စစ်အုပ်စု၏ ချိပ်ပိတ်သိမ်းဆည်းခြင်းများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ စစ်အုပ်စုသည် မြန်မာနိုင်ငံအနှံ့က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထား၍ ၎င်းတို့၏ နေအိမ်၊ အဆောက်အဦနှင့် အကြီးစားပစ္စည်းစသည့် ပိုင်ဆိုင်မှုပေါင်း အနည်းဆုံး (၇၅၁) ခုကို ချိပ်ပိတ်သိမ်း ဆည်းခဲ့ပြီးဖြစ်သည်။ အဆိုပါ ချိပ်ပိတ်သိမ်းဆည်းမှုများသည် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူနှင့် အရပ်သား (၆၃၆) ဦး၏ ပိုင်ဆိုင်မှုများဖြစ် သည်။ ၎င်း (၆၃၆) ဦးအနက် အနည်းဆုံး လူ (၃၀၀) မှာ လွှတ်တော်အမတ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်/သို့မဟုတ် အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်ကို ထောက်ခံသူများပါဝင်သည်။ အေအေပီပီက စုဆောင်းကောက်ယူထားသည့် စာရင်းများအရ ချိပ်ပိတ်သိမ်းဆည်းမှုများသည် ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ထောက်ခံအားပေးမှုကြောင့် ပစ္စည်းဥစ္စာပိုင်ဆိုင်သူကို စစ်အုပ်စုက ဖမ်းဆီးရန်ရည်ရွယ်ခြင်း သို့မဟုတ် လက်တွေ့အမှန်တကယ်ဖမ်းဆီးခြင်းတို့နှင့် စပ်လျဉ်း၍ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း တွေ့ရှိရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

 

အစီရင်ခံစာ အပြည့်အစုံဖတ်ရန် – Burmese_Junta’s Property Seizure – 25-Apr-2023