နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးရေး: ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အတွက် သဘောထားထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်သည်။ သူမသည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် အစဉ်တစိုက်ပါဝင်ခဲ့သဖြင့် ၁၉၈၉ ခုနှစ်မှစတင်၍ အကြမ်းဖက်စစ်အုပ်စု၏ တရားလက်လွတ် နေအိမ်အကျယ်ချုပ်နှင့် ထောင်သွင်းအကျဉ်းချခြင်းကို နှစ်ပေါင်း ၂၀ နီးပါး ကြုံတွေ့ခံစားနေရသူ တစ်ဦးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်အကျဉ်းချထားခြင်းသည် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ဒီမိုကရေစီနည်းအရ ထွက်ပေါ်လာသော ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးရန်၊ မဲဆန္ဒရှင်များ၏ လွတ်လပ်သော ဆန္ဒသဘောထားကို အသိမှတ်မပြုရန်နှင့် နိုင်ငံသားများအနေဖြင့် မိမိနှစ်သက်သည့်အစိုးရကို…









