ဩစတေးလျနိုင်ငံမှ သံအရာရှိနှင့် အဖွဲ့ အေအေပီပီ ပြခန်းသို့ လေ့လာ

DSC05330

ဧပြီလ ၂၆ ရက်နေ့ ၂၀၁၈ နေ့လည် ၂ နာရီတွင် ဩစတေးလျနိုင်ငံ သံရုံးမှ သံအရာရှိများဖြစ်သည့် Jerey Kruse (Deputy Head of Mission), Alex Street (First Secretary), and Jonathan McManus (Senior Policy Officer) တို့သည် ရန်ကုန်မြို့ရှိ အေအေပီပီရုံးတွင် မတ်လ ၂၃ ရက်နေ့မှ စတင်ဖွင့်လှစ်ပြသထားသည့် Memory of the past အမည်ရှိ ပြခန်းသို့လာရောက်လေ့လာခဲ့ကြပါသည်။ အေဆေအပီပီမှ တာဝန်ရှိသူများဖြစ်သည့် ကိုဘိုကြည်၊ ကိုကျော်စိုးဝင်း ကိုဇော်မိုးတို့မှ ပြခန်းတွင်းလိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက် AAPP ၏ လက်ရှိလုပ်ဆောင်နေသောလုပ်ငန်းစဉ်များ၊ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် လူ့အခွင့်အရေးအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

DSC05395