ပဲခူးတိုင်း ရေတာရှည်မြို့နယ် (အ.ထ.က) ရေတာရှည်ကျောင်းတွင် အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ

15416164_10210410535512540_44609528_n

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မှ ဦးဆောင်၍ အထက ရေတာရှည်ကျောင်းတွင် အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲအား ယနေ့နေ့လည် ၁ နာရီမှစတင်ကျင်းပခဲ့ပါသည်။

15356956_10210410535112530_602770232_n

အဆိုပါဆွေးနွေးပွဲသို့ ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တရားရေး၊ အမျိုးသမီးရေးရာ၊ ဥပဒေအရာရှိ၊ လဝကမြို့နယ်ဦးစီးမှူး၊ မြို့နယ်ပညာရေးမှူး၊ ပြန်ဆက်မြို့နယ်ဦးစီးမှူး ၊ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြးခဲ့ကြပြီး၊ အထက ရေတာရှည်မှ ကျောင်းသူ၊ ကျောင်းသား ၉၀ဝ ခန့်တက်ရောက်ခဲ့ပါသည်။ တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများအား လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပြီး ဆွေးနွေးပွဲတွင် ရေတာရှည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်၊ အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးကြီး၊ စာရေးဆရာမ နှင်းပန်းအိမ်၊ နှင့် ကိုဝဏ္ဏနွယ်တို့မှ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။

15356836_10210410534992527_1834101034_n