မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် လူမှုအဖွဲ့အစည်းများတွေ့ဆုံနှီးနှောဖလှယ်ပွဲ

20151005_160040မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများဖြစ်သော ဦးဇော်ဝင်း (အငြိမ်းစား)အကျဉ်းဦးစီးဌာန ညွှန်ချုပ်ဟောင်း။ ဦးညွန့်ဆွေ (အငြိမ်းစား) နိုင်ငံခြားရေး ဝန်းကြီဌာန။ ဒေါက်တာမြင့်ကြည်။ ဒေါက်တာဉာဏ်ဇော်။ ဦးစိုးဖုန်းမြင့် (အငြိမ်းစား- ရှေ့နေချုပ်ရုံး) တို့နှင့် ၈၈ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှဦးကိုကိုကြီး၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကိုတိတ်နိုင်၊ ကိုအောင်မျိုးကျော်၊ ကိုဇော်မိုး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုတင်မောင်ဦး၊ CSO Forum မှ ကိုသွင်လင်းအောင်၊ Triangle Women Support Group မှ မခင်လေး တို့သည် ယနေ့နေ့လည် ၂ နာရီမှ ၄ နာရီထိ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ရုံး အစည်းအဝေးခန်းမ တွင် အကျဉ်းထောင်များဥပဒေ(မူကြမ်း) ဆိုင်ရာကိစ္စများအားတွေ့ဆုံဆွေးနွေးခဲ့ကြသည်။