စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၀၂၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၅၉၉၅) ဦးရှိပြီး ၎င်းတို့အနက်မှ  (၄၅၃၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၃) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၄) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၈၃၃) ဦး ရှိသည်။

ယနေ့ရရှိသော သတင်းအချက်အလက်များအရ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၁၂ နာရီခွဲအချိန်တွင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ နွယ်ခွေရပ်ကွက်ရှိ     ဗားခရာဘုန်းကြီးကျောင်း ထီးတင်ပွဲ ဆိုင်းဝိုင်းကို သွားရောက်ကြည့်ရှုပြီး ပြန်လာသော ကြို့ပင်ကောက်မြို့နယ်၊  သာစည်ကျေးရွာမှ အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သည့် ဦးသန်းဦးကို စစ်သားများက ၎င်း၏ရွာအနီး၌ ပစ်သတ်ခဲ့သည်။ ယင်းနေ့ နံနက် ၆ နာရီခန့်အချိန်တွင် ဦးသန်းဦး၏ရုပ်အလောင်းကို စစ်သားများမှ ပြည်မြို့ကုတင် ၁၀၀ ဆေးရုံသို့ ယူဆောင်သွားခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ ဆယ်ကျော်သက် သုံးဦးဖြစ်သည့် အသက် ၁၆ နှစ်အရွယ် မောင်ကျော်ဇော်ဟိန်း၊ အသက် ၁၇ နှစ်အရွယ် မောင်ရဲလင်းအောင်နှင့် မောင်ဖိုးသင်္ကြန် တို့ကို အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့ပြီးနောက် ပခုက္ကူရဲစခန်းသို့ ခေါ်ဆောင်ပြီး စစ်ဆေးနေကြောင်း သိရှိရသည်။   မောင်ကျော်ဇော်ဟိန်းနှင့် မောင်ရဲလင်းအောင်တို့သည် ပခုက္ကူ-မြိုင် လမ်း၌ လမ်းလျှောက်လာစဉ် ဖမ်းဆီးခြင်းခံခဲ့ရပြီး ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သော မောင်ဖိုးသင်္ကြန်အား မည်သည့်နေရာတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြား နိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Sector ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Sector_Data_Definition (2-Feb-2023)

Special Condition ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Special_Condition_Data_Definition (2-Feb-2023)

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twi

tter.com/aapp_burma

 

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း