အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲ

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလုပ်ရုံဆွေးနွေးပွဲး (Consultative Workshop on Prison Reform) အား နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ၄ နိုဝင်ဘာ ၂၀၁၉-နှင့် ၅ နိုဝင်ဘာ ၂၀၁၉ တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ သင်တန်းခန်းမတွင်ပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲအား နိုင်ငံရေးအကျဉ်းသားများ ဉီးဆောင်နေသောအဖွဲ့အစည်း (AAPP, GW, OMI, GPS, HRDP, Athan, FPPS (Bago), FLC, 88 Generation: Peace & Open Society (Bago), Than Lwin Citizen Empowerment) များနှင့် Key Population အဖွဲ့အစည်း (Myanmar MSM & TG Network, SWIM, Asia Catalyst, Alliance Myanmar, DPAG, NDNM (Kachin), MdM, LGBT (MDY), AMA (MDY)) များမှ တက်ရောက်ခဲ့ပြီး အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ၊ လိုအပ်ချက်များ၊ Key Population များအတွက် ထည့်သွင်းစဉ်စားရမည့်အချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြပါသည်။