အေအေပီပီမှ ဩဂုတ်လလှုပ်ရှားဆောင်ရွက်ချက်များအတွက် လစဉ်သတင်းလွှာ

မွန်ပြည်နယ်အတွင်းလူ့အခွင့်အရေးအသိပညာပေးဆွေးနွေးပွဲများ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်တွင် လူ့အခွင့်အရေး ဆိုင်ရာဟောပြောဆွေးနွေးပွဲများပို့ချပေးခြင်း

HR awarness

ပေါင်မြို့နယ်၊ သဲကုန်း အထကတွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ ကျောင်းသားတစ်ဦးမှ သိလိုသည်များကို မေးမြန်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း (၃၉) ပွဲကို မွန်ပြည်နယ် သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့နယ်နှင့် ဘီးလင်းမြို့နယ်ရှိ  အခြေခံပညာ အထက်တန်းကျောင်းများနှင့်  အခြေခံပညာအထက်တန်း ကျောင်းခွဲ စုစုပေါင်း (၃၉) ကျောင်းတွင်  ဟောပြော ပို့ချ ပေးခဲ့သည်။

သထုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၂) ကျောင်း နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (၅) ကျောင်းကို လည်းကောင်း၊ ပေါင်မြို့နယ်တွင် အခြေခံပညာ အထက်တန်း ကျောင်း (၈) ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (၂) ကျောင်းကို လည်းကောင်း၊ မုတ္တမမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၂) ကျောင်းကို လည်းကောင်း၊ ဘီးလင်း မြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၁၀) ကျောင်းကိုလည်းကောင်း ဟောပြောပို့ချ ပေးနိုင်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားဦးရေ စုစုပေါင်း (၁၄၉၃၉) ဦးနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ်၊ သထုံမြို့နယ် အထက (မရမ်းကုန်းကျေးရွာ)၊ အထက-ခွဲ(ကတိုက်ကလေး)၊ အထက (၁) သထုံတွင် ပြုလုပ်သော ဆွေးနွေးပွဲများ၌ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီမှ ဦးစောကျော်မိုး၊ မွန်ပြည်နယ်၊ သထုံ မြို့နယ် အထက (၂) သထုံတွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီနှင့် ပြည်သူ့ငွေစာရင်း ဘဏ္ဏာရေး စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဌ ဦးအောင်ကျော်သူ၊ မွန်ပြည်နယ်၊ သထုံ မြို့နယ် အထက (ပုတိန်ရိုး၊ ဖော်ဖရွာ)၊ သထုံမြို့နယ် အထက (နောင်ကုလားရှမ်းရွာ)တွင် ပြုလုပ်သော ဆွေးနွေးပွဲများ၌  မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ ကော်မတီနှင့် ပြည်သူ့ငွေစာရင်း ဘဏ္ဏာရေး စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မတီဥက္ကဌ ဦးအောင်ကျော်သူနှင့် မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီ၊ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့တို့မှ အဖွင့်အမှာစကားပြောကြားဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် AAPP မှ ဦးအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦးတို့မှ AAPP အဖွဲ့သားများနှင့်​ ဦးစွာမိတ်​ဆက်​​ပေးပြီး ​ဟော​ပြောပွဲပြုလုပ်​ရခြင်​း၏ ရည်​ရွယ်​ချက်​များကိုရှင်​းပြပေးခဲ့ ပါသည်။ ထို့နောက် ဦးအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦး၊ မဇွန်ပန်း၊ ကိုခင်မောင်ဝင်း၊ ကိုဖြိုးဆွေမောင်၊ ကိုကိုအောင်၊ ကိုမျိုးထွဋ်အောင်၊ ကိုထွေးမော်နှင့် ကိုမျိုးထွန်းတို့မှ လူ့အခွင့်​အ​ရေး အ​ကြောင်​းများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အချက် ၃ဝ နှင်​့ တာဝန်​ယူမှု၊ တာဝန်​ခံမှု အ​ကြောင်​းများကို​ ​ဟော​ပြော ရှင်​းလင်း​ဆွေး​နွေး​ပေးခဲ့ပြီး ကျောင်​းသား၊​ကျောင်​းသူများမှ အပြန်​အလှန်​​မေးခွန်​းများ​မေးမြန်​း​ခဲ့ပါသည်​။

ဟောပြောပွဲများပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPP မှ အချက် ၃ဝ ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)၊ ကလေးအခွင့်အရေး (CRC) လက်ကမ်းစာ စောင်များကို ဝေငှခဲ့သည်။

ပြည်မြို့နယ်နှင့် ပဲခူးမြို့နယ်တို့တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းပို့ချခြင်း

HR and TJ

ပဲခူးမြို့နယ်တွင် ပြုလုပ်သော သင်တန်း၌ သင်တန်းတက်ရောက်သူ တစ်ဦးမှ ပါဝင်ဆွေးနွေး

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ လူ့အခွင့်အရေး၊     လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့်  အသွင် ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းကို ဩဂုတ်လ ၃ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်မြို့ တွင်လည်းကောင်း၊ ဩဂုတ်လ ၁၈ ရက်နေ့မှ ဩဂုတ်လ ၂၉ ရက်နေ့ အထိ ပဲခူးမြို့နယ်၌ လည်းကောင်း ပို့ချပေးခဲ့သည်။

ပြည်မြို့နယ်တွင် ပြုလုပ်သော သင်တန်း၌ လူ့အခွင့်အရေး သင်တန်း နည်းပြအဖြစ် ကိုနေဝန်းမှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင် ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြအဖြစ် ကိုတင်မျိုးထွဋ်မှ သင်တန်းပို့ချ ပေးခဲ့သည်။ သင်တန်းကို တောင်သူလယ်သမားအဖွဲ့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်လူငယ်ကွန်ရက်၊ ဥသျှစ်ပင်လူငယ် ကွန်ရက်၊ အမျိုးသမီးအားမာန် ပရဟိတအဖွဲ့၊ ပြည်လူငယ် ရိပ်မြုံ၊ Youth Center၊  စသည့်အဖွဲ့များမှ အဖွဲ့ဝင်များ၊ ကျောင်းသူတစ်ဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးနှင့် အရပ်သား နှစ်ဦးတို့အပါအဝင် စုစုပေါင်း သင်တန်းသူ ၁၆ ဦး၊ သင်တန်းသား ၁၁ ဦးတို့ တက်ရောက်ခဲ့သည်။ သင်တန်းတက်ရောက်သူများသည် ဗမာ၊ ကချင်/ဗမာ နှင့် ဟိန္ဒူလူမျိုးများ ဖြစ်ကြသည်။ သင်တန်းပို့ချပေးခဲ့သော ပြည်ခရိုင်တွင် အလုပ်သမားအများစုမှာ နိုင်ငံတော်မှ သတ်မှတ်ထား သော လုပ်ခလစာအား အပြည့်အဝ မရရှိကြခြင်း၊ လယ်ယာမြေ သိမ်းဆည်းမှုများရှိခြင်း၊ လူကုန်ကူးခံနေကြရခြင်း စသည့်              လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေကြရသည်။

ပဲခူးမြို့နယ်တွင် ပြုလုပ်သော သင်တန်း၌ လူ့အခွင့်အရေး သင်တန်းနည်းပြအဖြစ် ကိုအောင်သိန်းကြည်မှ သင်တန်းပို့ချ ပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင် ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြအဖြစ် ကိုစိုင်းမြင့်သူမှ သင်တန်းပို့ချပေးခဲ့သည်။ သင်တန်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပဲခူး ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း အဖွဲ့အစည်း၊ ရွှေတိုင်နာရေးကူညီမှုအသင်း၊ မျက်ဝန်းသစ်အဖွဲ့၊ လူ့အခွင့်အရေးပညာပေးသူများအဖွဲ့ (Human Rights Educators Association)၊ တိုးတက်ရေးစာဖတ်ခန်း၊ ကရင်အမျိုးသမီးအစည်းအရုံး စသည့် နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် အရပ်သားများ အပါအဝင် စုစုပေါင်း သင်တန်းသားဦးရေ ၂၂ ဦး သင်တန်း တက်ရောက်ခဲ့သည်။ သင်တန်းတက်ရောက်သူများသည် ဗမာနှင့် ကရင် တိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော ပဲခူးမြို့နယ်၌ အများပိုင်နေရာများ (အားကစားနေရာ၊ သာဿနိက အဆောက်အဦး) သိမ်းဆည်းခံထားရခြင်း၊ အုပ်ချုပ်ရေးမှူးတချို့ လာဘ်စားမှုရှိနေခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင် နေကြရပါသည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင်ရန်နှင့် အသိ ပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင် ပေးခြင်းဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

Political Officer Ian R. MacKenzie အေအေပီပီပြခန်းသို့ လာရောက် လေ့လာ

US ambassdor visit AAPP

AAPP မှ ကိုဇော်မိုးမှ အမေရိကန်သံရုံးသို့ အသစ်ရောက်ရှိလာသော Political Officer Ian R. MacKenzie ကို ပြခန်းအတွင်း ရှင်းလင်းပြသ

ဩဂုတ်လ  ၂ ရက်နေ့တွင်  အမေရိကန်သံရုံးသို့ အသစ်ရောက်ရှိလာ သော Political Officer Ian R. MacKenzie သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရုံးသို့လာရောက်လေ့လာခဲ့သည်။ ထိုသို့လေ့လာရာတွင် AAPP မှ ပြည်တွင်း တာဝန်ခံ ဦးအောင်မျိုးကျော်၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဦးဇော်မိုး၊ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးဌာန တာဝန်ခံ ဦးကျော်စိုးဝင်းတို့မှ လက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိနိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေနှင့် AAPP ၏ လုပ်ဆောင်နေသော လုပ်ငန်းများအကြောင်းများ ရှင်းလင်းပြောပြခြင်း၊ သိလိုသည်များကို ဖြေကြားခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် AAPP ၏ Memory of the Past ပြခန်းကို ရှင်းလင်းပြသခြင်းများ ပြုလုပ်ခဲ့သည်။

ကယား(ကရင်နီ)ဒေသမှ လူငယ်များ AAPP ပြခန်းသို့ လာရောက် လေ့လာ

Kayar (Kayani) visit AAPP

AAPP ပြခန်းသို့ လာရောက်လေ့လာသော ကယား(ကရင်နီ)ဒေသမှ လူငယ်များကို AAPP ရန်ကုန်ရုံးတာဝန်ခံ ကိုအောင်မျိုးကျော်မှ ရှင်းလင်း ပြောကြား

ဩဂုတ်လ ၉ ရက်နေ့တွင် The Wing Institute မှ စီစဉ်ပေးမှုဖြင့် ကယား(ကရင်နီ)ဒေသမှ လူငယ် ၂၈ ဦးသည်  နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ Memory of the Past ပြခန်​းသို့ လာ​ရောက်​​လေ့လာခဲ့သည်။ ထိုသို့လာရောက်လေ့လာရာတွင် AAPP မှ ပြခန်းတာဝန်ခံများမှ ကယား(ကရင်နီ) ဒေသမှ လူငယ်များ အား ပြခန်းအတွင်း လိုက်လံ ရှင်းလင်းပြသပေးခဲ့ပြီး နိုင်ငံရေး ဖြတ်သန်းမှုများ၊ နိုင်ငံအရေးအကျဉ်းသားများ၏ဘဝ အခြေအနေများ အားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် AAPP ၏ အတွင်းရေးမှူး ဦးတိတ်နိုင်မှ ကယား(ကရင်နီ) ဒေသမှ လူငယ်များအား လက်ခံ တွေ့ဆုံပြီး AAPP ၏ လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။

Seoul National University မှ အဖွဲ့သားများ AAPP ပြခန်းသို့ လေ့လာ

Seoul National University

Seoul National University မှ အဖွဲ့သားများ AAPP ပြခန်းသို့ လေ့လာ

ဩဂုတ်လ ၁၂ ရက်နေ့တွင် Seoul National University, Global Education Cooperation မှ Lead Reacher Ms. Moon Suk Hong နှင်​့အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ Memory of the Past ပြခန်​းသို့ လာ​ရောက်​​လေ့လာခဲ့ကြသည်။ AAPP မှ ပြခန်းတာဝန်ခံများမှ လိုက်လံရှင်းလင်း ပြသပေးခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ဘဝ ဖြတ်သန်း ခဲ့ရမှုပုံရိပ်များအား ရှင်းလင်းပြောကြားပေးခဲ့သည်။

အမေရိကန်သံရုုံးမှ Mr. Geroge Sibley နှင့်အဖွဲ့ AAPP ပြခန်းသို့လေ့လာ

Mr.Geroge Sibley visit AAPP

အမေရိကန်သံရုုံးမှ Mr. Geroge Sibley (Deputy Chief of Mission) အဖွဲ့ နှင့် AAPP အဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေး

ဩဂုတ်လ ၁၄ ရက်တွင် အမေရိကန်သံရုုံးမှ Mr. Geroge Sibley (Deputy Chief of Mission) နှင့် ဇနီး Mrs. Lee Alison Sibley၊ Ms. Valerie Begley, Phd, Gender Advisor and Grants Coordinator နှင့်အဖွဲ့သည် AAPP ပြခန်းသိုု့ လာရောက်လေ့လာပြီး၊ AAPP မှ အတွင်းရေးမှူး ဦးတိတ်နိုုင်၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဦးဇော်မိုး၊ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးဌာန တာဝန်ခံ ဦးကျော်စိုးဝင်းတိုု့မှ ပြခန်းအား လိုုက်လံ ရှင်းလင်းပြသခဲ့သည်။ ထိုု့နောက် AAPP ၏ လုုပ်ငန်းစဉ်များ၊ မူဝါဒများနှင့် လက်ရှိ မြန်မာနိုုင်ငံ၏ နိုုင်ငံရေးနှင့် လူ့အခွင့်အရေး အခြေအနေတိုု့အား ဆွေးနွေးခဲ့ကြသည်။

ဗြိတိသျှသံအမတ်ကြီး Mr.Dan Chugg နှင့်အဖွဲ AAPP ပြခန်းသို ့ လေ့လာ

Birtish Ambasorry visit AAPP

British Ambassador နှင့်အဖွဲ့ AAPP အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေး

ဩဂုတ်လ ၁ရ ရက်နေ့တွင် ရန်ကုန်မြို့ ဗြိတိသျှသံရုံးမှ သံအမတ်ကြီး Mr. Dan Chugg နှင့် အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးသို့ လာရောက် လည်ပတ်ခဲ့ကြသည်။ AAPP ၏ Memory of the Past ပြခန်းကို လေ့လာကြည့်ရှုရာတွင် AAPP  မှ မှတ်တမ်းနှင့်သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဦးဇော်မိုး၊ စိတ်ဓာတ် ပြန်လည်မြှင့်တင် ရေးဌာန တာဝန်ခံ ဦးကျော်စိုးဝင်း တို့မှ ရှင်းလင်းပြောပြခဲ့ပြီး AAPP ၏ လုပ်ငန်းများလုပ်ဆောင်နေမှုအခြေအနေများကို AAPP ၏ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်၊ ဦးဇော်မိုးနှင့် ဦးကျော်စိုးဝင်းတို့မှ ရှင်းလင်း ပြောပြပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် သံအမတ်ကြီးနှင့်အဖွဲ့အားAAPP မှ အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ သည်။

ICRC မှ ကိုယ်စားလှယ်အဖွဲ့ AAPP ပြခန်းသို့ လေ့လာ

ICRC visit AAPP

ICRC မှ ကိုယ်စားလှယ်တစ်ဦးကို AAPP မှ ဦးကျော်စိုးဝင်းမှ ရှင်းလင်း ပြသ

ဩဂုတ်လ ၂၄ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ Mental Health and Psycho-Social Service (MHPSS) ဆိုင်ရာ ကိုယ်စားလှယ် Ms. Sarah Henriette Mina Khenati နှင့် ဒေါက်တာ ကျော်ဇောဟန် (Health Field Officer of ICRC) တို့သည် AAPP ရန်ကုန်ရုံးသို့ လာရောက်လည်ပတ်ခဲ့ကြပြီး AAPP ၏ Memory of the Past ပြခန်းကို လေ့လာကြည့်ရှုခဲ့သည်။ ထို့နောက် Mental Health Assistance Program (MHAP) နှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခြင်း ပြုလုပ်ခဲ့ရာ Mental Health Assistance Program (MHAP) ၏ တာဝန်ခံ ဦးကျော်စိုးဝင်းမှ ရှင်းလင်း ပြောကြားခဲ့သည်။

ပြင်သစ်သံရုံးမှ ကိုယ်စားလှယ်များ AAPP ပြခန်းသို့ လာရောက်လေ့လာ

French Ambassdor visit AAPP

ပြင်သစ်သံရုံးမှ ကိုယ်စားလှယ်များကို AAPP မှ ဦးကျော်စိုးဝင်းမှ ရှင်းလင်း ပြသ

ဩဂုတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ ပြင်သစ်သံရုံးမှ Joachim Stassart (Political Attaché) နှင့် Ma Naing Naing Tun (Public Relation France Embassy Yangon) တို့သည် AAPP ရန်ကုန်ရုံးသို့ လာရောက်လည်ပတ်ခဲ့ကြသည်။ AAPP ၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်နှင့် မှတ်တမ်းနှင့်သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဦးဇော်မိုး တို့မှ  AAPP ၏ လုပ်ငန်းများ လုပ်ဆောင် နေမှုအခြေအနေများ၊ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) အကြောင်းတို့ကို  ရှင်းလင်းပြောကြားခဲ့ကြပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုများအပြီးတွင် AAPP ၏ Memory of the Past ပြခန်းကို လေ့လာကြည့်ရှုရာAAPP မှ ဦးကျော်စိုးဝင်းမှ ရှင်းလင်းပြောကြားခဲ့သည်။

အထွေထွေလှုပ်ရှားမှုများ

၈၈၈၈ နှစ် ၃ဝ ပြည့်အခမ်းအနားတွင် AAPP မှ ပြခန်းဖွင့်လှစ် ပြသ

Kyaw Soe and Phay Myint

၈၈၈၈ အမှတ်တရပြခန်းကို လာရောက်လည်ပတ်သော ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကို AAPP မှ ဦးကျော်စိုးမှ ရှင်းလင်း ပြသ

ရန်ကုန်တက္ကသိုလ်၌ ဩဂုတ်လ ၆ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့ထိ ကျင်းပပြုလုပ်သော ၈၈၈၈ နှစ် ၃ဝ ပြည့် အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) မှ ၈၈၈၈ အမှတ်တရ ပြခန်းကို ဖွင့်လှစ်ပြသခဲ့သည်။ ထိုပြခန်းသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် အပါအဝင် ဧည့်သည်အများအပြား လာရောက် လေ့လာခဲ့ကြသည်။ AAPP မှ တာဝန်ရှိသူများမှ ပြခန်းတွင်း လိုက်လံ လှည့်လည်ပြသခဲ့ပြီး ရှင်းလင်းတင်ပြခဲ့သည်။

ဒီမိုကရေစီအထိမ်းအမှတ် မော်ကွန်းကျောက်တိုင်ဖွင့်ပွဲတွင် အမှတ်တရ စကားပြောကြား

KT 8888 anniversary

ဒီမိုကရေစီအထိမ်းအမှတ် မော်ကွန်းကျောက်တိုင်ဖွင့်ပွဲတွင် AAPP အတွင်းရေးမှူး ဦးတိတ်နိုင်မှ အမှတ်တရစကား ပြောကြား

ဩဂုတ်လ ၈ ရက်နေ့တွင် ပဲခူးမြို့၌ ကျင်းပသည့် ဒီမိုကရေစီ အထိမ်းအမှတ် မော်ကွန်းကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) အတွင်းရေးမှူး ဦးတိတ်နိုင်သည် အမှတ်တရစကား ပြောကြား ပေးခဲ့သည်။

မမီးမီး(ခ)မသင်းသင်းအေး၏ နာရေးသို့ တက်ရောက်.

Mee Mee funeral

နိုင်ငံရေးအကျဉ်းသားဟောင်း  ၈၈ ငြိမ်း/ပွင့်မှ  မမီးမီး၏ နာရေးတွင် AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်မှ ဝမ်းနည်းကြောင်း လက်မှတ် ရေးထိုး

ဩဂုတ်လ ၁၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားဟောင်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မမီးမီး (ခ) မသင်းသင်းအေး၏   နာရေးသို့  AAPP ၏       တွဲဖက်အတွင်းရေးမှူး

ဦးဘိုကြည်၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဦးဇော်မိုး၊ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးဌာန တာဝန်ခံ ဦးကျော်စိုးဝင်းတို့ သွားရောက်၍ ဝမ်းနည်းခြင်း မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးပြီး၊ မမီးမီး(ခ) မသင်းသင်းအေး၏ ကွယ်လွန်ခြင်းအတွက် လွမ်းသူ့ပန်းခွေ လာရောက်ပိုု့ဆောင်၍ ဝမ်းနည်းခြင်း မှတ်တမ်းစာအုပ်တွင် လာရောက် လက်မှတ်ရေးထိုး သော ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် ဦးမင်းကိုနိုင်၊ ဦးဂျင်မီ တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုထွေးအတွက် ထောက်ပံ့ငွေ ပေးအပ်

ဩဂုတ်လ ၂ရ ရက်နေ့တွင် အင်းစိန်နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့မှ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကိုယ်စား နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုထွေးအတွက် ထောက်ပံ့ငွေကို အင်းစိန်အကျဉ်းထောင်တွင် သွားရောက် ပေးအပ် ခဲ့သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

နှစ်သိမ့်ဆွေးနွေးပေးခြင်း

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေး အတတ်ပညာ သင်ကျောင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့

သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပေးမှုများ ပြုလုပ်လျှက် ရှိသည်။

ဩဂုတ်လအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ ငါးဦးသည် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ အမျိုးသမီး ခုနှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ၁၂ ဦးကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။ ထို့ပြင် ဩဂုတ်လအတွင်း MHAP မှ အမျိုးသမီး ကောင်ဆယ်လာ သုံးဦးသည် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှုကို ပြီးမြောက်ခဲ့ပြီး နောက်ထပ် အမျိုးသမီး ခြောက်ဦးကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

ထို့ပြင် အပတ်စဉ် တနင်္လာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး အတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိ သည်။ ဩဂုတ်လအတွင်းတွင် လူငယ် ၁၈ ဦးကို နှစ်သိမ့်ဆွေးနွေးပေး လျှက်ရှိသည်။

ဩဂုတ်လအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ  နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြားထိခိုက်လွယ်သူ များကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။ ထို့ပြင် ပဲခူးမြို့ရှိ ကောင်ဆယ်လာ တစ်ဦးမှလည်း ပဲခူးမြို့အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြား ထိခိုက် လွယ်သူများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကောင်ဆယ်လာ တစ်ဦးမှ  နတ် မောက်နှင့် တောင်တွင်းကြီးမြို့နယ်တွင်ရှိသော HIV လူနာများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP အဖွဲ့သည် ရွှေ့ပြောင်းမြန်မာ အလုပ် သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက် နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ ဩဂုတ်လအတွင်းတွင် အမျိုးသမီး ခုနှစ်ဦးနှင့် အမျိုးသား ခြောက်ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ကိုးဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

သင်တန်းပို့ချပေးခြင်း

Mental health awareness and self-care training ကို ပို့ချပေးခြင်း

Kyaw Soe Win Training MHAP

AAPP မှ ဦးကျော်စိုးဝင်းမှ Mental health awareness and self-care training ကိုပို့ချ

ဩဂုတ်လ ၁၃ ရက်နေ့နှင့် ဩဂုတ်လ ၁၄ ရက်နေ့တို့တွင် ပြည်မြို့၌ ပြုလုပ်သော လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှုသင်တန်း၌ AAPP-MHAP အဖွဲ့မှ CETA သင်တန်းနည်းပြ ကိုထင်အောင်နှင့် စူပါဗိုက်ဆာ ဒေါ်သန်းသန်းဌေးတို့သည် Mental health awareness and self-care training ကို သွားရောက် ပို့ချပေးခဲ့သည်။

ထို့ပြင် ဩဂုတ်လ ၂၈ ရက်နေ့နှင့် ဩဂုတ်လ ၂၉ ရက်နေ့တို့တွင် ပဲခူးမြို့၌ ပြုလုပ်သော လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှုသင်တန်း၌ MHAP တာဝန်ခံ ဦးကျော်စိုးဝင်းနှင့် ကောင်စယ်လာ ကိုလွင်မိုးမြင့် တို့သည် Mental health awareness and self-care training ကို သွားရောက် ပို့ချပေးခဲ့သည်။

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး + ၉၅(၀) ၉၄၂၈ ဝ၂၃ ၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁၉ ၆၂၈ ၇၁၃

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

အေအေပီပီသတင်းလွှာ ဒေါင်းလော့ရယူရန် Burmese Newsletter Template for August