ကိုညီညီအောင်မိသားစုနှင့် တွေ့ခွင့်ပိတ်ပင်ခံရ

မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခ) ကျော်ဇောလွင် အား အာဏာပိုင်များက
မိသားစုတွေ့ခွင့်နှင့် ထောင်ဝင်စာတွေခွင့်ကို လုံးဝ ခွင့်မပြုတော့ကြောင်း သတင်းရရှိပါသည်။
ကိုညီညီအောင်၏ မိသားစုမှ ၂၀၁ဝ ဇန္နဝါရီလ ၁၈ ရက်နေ့တွင် ထောင်ဝင်စာ သွားတွေ့ခဲ့ရာ
ထောင်မှုးကျော်မင်းထွန်းမှ လောလောဆယ် တွေ့ခွင့်မရသေးကြောင်းနှင့် လာမည့် ဇန္နဝါရီလ ၂ရ ရက်နေ့
(စီရင်ချမည့်ရက်) တွင် တွေ့ခွင့်ရနိုင်မည်ထင်ကြောင်း မိသားစုထံ ပြောကြားခဲ့သည်။ ထို့နောက် ဇန္နဝါရီလ ၂၅
ရက်နေ့တွင် အမေရိကန်သံရုံး တာဝန်ရှိသူတဦးမှတဆင့် ကိုညီညီအောင်၏ မိသားစုထံသို့ ၂ရ ရက်နေ့တွင်
ထောင်ဝင်စာ တွေ့ခွင့် ရမည်မဟုတ်ကြောင်း အကြောင်းကြားလာခဲ့သည်။ မိသားစုမှ
ထောင်အာဏာပိုင်များထံ မေးမြန်းစုံစမ်းခဲ့ရာ ထောင်ပိုင်လေးမှ လုံးဝ တွေ့ခွင့်မရှိတော့ကြောင်း
အကြောင်းပြန်ကြားခဲ့သည်ဟု သိရှိရသည်။
ကိုညီညီအောင်၏ စီရင်ချက်ကိုလည်း တရားသူကြီးမှ လက်ရှိရင်ဆိုင်နေရသော အမှုအား
ပြန်လည်စီစစ်စရာရှိသေးသဖြင့် ၂၀၁ဝ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းခဲ့ကြောင်း သိရှိရသည်။
ကိုညီညီအောင်၏ မိသားစုအနေဖြင့် ထိုသို့ ထောင်ဝင်စာတွေ့ခွင့်မရတော့သည့်အပေါ်
အလွန်စိုးရိမ်နေလျှက်ရှိကြောင်းသိရှိရသည်။
ပုံမှန်အားဖြင့် အချုပ်ကျခံနေစဉ်ကာလအတွင်း မိသားစုများမှ တပတ်လျှင် တကြိမ်
ပုံမှန်ထောင်ဝင်စာတွေ့ခွင့်ရရှိကြသည်။
ကိုညီညီအောင်အား ထိုသို့ ထောင်ဝင်စာပိတ်လိုက်ခြင်းနှင့်ပတ်သက်၍ အေအေပီပီ၏ အတွင်းရေးမှုး
ကိုတိတ်နိုင်က ထောင်ဝင်စာမတွေ့ရတော့တဲ့အခါ အဟာရချို့တဲ့မှုကို ခံစားရမယ့်အပြင်
စိတ်ပိုင်းဆိုင်ရာအရပါ များစွာထိခိုက်စေတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာဖြစ်တယ်။ ဒါ့အပြင်
ကိုညီညီအောင်ကိုသာမက သူ့ရဲ့ မိသားစုကိုပါ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု ပြုလုပ်လိုက်တာပါပဲ
ဟုပြောဆိုလိုက်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
ဆက်သွယ်ရန် –
ကိုတိတ်နိုင် ၆၆(၀)၈၁ ၂၈၇၈၇၅၁
ကိုဘိုကြည် ၆၆(၀)၈၁ ၉၆၂၈ ၇၁၃

ဒေါင်းလော့ရယူရန်information_release_Nyi_Nyi_Aung_is_Banned_family_Visit _Burmese_27Jan2010