“Basic Coping Skills, Introduction to Counseling, Common Mental Health Problems and Positive Thinking Training”ကို ပို့ချပေးခြင်း

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်(MHAP) မှ သင်တန်းနည်းပြ ကိုထင်အောင်နှင့် CETA သင်တန်းနည်းပြ မခင်ငြိမ်းချမ်းစိုးတို့သည် “Basic Coping Skills, Introduction to Counseling, Common Mental Health Problems and Positive Thinking Training” ကို Sandhi Governance Institute ၌ မေလ ၂၅ ရက်နေ့မှ မေလ ၂၆ ရက်နေ့ထိ  နှစ်ရက်တာ ပို့ချပေးခဲ့သည်။ သင်တန်းကို မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားနေရာဒေသအသီးသီးမှ တိုင်းရင်းသား ၂၈ ဦး တက်ရောက်ခဲ့သည်။