ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း သို့ လေ့လာရေး ခရီးစဉ်

၂၀၁ရ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် AAPP မှ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည် ဦးဆောင်သော AAPP အဖွဲ့သားများသည် ကော့မှူးမြို့နယ် ၊ ငှက်အော်စမ်း ကျေးရွာတွင် တည်ရှိသော လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း သို့ လေ့လာရေးခရီးစဉ် အဖြစ်ရောက်ရှိခဲ့ကြပါသည်။ အဆိုပါခရီးစဉ်မှာ AAPP နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး နှင့် အဖွဲ့ဝင်များ ဒီဇင်ဘာလဆန်းပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့မှုအပြီး နောက်ဆက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်း…









