၂၀၁၉ ခုနှစ်၊ ဧပြီလ၊ အေအပေီပီ၏ လစဉ်သတင်းလွှာ

သင်တန်းများပေးပို့ခြင်း

မြိတ်မြို့တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချ ခြင်း

မြိတ်မြို့တွင် ပြုလုပ်သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့်  အသွင်ကူးပြောင်းရေးဆိုင်ရာ တရား မျှတမှုသင်တန်းကို ဧပြီလ ၂ဝ ရက်နေ့မှ ဧပြီလ ၃ဝ ရက်နေ့ထိ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျောက်ဖျာကျေးရွာတွင် ပို့ချပေးနိုင်ခဲ့သည်။ သင်တန်း၌ လူ့အခွင့်အရေးသင်တန်းနည်းပြ အဖြစ် ကိုစောသန်းလှိုင်မှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းနည်းပြ အဖြစ် ကိုတင်မျိုးထွဋ်မှ သင်တန်းပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ ၁၄ ဦးနှင့် သင်တန်းသား ၁၈ ဦးတို့ တက်ရောက် ခဲ့ကြပြီး ၎င်းတို့သည် မောင်လမြိုင် ကျောင်းသားသမဂ္ဂ၊ လူငယ်ကွန်ရက်၊ အလုပ်သမား မြှင့်တင်ရေး၊ ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားသမဂ္ဂ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်၊ တနင်္သာရီ အရပ်ဘက် လူမှုအဖွဲ့အစည်း ကွန်ရက်၊ ပြည်သူ့စွမ်းအား ကွန်ရက်၊ Mother Land၊ Future Youth စသည့် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် သင်တန်းတက်ရောက်သူများ သည် ထားဝယ်၊ ဗမာနှင့် မွန်တိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော မြိတ်မြို့တွင် မြေယာသိမ်းဆည်းမှုများကို ရင်ဆိုင်နေကြရသည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန်နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင် ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။

အမျိုးသမီးရှေ့ဆောင်ရပ်ဝန်းမှ သင်တန်းသူများကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချ ခြင်း

အမျိုးသမီးရှေ့ဆောင်ရပ်ဝန်းမှ သင်တန်းသူများကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း ပို့ချ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်သည် အမျိုးသမီး ရှေ့ဆောင်ရပ်ဝန်းမှ သင်တန်းသူ ၁ရ ဦးကို အသွင် ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းအား ဧပြီလ ၁၉ ရက်နေ့မှ ဧပြီလ ၂၃ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပို့ချပေးခဲ့သည်။

ကချင်အမျိုးသမီးအစည်းအရုံးကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချ ခြင်း

KWAT အား အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း ပို့ချ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်သည် ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ)မှ သင်တန်းသူ ၁၈ ဦးနှင့် သင်တန်းသား လေးဦးကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းအား ဧပြီလ ၂၅ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့အထိ ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင်  ပို့ချပေးခဲ့သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

 

Director Anna Cave ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ AAPP သို့ လာရောက် လေ့လာ

Director Anna Cave ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ AAPP ပြခန်းကို လေ့လာ

ဧပြီလ ၅ ရက်နေ့တွင် Ferencz International Justice Initiative Simon-Skjodt Center for the Prevention of Genocide မှ Director Anna Cave၊ United States Holocaust Memorial Museum မှ David Angeles နှင့် ကိုယ်စားလှယ်တစ်ဦးတို့သည် နိုုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)သို့ လာရောက်ခဲ့ပြီး AAPP မှ ဖွင့်လှစ်ထားသော Memory of the Past ပြခန်းအား လေ့လာကြည့်ရှုခဲ့သည်။ AAPP မှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်နှင့် မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတိယ တာဝန်ခံ ကိုဇော်မိုးတို့မှ ပြခန်းအား လိုက်လံရှင်းလင်း ပြသပေးခဲ့သည်။

အမေရိကန် သံရုံးမှ ကိုယ်စားလှယ်အဖွဲ့ AAPP သို့ လာရောက်လေ့လာ

အမေရိကန် သံရုံးမှ ကိုယ်စားလှယ်အဖွဲ့ AAPP ပြခန်းကို လေ့လာ

ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ Ian R. MacKenzie (Political Officer – Political-Economic Section), Scott Eric Kofmehl (Political Unit Chief), Colonel Craig J. Tippins (U.S. Army – Senior Defense Official and Defense Attache to Myanmar), Robert R. Strang (Resident Legal Advisor – U.S. Department of Justice), Linnea M. Beatty, PhD (Deputy Country Representative Office of Transition Initiatives) and Khinr Mwan Lurnn (Political Specialist – Political and Economic Section) တို့သည် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)သို့ လာရောက်ခဲ့ပြီး AAPP မှ ဖွင့်လှစ်ထားသော Memory of the Past ပြခန်းအား ကြည့်ရှု လေ့လာခဲ့သည်။ ထို့နောက် AAPP မှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်နှင့် မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတိယ တာဝန်ခံ ကိုဇော်မိုးတို့မှ ၎င်းတို့ကို လက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာနိုင်ငံရေး အခြေအနေ၊ တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေပြုပြင်ပြောင်းလဲရေးကိစ္စရပ်များ ကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

My Justice နှင့် တွေ့ဆုံဆွေးနွေး

My Justice နှင့် တွေ့ဆုံဆွေးနွေး

ဧပြီလ ၁ဝ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ အတွင်းရေးမှူး  ဦးတိတ်နိုင်၊ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်နှင့် AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်တို့သည် My Justice မှ Caitlin Reiger(Team Leader of My Justice)၊ ဦးဇော်မြတ်လင်း(Community Justice)၊ ဦးတက်နေထွန်း (ဥပဒေအကြံပေး)၊ မနွယ်မာ (CSOs)၊ ဦးဟန်ဇာထွန်း              (တရားသူကြီး – ငြိမ်း)၊ Cristina POL (Programme Manager – EU)နှင့် Senior Justice Sector Advisor Hang ZaThawn တို့အဖွဲ့အား AAPP ရုံး၌ လက်ခံတွေ့ဆုံခဲ့ပြီး AAPP ၏ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် My Justice မှ ဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ၎င်းပြင် အဖွဲ့အစည်းနှစ်ခုကြား ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မည့် အရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြ သည်။ ဆက်လက်၍ My Justice မှ အဖွဲ့ဝင်များသည် AAPP မှ ဖွင့်လှစ်ထားသော Memory of the Past ပြခန်းကို လေ့လာကြည့်ရှုခဲ့ရာ ဦးဘိုကြည်နှင့် မှတ်တမ်းနှင့် သုတေသန ဌာန တာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတိယ တာဝန်ခံ ကိုဇော်မိုး တို့မှ လိုက်လံရှင်းလင်းပြသခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးမှ ကိုယ်စားလှယ် တစ်ဦး လာရောက်လေ့လာ

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးမှ ကိုယ်စားလှယ်နှင့် တွေဆုံ ဆွေးနွေး

ဧပြီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးမှ နိုင်ငံရေး၊ သတင်း နှင့် ပြန်ကြားရေးဌာနမှ နိုင်ငံရေးအရာရှိ Violeta PODAGELYTEသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)သို့လာရောက်ခဲ့ပြီး AAPP မှ ဖွင့်လှစ်ထားသော Memory of the Past ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ AAPP ၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ်(MHAP) တာဝန်ခံ ဦးကျာ်စိုးဝင်းမှ လိုက်လံ ရှင်းလင်းပြသပေးခဲ့သည်။ ထို့နောက် AAPP မှ အတွင်းရေးမှူး ဦးတိတ်နိုင်၊ AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်၊ မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတိယ တာဝန်ခံ ကိုဇော်မိုးနှင့် ဦးကျော်စိုးဝင်းတို့မှ လက်ခံ တွေ့ဆုံခဲ့ပြီး AAPP ၏ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များ နှင့် လက်ရှိမြန်မာနိုင်ငံရေးအခြေအနေတို့ကို ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးမှ သံအမတ်ကြီးနှင့် နိုင်ငံရေး အရာရှိတို့ လာရောက်လေ့လာ

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးမှ သံအမတ်ကြီး၊ နိုင်ငံရေးအရာရှိတို့နှင့် တွေဆုံ ဆွေးနွေး

ဧပြီလ ၃ဝ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးမှ သံအမတ် MR.Kristian SCHMIDT နှင့် နိုင်ငံရေး၊ သတင်းနှင့် ပြန်ကြားရေးဌာန မှ နိုင်ငံရေး အရာရှိ ဦးအောင်အောင်တို့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP)သို့ လာရောက်လည်ပတ်ခဲ့ပြီး AAPP မှ ဖွင့်လှစ်ထား သော Memory of The Past ပြခန်းအား လှည့်လည်ကြည့်ရှု ခဲ့ကြရာ AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်နှင့် မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံ၊ နိုင်ငံခြားရေးရာ ဒုတိယ တာဝန်ခံ ကိုဇော်မိုးတို့မှ လိုက်လံရှင်းလင်းပြသခဲ့သည်။ ထို့နောက် သံအမတ်ကြီးနှင့် နိုင်ငံရေးအရာရှိတို့အား AAPP အတွင်းရေးမှူး ဦးတိတ်နိုင်၊ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ ကိုဇော်မိုးနှင့် AAPP ၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ်(MHAP) တာဝန်ခံ ဦးကျာ်စိုးဝင်းတို့မှ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ လူ့အခွင့်အရေးအခြေအနေများ၊ AAPPမှ လုပ်ဆောင်နေသည့် လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ပြစ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် တရားစီရင်မှုဆိုင်ရာကဏ္ဍ ပြုပြင်ပြောင်းလဲမှု တို့အား ဆွေးနွေးခဲ့သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)
နှစ်သိမ့်ဆွေးနွေးပေးခြင်း
အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာ သုံးဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ ဧပြီလအတွင်းတွင် အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းမှ အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှုပြီးမြောက်ခဲ့ပြီး နောက်ထပ် အမျိုးသမီး လေးဦးကို နှစ်သိမ့်ဆွေးနွေးခဲ့သည်။
ထို့ပြင် အပတ်စဉ် စနေနေ့တိုင်း (MHAP) မှ ကောင်ဆယ်လာ တစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပေးမှု များ ပြုလုပ်လျှက်ရှိသည်။ ဧပြီလအတွင်းတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေး ပေးခဲ့သည်။
ထို့ပြင် အပတ်စဉ် တနင်္လာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ ဧပြီလအတွင်းတွင် လူငယ် ၁ရ ဦးကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။
ဧပြီလအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ  နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ လူကုန်ကူးခြင်း ခံရသူများ၊ အဓမ္မပြုကျင့်ခြင်းခံရသူများ၊ ဆင်းရဲမွဲတေမှုကို ခံစားနေကြရသူများစသည့် ထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။ ထို့ပြင် ပဲခူးမြို့ရှိ ကောင်ဆယ်လာ တစ်ဦးမှ လည်း ပဲခူးမြို့အတွင်းရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြား ထိခိုက် လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။
ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP မှ ကောင်ဆယ်လာ သုံးဦးသည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်း ခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ ဧပြီလအတွင်းတွင် အမျိုးသား နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသမီး ခုနှစ်ဦးနှင့် အမျိုးသား ခြောက်ဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေး လျှက်ရှိသည်။
 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး ++၉၅(၀)၉၄၂၈၀၂၃ ၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀)၈၁ ၉၆၂၈၇၁၃

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၉၄၂၈ ၁၁ရ ၃၄၈

Burmese Newsletter Template for April_2