ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများစာရင်း (၈ ဧပြီ ၂၀၁၆)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဧပြီ ရ ရက်နေ့တွင် နည်းလမ်းသုံးသွယ်ဖြင့် ကြေညာချက်ထုတ်ပြန်ပြီးနောက် ဧပြီလ ၈ ရက်နေ့တွင် တရားရုံးချိန်းများ ခေါ်ဆိုပြီး ကျင့် ၄၉၄ အရ လက်ရှိအမှုရင်ဆိုင်နေရသော ပုဒ်မများအား အမှုရုတ်သိမ်းပေးပြီး တရားရင်ဆိုင်ရသော အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုဖြင့် လက်ပံတန်းတွင် အကြမ်းဖက်နှိမ်နှင်းဖမ်းဆီးခံခဲ့ရသော ကျောင်းသား၊ ကျောင်းသူ ဝန်းရံပြည်သူများအပါအဝင် အင်းစိန်ထောင်တွင်ဖမ်းဆီးခံထားရသော ကျောင်းသားများနှင့် အလုပ်သမားသပိတ်တွင် ပါဝင်ကူညီသူများလည်း ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ ထိုသို့လွတ်မြောက်လာသူများအား မိမိတို့အေအေပီပီမှ ပြုစုထားသည့် စာရင်းများကို ထုတ်ပြန်ပေးလိုက်ပါသည်။

အပြည့်အစုံကို ဒေါင်းလော့ရယူရန်—- 114 released on 8 Apr 16