နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ကြေညာချက်အမှတ် ၁/၂၀၁၆ ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ။ ဧပြီလ ၈ ရက်နေ့၊ ၂၀၁၆ ခုနှစ် ၁) ၂၀၁၆ ခုနှစ်၊ ဧပြီလ ရ ရက်နေ့တွင်ထုတ်ပြန်လိုက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ကြေညာချက်အမှတ် ၁/၂၀၁၆ အား မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ လေးနက်စွာ ထောက်ခံကြိုဆို လိုက်ပါသည်။ ၂) နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသော ကျောင်းသား၊ ကျောင်းသူများ လွတ်မြောက်ရေးသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်ပြီး ဤသို့ဆောင်ရွက်နိုင်ရန်…







