မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးသော လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း

Daw S H

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) မှ ပြုစုထားသောလက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းကို ထုတ်ပြန်လိုက်ပါသည်။ ထိုနိုင်ငံရေးအကျဉ်းသားများစာရင်းအား ၂၀၁၄ ဩဂုတ် ၁၇-၁၈ ရက်များတွင် ရန်ကုန်မြို့၌ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲမှထွက်ပေါ်လာသည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ်တွင် အခြေခံ၍ ပြုစုထားခြင်းဖြစ်သည်။ လက်ရှိအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ လုံးဝမရှိဟူသော မူကိုစွဲကိုင်ထားပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် လက်ကျန်နိုင်ငံရေးအကျဉ်းသား လုံးဝမရှိတော့ပါဟုသာ တုန့်ပြန်နေသော်လည်း လက်ရှိတွင် မိမိတို့ ပြုစုထားသောစာရင်းများအရ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား (၁၅၈) ဦးခန့်မှာ မြန်မာနိုင်ငံရှိအကျဉ်းထောင် အသီးသီးတွင် ဆက်လက်အကျဉ်းကျခံနေရ ဆဲဖြစ်ပါသည်။ ထို့ပြင် တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထောင်ချနေမှုများသည်လည်း လျော့ပါးသွားခြင်းမရှိသည့်အပြင် ဆက်လက်တိုးပွားလျက်ရှိနေဆဲဖြစ်သည်။ နိုင်ငံသားတိုင်း၏ အခြေခံအခွင့်အရေးများအရ ထုတ်ဖော်ဆန္ဒပြခြင်းများအား ပုဒ်မ(၁၈)၊ (၁၉)၊ အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)၊ တောင်သူလယ်သမားများအား ပုဒ် ၄၄၇၊ ၄၂ရ အပါအဝင် မတရားသဖြင့် ဖမ်းဆီးတရားစွဲဆိုမှုများပြုလုပ်နေခြင်းကို မီးမောင်းထိုးပြသည့်အနေဖြင့် ဤနိုင်ငံရေးအကျဉ်းသားများစာရင်းကို ထုတ်ပြန် ရခြင်းဖြစ်ပါသည်။ လက်ရှိအခြေအနေထိ ကျွန်ုပ်တို့ လက်လှမ်းမှီသမျှပြုစုထားသော အမှုရင်ဆိုင်ဆဲဦးရေမှာ အနည်းဆုံး ၄၈၁ ဦးခန့်ရှိမည်ဖြစ်သည်။ ယခုတင်ပြထားသော အမှုရင်ဆိုင်ဆဲစာရင်းတွင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ကန့်ကွက်ဆန္ဒပြခဲ့ကြသော အနယ်နယ်အရပ်ရပ်မှ ကျောင်းသား၊ ကျောင်းသူ၊ ဝန်းရံပြည်သူများအပါအဝင် ရခိုင်ပြည်နယ် ကျောက်တော်နယ်မြေတို့တွင် ပုဒ်မ ၁၇/၁၊ ၁၇/၂ တို့ဖြင့် ဖမ်းဆီးခံထားရသည့် ဒေသခံတို့၏ စာရင်းများလည်း ထည့်သွင်းဖော်ပြထားပါသည်။

ဒေါင်းလော့ရယူရန်  158 Current political prisoners list in prison (last updated on 13 May 15)

ဒေါင်းလော့ရယူရန် Update Total Facing Trial List, 481,(last Updated on May 13, 2015)

 ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများစာရင်းနှင့် လယ်သမား အကျဉ်းသားများစာရင်း  Released political prisoners list (13 May15)

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကန့်ကွက်ဆန္ဒပြရင်း အကြမ်းဖက်ဖမ်းဆီး တရားစွဲခံထားရသော အနယ်နယ်အရပ်ရပ်က ကျောင်းသား၊ ကျောင်းသူ ဝန်းရံပြည်သူများစာရင်းသီးသန့်ကတော့ Total 175 LPT list in Tharawaddy prison and facing trial list updated on 13 May 2015