အောက်တိုဘာလအတွက် လစဉ်သတင်းလွှာ

လူအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

 

ချောင်းဆုံမြို့နယ်၊ အထက(ကလွီ)တွင် ပြုလုပ်သော လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ

မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် လူ့အခွင့်အရေး ဆိုင်ရာဟောပြောဆွေးနွေးပွဲများပို့ချ ပေးခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း (၁၃) ပွဲကို မွန်ပြည်နယ် ချောင်းဆုံမြို့နယ်နှင့် ရေးမြို့နယ်အတွင်းရှိ  အခြေခံပညာ အထက်တန်းကျောင်းများနှင့်  အခြေခံပညာအထက်တန်း ကျောင်းခွဲ စုစုပေါင်း (၁၃) ကျောင်းတွင်  ဟောပြော ပို့ချ ပေးခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း သုံးကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ တစ်ကျောင်းကို လည်းကောင်း၊ ရေးမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း ခုနှစ်ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ နှစ်ကျောင်းကို လည်းကောင်း ဟောပြောပို့ချ ပေးနိုင်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားဦးရေ စုစုပေါင်း (၄၁၀၀) ဦးနှင့် ဆရာ၊ ဆရာမများ တက်ရောက် ခဲ့သည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် AAPP မှ ဦးအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်နှင့် ကိုကျော်ဦးတို့မှ AAPP

အဖွဲ့သားများနှင့်​ ဦးစွာမိတ်​ဆက်​​ပေးပြီး ​ဟော​ပြောပွဲပြုလုပ်​ရခြင်​း ၏ ရည်​ရွယ်​ချက်​များကိုရှင်​းပြပေးခဲ့ပါသည်။ ထို့နောက် ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦး၊ ကိုသန်းထိုက်ဝင်းနှင့် ကိုဖြိုးဆွေမောင် တို့မှ လူ့အခွင့်​့အ​ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက် (၃၀) တို့ကို ပါဝါပွိုင့်များဖြင့် ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်အမေးအဖြေများ ပြုလုပ်ခဲ့ သည်။ ထို့နောက်တွင် လူအချင်းချင်း ခွဲခြားဆက်ဆံမှုများ မပြုလုပ်ရန်အတွက် ကာတွန်းတို တစ်ကားပြသပြီး အပြန် အလှန်ဆွေးနွေးခြင်း၊ ကျောင်းသား၊ကျောင်းသူများ စည်းကမ်း လိုက်နာတတ်စေရန်၊ တာဝန်ယူမှုရှိလာစေရန်၊ ကျောင်းပညာ ရေးကို ဆုံးခန်းတိုင် အောင်ကြိုးစားစေရန်တို့ကို ရုပ်သံ ဇာတ်လမ်းတိုများပြသ၍ အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် မူးယစ်ဆေးဝါး သုံးစွဲမှု၏ဆိုးကျိုးများအားလည်း အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို မေးခွန်းများ မေးမြန်းခဲ့ သည်။

ဟောပြောပွဲများပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPP မှ အချက် ၃ဝ ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)၊ ကလေးအခွင့်အရေး (CRC) လက်ကမ်းစာ စောင်များကို ဝေငှခဲ့သည်။

သင်တန်းပို့ချပေးခြင်း

မိုးကောင်းမြို့နယ်နှင့် ဟိုပင်မြို့တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု သင်တန်းပို့ချခြင်

မိုးကောင်းမြို့နယ်တွင် ပြုလုပ်သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ လူ့အခွင့်အရေး၊     လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့်  အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းကို ကချင် ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် အောက်တိုဘာလ ၅ ရက်နေ့မှ အောက်တိုဘာလ ၁၆ ရက်နေ့ထိလည်းကောင်း၊ ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် အောက်တိုဘာလ ရ ရက်နေ့မှ အောက်တိုဘာလ ၁၈ ရက်နေ့ထိလည်းကောင်း ပို့ချပေးခဲ့သည်။

မိုးကောင်းမြို့နယ်တွင် ပြုလုပ်သော သင်တန်း၌ လူ့အခွင့်အရေး သင်တန်းနည်းပြအဖြစ် ကိုအောင်သိန်းကြည်မှ သင်တန်းပို့ချ ပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြ အဖြစ် ကိုစိုင်းမြင့်သူမှ သင်တန်းပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ ၁၄ ဦးနှင့် သင်တန်းသား ၁၅ ဦးတို့ တက်ရောက် ခဲ့ကြပြီး ၎င်းတို့သည် သက်တံရောင်စဉ် ပရဟိတလူငယ် အဖွဲ့ဝင်များ၊ Kachin Baptist Cristian (KBC) လူငယ် အဖွဲ့ဝင်များ၊ Roman Catholic   (RC) လူငယ်အဖွဲ့ဝင်များ၊ လူငယ်ရေးရာအဖွဲ့ဝင်များ၊ ရှမ်းနီလူငယ်အဖွဲ့ဝင်များ၊ ရှမ်းနီစာပေ ယဉ်ကျေးမှု၊ ခန္တီးရှမ်းစာပေယဉ်ကျေးမှုအဖွဲ့တို့မှ အဖွဲ့ဝင်များ နှင့် အရပ်သားများဖြစ်ကြ သည်။ သင်တန်းတက်ရောက်သူများသည် ရှမ်း၊ ရှမ်းနီ၊ ကချင်၊ ခန္တီးရှမ်းနှင့် ဗမာလူမျိုးများဖြစ်ကြသည်။ သင်တန်းပို့ချပေးခဲ့သော မိုးကောင်းမြို့နယ်တွင် လာဘ်စားမှုများ ကို ရင်ဆိုင်နေကြရသည့်အပြင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုပါ ရင်ဆိုင်နေကြရသည်။

ဟိုပင်မြို့တွင် ပြုလုပ်သော သင်တန်း၌ လူ့အခွင့်အရေး သင်တန်းနည်းပြအဖြစ် ကိုစောသန်းလှိုင်မှ သင်တန်းပို့ချ ပေးခဲ့ပြီး အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နည်းပြအဖြစ် ကိုဝဏ္ဏနွယ်မှ သင်တန်းမှ သင်တန်းပို့ချပေးခဲ့ကာ  လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်း သင်တန်း နည်းပြအဖြစ် ကိုမျိုးထွန်းမှ သင်တန်းပို့ချပေးခဲ့သည်။ သင်တန်း ကို ရှမ်းနီလူငယ်များ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ Kachin Badist Cristian (KBC) အဖွဲ့ဝင်များ၊ အင်္ဂလီကန်၊ ICM နှင့် RCM  ခရစ်ယာန် ဘာသာရေးဂိုဏ်းများမှ အဖွဲ့ဝင်များ၊ အဖြူရောင်ညီမျှစိတ်အဖွဲ့မှ အဖွဲ့ဝင်များအပါအဝင် စုစုပေါင်း သင်တန်းသူ ၁၂ ဦးနှင့် သင်တန်းသား ၁၈ ဦးတို့ တက်ရောက် ခဲ့ကြသည်။ သင်တန်းတက်ရောက်သူများသည် ရှမ်း၊ ဗမာ၊ ရှမ်းနီနှင့် ကချင်တိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်းပို့ချ ခဲ့သော ဟိုပင်မြို့၌ လယ်ယာမြေသိမ်းဆည်းမှု ပြဿနာများ၊ အဓမ္မခိုင်းစေမှုများ၊ အဓမ္မကျင့်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေကြရသည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင် ရန်နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

Swedish Foundation for Human Rights မှ အေအေပီပီပြခန်းသို့ လာရောက် လည်ပတ်

အောက်တိုဘာလ ၁ရ ရက်နေ့တွင် Swedish Foundation for Human Rights မှ  အထွေထွေအတွင်းရေးမှူး Ms. Ulrika Strand သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ)၏ Memonry of the Past ပြခန်းသိုု့ လာရောက်လည်ပတ်ခဲ့သည်။ ထို့နောက် အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုုင်၊ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ် (MHAP) တာဝန်ခံ ကိုုကျော်စိုုးဝင်း၊ မှတ်တမ်းနှင့် သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ကိုုဇော်မိုုး တိုု့နှင့် တွေ့ဆုုံခဲ့ပြီး အေအေပီပီ၏ လုုပ်ဆောင်နေမှုများ၊ လက်ရှိနိုင်ငံရေးအခြေအနေနှင့် မြန်မာနိုုင်ငံ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သတ်သည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
Promoting the Rule of Law in Myanmar မှ အေအေပီပီပြခန်းသို့ လာရောက် လည်ပတ်

Promoting the Rule of Law in Myanmar မှ အေအေပီပီပြခန်းသို့ လေ့လာကြည့်ရှု

အောက်တိုဘာလ ၁ရ ရက်နေ့တွင် USAID (Promoting the Rule of Law in Myanmar, PRLM) မှ Ms. Heather Goldsmithသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (အေအေပီပီ) ၏ Memory of the Past ပြခန်းသိုု့ လာရောက်လည်ပတ်ခဲ့သည်။ အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုုင်၊  စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) တာဝန်ခံ ကိုုကျော်စိုုးဝင်း၊ မှတ်တမ်းနှင့် သုတေသန တာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ကိုုဇော်မိုုးတိုု့နှင့် တွေ့ဆုံခဲ့ပြီး အေအေပီပီ၏ လုုပ်ဆောင်နေမှုများ၊ လက်ရှိ နိုုင်ငံရေးအခြေအနေနှင့် မြန်မာနိုုင်ငံရှိ တရားဥပဒေစိုုးမိုုးရေး ဆိုုင်ရာနှင့် ပတ်သတ်သည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

ဂျာမဏီသံအမတ်နှင့်အဖွဲ့ အေအေပီပီပြခန်းသို့ လာရောက် လေ့လာ

ဂျာမဏီသံအမတ်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေး

အောက်တိုဘာလ ၁၈ ရက်နေ့တွင် ရန်ကုုန်မြို့၊ ဂျာမဏီနိုုင်ငံသံရုုံးမှ သံမတ် H.E Ambassador Dorothee Janetzke-Wenzel, Dr. Katharina Spiess (Counsellor) နှင့် Mr. Maik Fischer (Third Secretary) တိုု့သည် နိုုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရုုံးသိုု့ လာရောက်လည်ပတ်ခဲ့ပြီး အေအေပီပီ၏ Memory of the Past ပြခန်းအား လေ့လာကြည့်ရှုခဲ့သည်။ ထိုု့နောက်  အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုုင်၊ စိတ်ဓာတ်ပြန်လည် မြှင်တင်ရေးအစီအစဉ် (MHAP) တာဝန်ခံ ကိုုကျော်စိုုးဝင်း၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ကိုုဇော်မိုုးတိုု့နှင့် တွေ့ဆုံခဲ့ပြီး အေအေပီပီ လုုပ်ဆောင်နေသော လုုပ်ငန်းစဉ်များ၊ မြန်မာနိုုင်ငံ လူ့အခွင့်အရေးအခြေအနေ၊နိုုင်ငံရေးအကျဉ်းသားကိစ္စရပ်များ စသည်တိုု့အား ဆွေးနွေးခဲ့သည်။

 

အထွေထွေလှုပ်ရှားမှုများ

OMI မှ သင်တန်းသူ၊ သင်တန်းသားများ အေအေပီပီပြခန်းသို့ လာရောက်လေ့လာ

ထိုင်ဝမ်မှကျောင်းသူများကို ရှင်းလင်းပြောကြား

အောက်တိုဘာလ ၁၂ ရက်နေ့တွင် Open Myanmar Initative (OMI) မှစီစဉ်ကျင်းပသည့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာ သော ကယားပြည်နယ် လွိုင်ကော်နှင့် ဒီမောဆိုး၊ ရှမ်းပြည်နယ် မိုးဗြဲ၊ မကွေးတိုင်း စေတုတ္ထရာ၊ ရေနံချောင်း၊ မင်းဘူးမှ သင်တန်းသူ၊ သင်တန်းသား ၃၉ ဦးသည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) ရန်ကုန်ရုံးတွင် ဖွင့်လှစ်ပြသထားသည့် Memory Of The Past ပြခန်းသို့ လာရောက်လေ့လာခဲ့ကြသည်။ သင်တန်းသူ၊ သင်တန်းသား များအား ပြခန်းတာဝန်ရှိသူများမှ ပြခန်းအတွင်း လိုက်လံ ရှင်းလင်းပြသခဲ့ကြပြီး ပြခန်းဖွင့်လှစ် ပြသထားခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ သည်။

ထိုင်ဝမ်မှ ကျောင်းသူများ မဲစောက် အေအေပီပီ ပြခန်းသို့ လာရောက် လည်ပတ်

ထိုင်ဝမ်မှကျောင်းသူများကို ရှင်းလင်းပြောကြား

အောက်တိုုဘာလ ၁၂ ရက်နေ့တွင် Tak Border Child Assistance Foundation (TBCAF) မှ ဦးဆောင်၍ ထိုုင်ဝမ်မှ ကျောင်းသူများသည်  ထိုုင်းနိုုင်ငံ၊ မဲဆောက်မြို့ရှိ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရုံးသို့ လာရောက်လည်ပတ်ခဲ့သည်။ အေအေပီပီ မှ မမိုုးပန်းဖြူမှ အေအေပီပီ ဖြစ်ပေါ်လာပုံနှင့် အေအေပီပီ လှုပ်ရှားဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအကြောင်း၊ နိုင်ငံရေးအကျဉ်းသားရေးရာ အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျောင်းသူများမှ သိလိုုသည်များကိုု မေးမြန်းခဲ့ သည်။ ထိုု့နောက် ၎င်းတိုု့သည် အေအေပီပီ၏  ပြခန်းသိုု့ လေ့လာကြည့်ရှုခဲ့ကြပြီး မမိုုးပန်းဖြူမှ ပြခန်းအတွင်း လိုုက်လံ ရှင်းလင်းပြသခဲ့သည်။

ND-Burma TJ Advance သင်တန်းသူ၊သင်တန်းသားများ လာရောက်လေ့လာ

ND-Burma TJ Advance သင်တန်းသူ၊သင်တန်းသား အေအေပီပီပြခန်းကို လေ့လာ

အောက်တိုဘာလ ၂ရ ရက်နေ့တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်မှ TJ Advance သင်တန်းသားသင်တန်းသူ ၁၉ ဦးတို့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရုံးသို့ လာရောက် လည်ပတ်ခဲ့ကြပြီး အေအေပီပီ၏ Memory of the Past ပြခန်းကို လေ့လာခဲ့ကြသည်။ AAPP မှ တာဝန်ရှိသူများမှ ပြခန်း အတွင်း လိုက်လံရှင်းလင်းပြသခဲ့သည်။

နိုင်ငံရေးအကျဉ်းသား ကိုနောင်နောင်နှင့် ဒေါ်လးလေးတို့ အတွက် ထောက်ပံ့ငွေ ပေးအပ်

အောက်တိုဘာလ ၂ရ ရက်နေ့တွင် အင်းစိန်နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့မှ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကိုယ်စား နိုင်ငံရေး အကျဉ်းသားနှစ်ဦးဖြစ်သော ကိုနောင်နောင်နှင့် ဒေါ်လေးလေး တို့အတွက် ထောက်ပံ့ငွေကို အင်းစိန်အကျဉ်းထောင်တွင် သွားရောက် ပေးအပ်ခဲ့သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

သင်တန်းပို့ချပေးခြင်း

Mental health awareness and self-care training ကို ပို့ချ

Mental health awareness and self-care training ကို ပို့ချပေးခြင်း

အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်း မြို့နယ်တွင် ပြုလုပ်သော လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရား မျှတမှုသင်တန်း၌ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေး အစီအစဉ် (MHAP) မှ CETA သင်တန်းနည်းပြ ကိုထင်အောင်သည် Mental health awareness and self-care training ကို ပို့ချပေးခဲ့သည်။ ထိုသင်တန်း၌ သင်တန်းသူ၊သင်တန်းသား စုစုပေါင်း ၂၁ ဦး ပါဝင်တက်ရောက်ခဲ့သည်။ ထို့ပြင် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဟိုပင်မြို့၌ ပြုလုပ်သော လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း၌လည်း ကိုထင်အောင်သည် Mental health awareness and self-care training ကို ပို့ချပေးခဲ့ပြီး သင်တန်းသူ၊သင်တန်းသား စုစုပေါင်း ၂၂ ဦး သင်တန်းတက်ရောက်ခဲ့သည်။

နှစ်သိမ့်ဆွေးနွေးပေးခြင်း

အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ် သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေး အတတ်ပညာ သင်ကျောင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။

အောက်တိုဘာလအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ ငါးဦးသည် အမျိုးသမီး သက်မွေး အတတ်ပညာ သင်ကျောင်းမှ အမျိုးသမီး ခြောက်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ကိုးဦးကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။ ထို့ပြင် အောက်တိုဘာလတွင်း MHAP မှ အမျိုးသမီး ကောင်ဆယ်လာ နှစ်ဦးသည် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ အမျိုးသမီး သုံးဦးကို နှစ်သိမ့် ဆွေးနွေး ပေးမှုကို ပြီးမြောက်ခဲ့ပြီး နောက်ထပ် အမျိုးသမီး သုံးဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ထို့ပြင် အပတ်စဉ် တနင်္လာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေး အတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ အောက်တိုဘာလအတွင်းတွင် လူငယ် ၁ရ ဦးကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

အောက်တိုဘာလအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ  နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစု ဝင်များနှင့်   အခြားထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေး ပေးခဲ့သည်။ ထို့ပြင် ပဲခူးမြို့ရှိ ကောင်ဆယ်လာ တစ်ဦးမှလည်း ပဲခူးမြို့အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြား ထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကောင်ဆယ်လာ တစ်ဦးမှ  နတ်မောက်နှင့် တောင်တွင်းကြီးမြို့နယ်တွင်ရှိသော HIV လူနာများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP အဖွဲ့သည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ ပြည်တွင်းစစ် ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို နှစ်သိမ့်ဆွေးနွေးပေးလျှက် ရှိသည်။ အောက်တိုဘာလအတွင်းတွင် အမျိုးသမီး ရှစ်ဦးနှင့် အမျိုးသား လေးဦးတို့ကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၂၃ ဦးနှင့် အမျိုးသား ၁၃ ဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေး လျှက်ရှိသည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁၂ ၈၇၈ ၇၅၁

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

အောက်တိုဘာလအတွက်သတင်းလွှာဒေါင်းလော့ရယူရန် Burmese Newsletter Template for October