ဘိုကလေးမြို့ သို့ အေအေပီပီမှ သွားရောက်လည်ပတ်ခဲ့

၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဧရာဝတီတိုင်း ဘိုကလေးမြို့ သို့ အေအေပီပီမှ  သွားရောက်လည်ပတ်ခဲ့စဉ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီဘီ) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်ဦးဆောင်သော အဖွဲ့သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဘိုကလေးမြို့နယ်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် သွားရောက်တွေ့ဆုံပြီး အေအေပီပီဘီ ၏ လုပ်ငန်းစဉ်များ၊ နိုင်ငံရေးအကျဉ်းသားများစာရင်း ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား နှစ်သိမ့်အားပေးခြင်းလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအခမ်းအနားကို ဘိုကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့ပြီး အခမ်းအနားအမှူးအဖြစ် ကိုထင်အောင် မှဆောင်ရွက်ခဲ့ပါသည်။
ဦးဘိုကြည်မှ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီဘီ)၏ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးခြဲ့ပီး။ ကိုအောင်မျိုးကျော်မှ နိုင်ငံရေးအကျဉ်းသားဟောင်းများ အချက်အလက်ကောက်ယူစုဆောင်းမှု လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း၊ ကိုစောသက်ထွန်းမှ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏မိသားစုဝင်များအား နှစ်သိမ့်အားပေးခြင်းလုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။ ဒေသခံနိုင်ငံရေးအကျဉ်းသားဟောင်းများမှ သိရှိလိုသည်များကို မေးမြန်းခြင်း၊ ကဏ္ဍအလိုက်ပြန်လှန်ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့သည်။
ထို့နောက် ဒေသခံနိုင်/ကျဉ်းဟောင်း ဦးအောင်ခင်ဗိုလ်မှ အေအေပီပီဘီအတွက် ၎င်းကိုယ်တိုင်ရေးစပ်ထားသော ် ကဗျာကို ရွတ်ဆိုခဲ့သည်။ အေအေပီပီဘီမှ ထုတ်ဝေခဲ့သော စာအုပ်စာတမ်းများကို ဦးဘိုကြည်မှ ဘိုကလေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌထံ ပေးအပ်ခဲ့ပြီး နေ့လည်(၁)နာရီတွင် အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့သည်။