စိတ်ကျန်းမာရေးမူဝါဒ ပြင်ဆင်ရေးဆွဲရေး ဗဟိုအဆင့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်

ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့ထိ နေပြည်တော်ရှိ ဂရင်းအမရာဟိုတယ်တွင် ကျင်းပပြုလုပ်သည့် စိတ်ကျန်းမာရေး မူဝါဒ ပြင်ဆင်ရေးဆွဲရေး ဗဟိုအဆင့် အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) တာဝန်ခံ ဦးကျော်စိုးဝင်းနှင့် မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတိယ တာဝန်ခံ ကိုဇော်မိုးတို့ သည် တက်ရောက် ဆွေးနွေးခဲ့သည်။