေါင်းဆောင်များမှ လုပ်ဆောင်ပေးရန်လိုအပ်သည်။

အနာဂတ်တွင် ယခုလိုအဖြစ်ဆိုးများ ထပ်မံမဖြစ်ပွားစေရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးတွင် ပြုပြင် ပြောင်းလဲရန်လိုအပ်သည်။

ထို့အပြင် ကျူးလွန်သူများအား သက်ဆိုင်ရာအဖွဲအစည်းများမှ အမြန်ဆုံး ‌ဖော်ထုတ်ပေးရန်နှင့် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန်လည်း အလေးအနက် တောင်းဆိုလိုက်ပါသည်။

ဆက်သွယ်ရန်-

  • ကိုအောင်မျိုးကျော် (AAPP) ၊ ဖုန်း- ဝ၉၄၂၈၁၁၇၃၄၈
  • မသင်္ဉ္ဇာရွှန်းလဲ့ရည် (ACDD) ၊ ဖုန်း- ဝ၉၇၉၅၅၇၄၇၇၅
  • ကိုအောင်ဇော်ဦး (HRDP) ၊ ဖုန်း- ဝ၉၄၂၁၀၃၉၄၉၃

အရပ်ဖက်အဖွဲ့အစည်း (၁၂၆)ဖွဲ့

  • Assistance Association for Political Prisoners (AAPP)
  • Yangon Watch
  • Future Light Center
  • Synergy (Social Harmony Organization)
  • Metta Campaign (Mandalay)
  • Human Rights Defenders and Promoters (HRDP)
  • The Seagull: Human Rights, Peace & Development
  • Action Committee for Democracy Development
  • Equality Myanmar
  • Human Rights Educators Network (HREN)
  • Myanmar People Alliance (SS)
  • Karenni Human Rights Group (KnHRG)
  • Athan- Freedom of Expression Activist Organization
  • Loka Ahlinn Social Development Organization
  • Progressive Voice (PV)
  • Than Lwin Citizen Empowerment Program
  • Generation Wave (GW)
  • KWAT
  • Genuine People Servants (GPS)
  • ပေါင်းကူးး
  • မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း
  • COMREG
  • သူရိယစန္ဒာပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့
  • ပွိုင့်- ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့
  • လေသာရဖောင်ဒေးရှင်း
  • ပေါင်းစီးမေတ္တာအဖွဲ့
  • အာရှအလင်းရောင်ဖောင်ဒေးရှင်း (ပြင်ဦးလွင်)
  • Keng Tung Land Group
  • Helping Hand Tachileik
  • Citizens Action For Transparency (CAFT)
  • စိမ်းလန်းပြင်ဦးလွင်
  • MaRaJa(MRJ)
  • Htoi Gender and Development Foundation
  • Southern Youth
  • Badeidha Moe Civil Society Organization
  • Thint Myat Lo Thu Myat (Peace Seekers and Multiculturalist Movement)
  • Khamthar Farmers Union
  • Matu Women Organization
  • Men Fellowship (Matupi)
  • Women Fellowship (Matupi)
  • Cang Bong Youth (Matupi)
  • Matupi Baptist Churches
  • Chin Youth Organization
  • Matu Social Welfare
  • Matu Forum Committee
  • DDA Dawei Development Association
  • Htee Chike Network
  • Green Rights Organization
  • Hkumzup Development Committee
  • Kalyanameikta Social Development Association (Khin U)
  • Uakthon Local Social Development Organization
  • Shwechinthae Farmers Network
  • Golden Heart Organization
  • Summer Shelter Library
  • Democratic Education Corner (DEC)
  • Center for Social Integrity
  • Myanmar Cultural Research Society(MCRS)
  • Minhal Youth Centre
  • Civil Call
  • MATA – Sagaing
  • Shwechinthae Social Service Group (Shwebo)
  • Halcyon- သုခဂဟော
  • Nyan Lynn Thit Analytica
  • Oway Education and Youth Institute
  • ဆွေသဟာအဖွဲ့
  • Mwetaung Area Development Group
  • Bee House
  • ရွှေမင်းသားဖောင်ဒေးရှင်း
  • သင့်မြတ်သူများ၏ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့ – PoPP
  • Sharing (မျှဝေရာ)
  • လူငယ်အစည်းအရုံး – ပဲခူး
  • Saytana Shaesaung Youth Organization
  • Young Ni Oo Social Development Organization
  • Young Ni Oo Women Group
  • Muditar Organization
  • Paungsee Myittar Organization
  • Pone Yate Sit Regional Development Organization
  • ကျေးလက်ဒေသလူမှုဖွံ့ဖြိုးရေးအဖွဲ့
  • Future Star Youth Organization
  • Lin Lake Kyal Social Development Organization
  • ဓမ္မအလင်း ယဉ်ကျေးလိမ္မာအဖွဲ့
  • ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကွန်ယက်
  • ပျိုးဥယျာဉ်ပညာရေးအထောက်အကူပြုအဖွဲ့
  • Sar Phyu Famer Network
  • Pan Tain Shin Women Rural Development Organization
  • စာနာကြည်ဖြူလူမှုဖွံ့ဖြိုးရေးအဖွဲ့
  • ဂရုဏာရှင်နာရေးကူညီရေးအဖွဲ့
  • Shwe Thinkha Social Development Organization
  • Community Association Development
  • ရည်ရွယ်ရာလူငယ်ဖွံ့ဖြိုးရေးအဖွဲ့
  • Rule of Law watch group
  • အလုပ်သမားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
  • အလင်းရောင်လူမှုဖွံ့ဖြိုးရေး
  • အားမာန်သစ်လူမှုဖွံ့ဖြိုးရေးအဖွဲ့
  • စွမ်းစုတည် ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့
  • ရွှေအနာဂတ်လူမှုဖွံ့ဖြိုးရေးအဖွဲ့
  • အခမဲ့ပညာရေးဝန်ဆောင်မှုအဖွဲ့
  • ဖြူစင်မေတ္တာနာရေးကူညီမှုအသင်း
  • ရွှေနံသာတောင်သူလယ်သမားအဖွဲ့
  • ဧရာပျိုမေအမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့
  • တောင်သူလယ်သမားစိုက်ပျိုးမွေးမြူရေးကွန်ယက်
  • ရတနာရောင်ခြည်လူမှုဖွံ့ဖြိုးရေးအဖွဲ့
  • ကောင်းမြတ်နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့
  • ထွန်းသစ်စကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့
  • ကမ်းခြေအားမာန်ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
  • မြစ်မဧရာဝတီအဖွဲ့
  • အလင်းတံခါးအဖွဲ့
  • Hope for Children အဖွဲ့
  • အနာဂတ်အလင်းသစ်အဖွဲ့
  • စေတနာရှင်လူမှုကူညီရေးအဖွဲ့
  • ပန်းသီကြိုး LGBT အဖွဲ့ (၁၁၁ ဖွဲ့)
  • Action Group for Farmers Affair (AGFA)(မန္တလေးတိုင်း)
  • Action Group for Farmers Affair (AGFA) (စစ်ကိုင်းတိုင်း)
  • Action Group for Farmers Affair (AGFA) ( မကွေးတိုင်း)
  • Action Group for Farmers Affair (AGFA)( ဧရာဝတီတိုင်း)
  • Action Group for Farmers Affair (AGFA)(ပဲခူးတိုင်း)
  • စိမ်းရောင်စို (တံတားဦး)
  • ဝါးစိမ်းတောင်ကာကွယ်စောင့်ကြည့်ရေးကော်မတီ (WPWC)
  • Peace and Justic
  • Justice Movement for Community, Innlay
  • အစ္စလာမ့်တံခွန်လူမှု့ကူညီရေးအဖွဲ့ဗန်းမော်မြို့(ကချင်ပြည်နယ်)
  • 8888 New Generation (Mohnyin)
  • အလင်းတန်းအဖွဲ့
  • Doe Myay Community Development organization (Twantay)
  • မေမြို့​တောင်သူကွန်ရက်
  • Mandalay Community Center

ဒေါင်းလော့ရယူရန် Statement

ဓါတ်ပုံအား DMG သတင်းဌာနမှ ကူးယူဖော်ပြပါသည်။