တိုင်းရင်းသားများ၊ ကျောင်းသားလူငယ်များ အားဖမ်းဆီးနေခြင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်

ရက်စွဲ။  ။ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ (၇၂ နှစ်မြောက် ပြည်ထောင်စုနေ့)

 

မြန်မာနိုင်ငံသည် ဖယ်ဒရယ် ဒီမိုကရေစီ စနစ်သို့ ဦးတည်ဖေါ်ဆောင်မည်ဟုု အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသားခေါင်းဆောင် အသီးသီးမှ သဘောတူ လက်ခံထားကြသည်။ အစိုးရမှလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ဖော်ဆောင်နေပါသည် ဟု ဆိုထားပါသည်။ သို့ရာတွင် ဒီမိုကရေစီ စံနူန်းများနှင့် မကိုက်ညီသော၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အနှောင့်အယှက်ဖြစ်စေသော ဖြစ်ရပ်များသည်လည်း ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါသည်။

ထိုဖြစ်ရပ်များတွင် အဆိုးဆုံးမှာ ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ် ပေါ်နေဆဲ ဖြစ်ပြီး ထိုတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူများ တိုးလာခြင်း၊ ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများ ဆုံရှုံးခြင်း၊ ကလေးငယ်ပါမကျန် လက်နက်ကြီး ထိမှန်ပြီး သေဆုံးရခြင်းများ ရှိသလို၊ ရွာသားများလည်း အေအေ လက်နက်ကိုင်တပ်ဖွဲ့နှင့် အဆက်အစပ်ရှိသည် ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံနေရခြင်းများ ရှိနေပါသည်။ ယနေ့အချိန်ထိ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးခံနေရသူ ၄ဝ ဦးရှိပါသည်။

ကယား (ကရင်နီ) ပြည်နယ် တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ထု စိုက်ထူခြင်း ကိစ္စနှင့်ပတ်သက်၍ ပြည်နယ်အစိုးရ နှင့် လူငယ်များအကြား၊ ဒေသခံပြည်သူများ အကြား အမြင်မတူမူများ ရှိခဲ့ပြီး လူငယ်များအနေဖြင့် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများရှိခဲ့ပါသည်။ ထိုငြိမ်းချမ်းစွာ ဆန္ဒပြမူများကို အကြမ်းဖက် ဖြိုခွဲခြင်း နှင့် ဖမ်းဆီးမှုများ ရှိခဲ့ရာ ယနေ့အချိန်ထိ တရားစွဲ ဆိုအရေးယူခံထားရသူမှာ ၈၃ ဦးရှိပါသည်။ ယနေ့ ကယားပြည်နယ်တွင် ဖြစ်ပွားနေသော ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကိုု အင်အားသုုံး အကြမ်းဖက်ဖြေရှင်းသည်ထက် တွေ့ဆုုံဆွေးနွေး အဖြေရှာခြင်းသည် ဒီမိုုကရေစီ အစိုုးရတရပ်အတွက် မှန်ကန်သော ဖြေရှင်းမှုဖြစ်ကြောင်း အလေး အနက်ထား တုိုက်တွန်းပါသည်။ သိုု့မှသာ တိုုင်းရင်းသားများ၏ သဘောထားများအား ပိုုမိုုနားလည်နိုုင်ပြီး ၎င်းတိုု့နှင့် နားလည်မှုရရှိကာ အမျိုးသားပြန်လည်သင့်မြတ်ရေးအား အထောက်အကူပြုပေမည်။

မန္တလေး ရတနာပုံတက္ကသိုလ်တွင် ကျောင်းဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသည့်  ကျောင်းသား ရ ဦးကိုလည်း  တရားစွဲဆိုဖမ်းဆီးထားခြင်းများ ရှိခဲ့သည်။

ထိုု့အပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် အခြားသော တိုုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း လွတ်လပ်စွာ ဆန္ဒထုုတ်ဖေါ်ခြင်းများအပေါ် ဖမ်းဆီးအရေးယူမှုများ ရှိခဲ့ပါသည်။

 နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာ တိုးတက်လာလျက်ရှိနေပြီး ယနေ့ထုတ်ပြန်ချိန်တွင် နိုင်ငံရေးအကျဉ်းသား ၄၉ ဦးနှင့် တရားစွဲဆိုခံနေရသူ ၄၀ဝ နီးပါး ရှိနေပါသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြဿနာများကို လက်နက်ကိုင်တိုက်ပွဲများ၊ ဖမ်းဆီးခြင်းများဖြင့် အဖြေရှာမရနိုင်သည်ကို သင်ခန်းစာယူသင့်ပါသည်။

ထိုကဲ့သို့ဖမ်းဆီးအရေးယူခြင်းသည် ဒီမိုကရေစီရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်နေသည်ဆိုသော အစိုးရတရပ်အနေဖြင့် လုံးဝ မပြုသင့်သော လုပ်ရပ်ဟု ရှုမြင်ပါသည်။

ထို့ကြောင့် ဒီမိုကရေစီစံချိန်စံညွှန်းများကို  လေးစားလိုက်နာတန်ဘိုးထားသောအားဖြင့်  သော် လည်းကောင်း၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက် အောင်မြင်စေ ရန်အတွက်သော်လည်းကောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကို မြှင့်တင်သောအားဖြင့်သော်လည်းကောင်း နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိလွှတ်ပေးပါရန် နှင့် အမူရင်ဆိုင်နေရသူများ၏ အမူများကို ပြန်လည်ရုပ်သိမ်းပေးပါရန် မေတ္တာရပ်ခံ၍ တောင်းဆိုလိုက်သည်။

 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)

ကိုတိတ်နိုင်        အတွင်းရေးမှူး       +၉၅(၀) ၉၄၂၈ ဝ၂၃ ၈၂၈

ကိုဘိုကြည်      တွဲဘက်အတွင်းရေးမှူး     +၁ ၇၀၃၉ ၁၉၇၈ ၂၇

ကိုအောင်မျိုးကျော်  ရန်ကုန်ရုံးတာဝန်ခံ      +၉၅(၀)၄၂၈၁၁ ၇၃၄၈

Kayenni case section 19 (2018 and 2019) ကရင်နီလူငယ်များတရားစွဲခံထားရသည့်စာရင်း

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း 32 Remaining PP list Updated On Feb 11, 2019

အမှုရင်ဆိုင်နေရသူများစာရင်း  339 facing trial list updated on Feb 11, 2019