အေအေပီပီမှ ဇန်နဝါရီလအတွက် လစဉ်သတင်းလွှာ

လူအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများပို့ချပေးခြင်း

                               မော်လမြိုင်မြို့၊ ပညာရေးတက္ကသိုလ်တွင် ပြုလုပ်သော လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း (၇)ပွဲကို မွန်ပြည်နယ်၊ သထုံမြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ မော်လမြိုင်မြို့ရှိ အစိုးရနည်းပညာ သိပ္ပံ(GTI)၊ ပညာရေးကောလိပ်၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ မောင်လမြိုင်တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊  တို့တွင်လည်းကောင်း၊ ဟောပြော ဆွေးနွေးပွဲ တစ်ပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းတွင်လည်းကောင်း ဟောပြောပို့ချပေးနိုင်ခဲ့ ပြီး ကျောင်းသူ၊ကျောင်းသားစုစုပေါင်း (၃၀၀၀) ဦး တက်ရောက် ခဲ့ကြသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် AAPP မှ ဦးအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်တို့မှ AAPP အဖွဲ့သားများနှင့်​ ဦးစွာမိတ်​ဆက်​​ပေးပြီး AAPP ဖြစ်ပေါ်လာပုံနှင့် ​ဟော​ပြောပွဲ

ပြုလုပ်​ရခြင်​း၏ ရည်​ရွယ်​ချက်​များကိုရှင်​းပြပေးခဲ့သည်။  ထို့နောက် ကိုဝဏ္ဏနွယ်၊ ကိုအောင်သိန်းကြည်(ကိုနေဝန်း-MYEO)တို့မှ လူ့အခွင့်​့အ​ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက် (၃၀) တို့ကို ပါဝါပွိုင့်များဖြင့် ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်အမေးအဖြေများ ပြုလုပ်ခဲ့ သည်။ ထို့နောက်တွင် လူအချင်းချင်း ခွဲခြားဆက်ဆံမှုများ မပြုလုပ်ရန်အတွက် ကာတွန်းတို တစ်ကားပြသပြီး အပြန်အလှန် ဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းလိုက်နာ တတ်စေရန်၊ တာဝန်ယူမှုရှိလာစေရန်၊ ကျောင်းပညာရေးကို ဆုံးခန်းတိုင် အောင်ကြိုးစား စေရန်တို့ကို ရုပ်သံ ဇာတ်လမ်းတို များ ပြသ၍ အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို မေးခွန်းများမေးမြန်းခဲ့ပြီး ဦးဆောင်ဆွေးနွေး သူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။

ဟောပြောပွဲများပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPP မှ အချက် ၃ဝ ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) အိတ်ဆောင် စာအုပ် များနှင့် ပိုစတာများကို ဝေငှခဲ့သည်။

ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချ ခြင်း

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ပြုလုပ်သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း

ဇန်နဝါရီလအတွင်း၌ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့်  အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှုသင်တန်း နှစ်ခုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တို့တွင် ပို့ချပေးနိုင်ခဲ့သည်။

ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၁၉ ရက်နေ့ထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ပြုလုပ်ခဲ့သော (၁၁) ရက်တာ သင်တန်း၌ လူ့အခွင့်အရေးသင်တန်းနည်းပြအဖြစ် မဇွန်ပန်းမှ သင်တန်းပို့ချ ပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းနည်းပြ အဖြစ် ကိုကျော်ဦးမှ  သင်တန်းပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ ၁၁ ဦးနှင့် သင်တန်းသား ၁ရ ဦးတို့တက်ရောက် ခဲ့ကြပြီး ၎င်းတို့သည် Youth Development Family၊ Future Light Community Youth Network၊ Future Light Youth Network၊ ဓနုအမျိုးသမီးအဖွဲ့၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(USDP)၊ ဖြူစင်မေတ္တာ ပရဟိတကွန်ယက်၊ လမ်းပြကြယ်၊ သုဓနု ပရဟိတကွန်ယက်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) တို့မှ အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် သင်တန်းတက်ရောက်သူများသည် တောင်ရိုး၊ ဓနုနှင့် ရှမ်းတိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းတွင် အဂတိလိုက်စားမှုများကို ရင်ဆိုင်နေကြရသည်။

ဇန်နဝါရီလ ၁၁ ဇန်နဝါရီလ ၂၂ ရက်နေ့ထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ပြုလုပ်ခဲ့သော (၁၂) ရက်တာ သင်တန်း၌ လူ့အခွင့်အရေးသင်တန်းနည်းပြအဖြစ် ကိုနေဝန်းမှ သင်တန်းပို့ချ ပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြ အဖြစ် ကိုစိုင်းမြင့်သူမှ သင်တန်း ပို့ချ ပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ ကိုးဦးနှင့် သင်တန်းသား ၁၃ ဦးတို့ တက်ရောက်ခဲ့ သည်။ သင်တန်းတက်ရောက်သူများသည် All Arakan Students’ and Youths’ Congress၊  ရခိုင်ပြည်နယ်တောင်သူ လယ်သမားသမဂ္ဂ၊ ရခိုင်အမျိုးသမီးကွန်ရက်၊ ရခိုင်ပြည်နယ်

ကျောင်းသားသမဂ္ဂ၊ ဘဝအားမာန်(ကျေးရွာစာကြည့်တိုက်များ အသင်း)၊ အရက္ခဖေါင်ဒေးရှင်း၊ Green lives၊ REP၊ KFGF၊ RWN၊ NYC/AYAC၊ MYNG၊ UAYU အဖွဲ့တို့မှ အဖွဲ့ဝင်များဖြစ်ကြ ပြီး ရခိုင်၊ ခမီးနှင့် မြို တိုင်းရင်းသားများ ဖြစ်ကြသည်။ သင်တန်း ပို့ချခဲ့သော ရခိုင်ပြည်နယ်တွင် မတရားဖမ်းဆီးမှုများ၊ အဓမ္မ လုပ်အားပေးခိုင်းစေမှုများ၊ လာဘ်ပေး၊လာဘ်ယူမှုများနှင့် ခွဲခြား ဆက်ဆံမှုများကို ရင်ဆိုင်နေရသည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန်နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင် ရည် မြှင့်တင် ပေးခြင်းဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

 

နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေး
ဇန်နဝါရီလ ၂၈ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင်၌ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းအား နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း(AAPP)၏ အတွင်းရေးမှူး ဦးတိတ်နိုင်၊ မြန်မာပြည် တာဝန်ခံ ဦးအောင်မျိုးကျော်နှင့် မှတ်တမ်းနှင့် သုတေသန တာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ကိုုဇော်မိုုးတို့ သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတကာ သဘောတူညီချက်များဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲကို ကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ သည်။
နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီနှင့်တွေ့ဆုံဆွေးနွေး

နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီနှင့်တွေ့ဆုံဆွေးနွေး

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူး ဒေါ်ထုမေ၊ အဖွဲ့ဝင် ဦးဂျေယောဝူ၊ ဒေါက်တာ ဦးကြွယ်ကြွယ်နှင့် ဒေါက်တာဝင်းမြင့်တို့အား နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်၊ မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးကျော်၊ မှတ်တမ်းနှင့် သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ကိုုဇော်မိုးနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည် မြှင့်တင်ပေးရေးအစီအစဉ်(MHAP) တာဝန်ခံ ဦးကျော်စိုးဝင်းတို့မှ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်၌ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှုဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ်နှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့သည်။
ဥပေက္ခာမပြုကောင်းသောဘဝများ အစီရင်ခံစာ စာအုပ် နှင့်စပ်လျဉ်းသည့် အစည်းအဝေးကိုတက်ရောက်

ဥပေက္ခာမပြုကောင်းသောဘဝများ အစီရင်ခံစာ စာအုပ် နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို တက်ရောက်

ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော်၊ ရေးရာဆောင်၌ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် ပြန်လည်ကုစားပေးလျော်မှု အလုပ်အဖွဲ့တို့မှ ပြုလုပ်သော “ဥပေက္ခာမပြုကောင်းသော ဘဝများ အစီရင်ခံစာ စာအုပ်”နှင့်စပ်လျဉ်းသည့် အစည်းအဝေး ကို ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ အတွင်းရေးမှူး ဦးတိတ်နိုင်နှင့် မှတ်တမ်းနှင့် သုတေသနတာဝန်ခံနှင့် နိုင်ငံခြား ရေး ဒုတိယတာဝန်ခံ ကိုုဇော်မိုးတို့မှ  တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။
အထွေထွေလှုပ်ရှားမှုများ
The Wing Institute မှ ကျောင်းသူ၊ကျောင်းသားများ AAPPသို့ လာရောက်လေ့လာ

The Wing Institute မှ ကျောင်းသူ၊ကျောင်းသားများ AAPP ပြခန်းကို လေ့လာ

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မဖြိုးဖြိုးအောင်ဦးဆောင်သော The Wing Institute မှ ကျောင်းသူ၊ကျောင်းသား ၂၁ ဦး သည်  ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) သို့ လာရောက်လည်ပတ် ခဲ့ကြပြီး Memory of The Past ပြခန်းကို လေ့လာခဲ့ကြသည်။ AAPP ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်(MHAP) တာဝန်ခံ ဦးကျော်စိုးဝင်းမှ ပြခန်းအား လိုက်လံရှင်းလင်းပြသခဲ့ သည်။ ထို့နောက် AAPP အတွင်းရေးမှူး ဦးတိတ်နိုင်မှ AAPP ၏သမိုင်းကြောင်း၊ လက်ရှိ AAPP၏ လုပ်ဆောင်ချက်များ၊ ၎င်း၏ ထောင်တွင်း ဖြတ်သန်းမှုများနှင့် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး၊ ကိုကျော်စိုးဝင်း မှ MHAP အကြောင်းတို့ကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ကျောင်းသူ၊ကျောင်းသားများမှ မေးခွန်းများကို ပြန်လည်မေးမြန်း ခဲ့ပြီး ဦးတိတ်နိုင်နှင့် ဦးကျော်စိုးဝင်းတို့မှ ပြန်လည်ဖြေကြားပေး ခဲ့သည်။

နိုင်ငံတကာမှ မဲစောက် AAPP သို့ လာရောက် လေ့လာ

Asia Exchange Association မှ ကျောင်းသူ၊ကျောင်းသားများကို ရှင်းလင်းပြောကြား

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)သို့ ဇန်နဝါရီလ ၁ရ ရက်နေ့တွင် အင်္ဂလန်နိုင်ငံမှ လာလောက်လည်ပတ်သူ နှစ်ဦး၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် Asia Exchange Association မှ ကျောင်းသူ၊ကျောင်းသား ၂ဝ ဦး၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကနေဒါနိုင်ငံမှ လာရောက်လည်ပတ်သူ ၁ဝ ဦးနှင့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဟောင်ကောင်မှ ကျောင်းသူ၊ကျောင်းသား ရှစ်ဦးတို့မှ လာရောက်ခဲ့သည်။ AAPP မှ မမိုးပန်းဖြူမှ AAPP လှုပ်ရှားဆောင်ရွက်နေမှုများ၊ လက်ရှိကာလ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေများနှင့် နိုင်ငံရေး အကျဉ်းသား ရေးရာ အခြေအနေများကို ရှင်းလင်း ပြောကြားပေးခဲ့ပြီး ပြခန်းတွင်း လိုက်လံရှင်းလင်း ပြသပေးခဲ့သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

သင်တန်းပို့ချပေးခြင်း

Mental health awareness and self-care training ကို ပို့ချပေးခြင်း

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) တာဝန်ခံ ဦးကျော်စိုးဝင်းသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြုလုပ်သော လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတ မှု သင်တန်း၌ Mental health awareness and self-care training ကို ဇန်နဝါရီလ ၁ရ ရက်နေ့တွင်   ပို့ချပေးခဲ့သည်။

နှစ်သိမ့်ဆွေးနွေးပေးခြင်း

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်း နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပေး မှုများ ပြုလုပ်လျှက်ရှိသည်။ ဇန်နဝါရီလအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ သုံးဦးသည် အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းမှ အမျိုးသမီး သုံးဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ခြောက်ဦးကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။ ထို့ပြင် ဇန်နဝါရီအတွင်း MHAP မှ အမျိုးသမီး ကောင်ဆယ်လာ တစ်ဦးသည် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ အမျိုးသမီး တစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့သည်။

ထို့ပြင် အပတ်စဉ် တနင်္လာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ ဇန်နဝါရီလအတွင်းတွင် လူငယ် ၁ရ ဦးကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ဇန်နဝါရီလအတွင်းတွင် စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ နှစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်ရှိသော မသန်စွမ်းသူများ လေ့ကျင့်ရေး သင်တန်းကျောင်းမှ မသန်စွမ်းသူ ငါးဦးကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။ ဇန်နဝါရီလအတွင်း မသန်စွမ်းသူ နှစ်ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့သည်။

စက်တင်ဘာလအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ  နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့်   အခြားထိခိုက်လွယ်သူ များကို နှစ်သိမ့်ဆွေးနွေးပေးခဲ့ သည်။ ထို့ပြင် ပဲခူးမြို့ရှိ ကောင်ဆယ်လာ တစ်ဦးမှလည်း ပဲခူးမြို့အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြား ထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကောင်ဆယ်လာ တစ်ဦးမှ  နတ်မောက်နှင့် တောင်တွင်းကြီးမြို့နယ်တွင်ရှိသော HIV လူနာများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP မှ ကောင်ဆယ်လာများသည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ ဇန်နဝါရီလအတွင်း အမျိုးသမီး ရှစ်ဦးနှင့် အမျိုးသား သုံးဦးကို နှစ်သိမ့်ဆွေးနွေး ပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသမီး ၁၅ ဦးနှင့် အမျိုးသား ၁၄ ဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁၂  ၈၇၈ ၇၅၁ (ထိုင်း)၊

  + ၉၅(၀) ၉၄၂၈ ဝ၂၃ ၈၂၈ (မြန်မာ)

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈၁၁၇၃၄၈

လစဉ်သတင်းလွှာဒေါင်းလော့ရယူရန် Burmese Newsletter Template for January