အေအေပီပီ- စိတ်ဓါတ်ပြန်လည်မြှင့်တင်ရေး(MHAP) အဖွဲ့သားများ၏ ကမော္ဘဒီးယား နိုင်ငံ လေ့လာရေးခရီးစဉ်

ကိုသန်းမြင့်အောင်၊ ကိုကျော်စိုးဝင်း၊ ကိုကျော်ဆန်း၊ ကိုသက်နောင်နှင့် မခင်ငြိမ်းချမ်းစိုးတို့အား ကမော္ဘဒီးယားနိုင်ငံသို့ သွားရန် သုဝဏ္ဏဘူမိလေဆိပ် ဘန်ကောက်မြို့၌ တွေ့ရစဉ်။ ကမော္ဘဒီးယားနိုင်ငံသို့ တပတ်ကြာ လေ့လာခြင်း အစီစဉ် ဖြစ်ပြီး၊ ခရီးစဉ်၏ ရည်မှန်းချက်မှာ အေအေပီပီ၏ MHAP အစီအစဉ် နှင့် တူညီသော ကမ္ဘောဒီးယားနို်င်ငံ လူမှု့ကွန်ယက်အဖွဲ့အစည်းများ၏ စိတ်ကျမ္မာရေးမြှင့်တင်ရေးအစီအစဉ် သတင်းအချက်အလက်နှင့် လုပ်ကိုင်ဆောင်ရွက်ပုံများကို လေ့လာရန်ဖြစ်သည်။