လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် မှတ်တမ်းတင်ခြင်းဆိုင်ရာ တင်ပြဆွေးနွေးချက်များ (၄)

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာကတည်းက စစ်အုပ်စု၏ အကြမ်းဖက်ရက်စက်ရမ်းကားမှုများကို ပြည်သူတို့ မချိမဆန့်ခံခဲ့ကြရသည်။ လူ့အခွင့်အရေးချိုးဖောက်မှုကို မည်သူကမှ မည်သည့်ချွင်းချက်ဖြင့် ကျူးလွန်ခွင့်မရှိပေ။ ထို့ကြောင့် တရားမျှတမှုပေါ်ထွန်းလာစေရန်၊ နစ်နာခံစားရသူများကို ပြန်လည်ကုစားနိုင်ရန်၊ ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရဓလေ့ကို တိုက်ဖျက်ရန်အတွက် တိကျခိုင်မာသော သက်သေအထောက်အထားများအား စနစ်တကျစုဆောင်းမှတ်တမ်းတင်နိုင်သည့် Citizen Human Rights Documenter များ ပေါ်ထွက်လာစေရေးရည်ရွယ်လျက် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်နှင့်ပတ်သက်သော ဗီဒီယိုများကို တင်ဆက်လိုက်ရပါသည်။

အခုအပတ်မှာ တွေ့ ဆုံမေးမြန်းမှုလုပ်ငန်းစဉ်ကို လုပ်ဆောင်မည်ဆိုပါက အင်တာဗျူးမတိုင်ခင်ပြင်ဆင်ထားရမှုများ၊ အင်တာဗျူးနေစဉ်အတွင်း ဆောင်ရွက်ရမည့်ကိစ္စများ၊ အင်တာဗျူးပြီးသည့်နောက် ဆက်လုပ်ရန်လိုအပ်သည်များနှင့် အင်တာဗျူးမှတ်တမ်းတင်ရန် အသုံးပြုလေ့ရှိသည့် ကိရိယာများအကြောင်းကို တင်ပြဆွေးနွေးထားပါသည်။