စစ္အာဏာသိမ္းၿပီးေနာက္ လတ္တေလာျဖစ္ေပၚလ်က္ရွိေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေန႔စဥ္ထုတ္ျပန္ခ်က္ အက်ဥ္းခ်ဳပ္

ရက္စြဲ ေဖေဖာ္ဝါရီလ ၂၄ ရက္၊ ၂၀၂၁ ခုႏွစ္
အာဏာသိမ္းစစ္အုပ္စုသည္ ၎တို႔ကို ဆန႔္က်င္ေနသည့္ ဆႏၵျပျပည္သူမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ အာဏာဖီဆန္ေရးလႈပ္ရွားမႈေတြပါဝင္သည့္ဝန္ထမ္းမ်ားအား အသက္ေသေစေလာက္သည္အထိ အၾကမ္းဖက္ ၿဖိဳခြင္းမႈမ်ားကို ျပဳလုပ္ျခင္း၊ ညအခ်ိန္မေတာ္၌ ေနအိမ္ၿခံဝင္းမ်ားကို ခ်ိဳးဖ်က္၍ လူဖမ္းပြဲမ်ား ျပဳလုပ္ျခင္း၊ ျပည္သူလူထုမတည္ၿငိမ္ျဖစ္ေစမည့္ လႈံ႕ေဆာ္မႈမ်ားကို ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ျပဳလုပ္ျခင္းမ်ားကို ေဆာင္႐ြက္ လ်က္ရွိရာ အာဏာသိမ္းသည့္ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔မွစ၍ ယေန႔အခ်ိန္ထိ အသက္ေသဆုံးခဲ့ရသူ၊ ဒဏ္ရာရရွိသူႏွင့္ မတရားဖမ္းဆီးထိန္းသိမ္းခံရသူ အေရအတြက္မွာ ေန႔စဥ္ႏွင့္အမွ် မ်ားျပားလာလ်က္ရွိသည္။ ထို႔အျပင္ စတုတၳမ႑ိဳင္အျဖစ္ ရပ္တည္ၿပီး ျပည္သူလူထုအတြက္ မွန္ကန္တိက်ေသာ သတင္းမ်ားကို ေဖာ္ျပ တင္ဆက္ေနၾကသည့္ သတင္းမီဒီယာမ်ားကိုလည္း ၿခိမ္းေျခာက္မႈမ်ား ထပ္မံတိုးျမႇင့္လာခဲ့သလို သတင္းမီဒီယာ သမားမ်ားအား သတင္းရယူေနစဥ္အခ်ိန္မ်ားတြင္ ဖမ္းဆီးမႈမ်ားလည္း ျပဳလုပ္လ်က္ရွိသည္။
အာဏာသိမ္းစစ္အုပ္စုက သတင္းမီဒီယာမ်ားအေနျဖင့္ ‘အာဏာသိမ္းအစိုးရ’ သုံးႏႈန္းျခင္းမျပဳရန္ႏွင့္ ဆက္လက္ သုံးစြဲ​ေနပါက ထုတ္ေဝခြင့္ ပိတ္သိမ္းသည္အထိ အေရးယူသြားမည္ျဖစ္ေၾကာင္း ေဖေဖာ္ဝါရီ (၂၂) ရက္ေန႔တြင္ သတိေပးၿခိမ္းေျခာက္မႈ ျပဳလုပ္ခဲ့ရာ အဆိုပါ ေျပာဆိုခ်က္မွာ ျပည္သူလူထု၏ အေျခခံရပိုင္ခြင့္တစ္ရပ္ျဖစ္ေသာ လြတ္လပ္စြာ သတင္းရယူခြင့္ႏွင့္ သတင္းတင္ဆက္ခြင့္အေပၚ ေျပာင္က်က်ခ်ိဳးေဖာက္လိုက္ျခင္းျဖစ္သည္။
ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔တြင္ ေနျပည္ေတာ္သို႔ ေန႔ခ်င္းျပန္ခရီးလာေရာက္ရန္စီစဥ္ခဲ့ေသာ အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီး၏ ခရီးစဥ္ကို အေျခအေနအရ ဖ်က္သိမ္းခဲ့ေၾကာင္း အင္ဒိုႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားခဲ့ေသာ္လည္း အဆိုပါႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ အာဏာသိမ္းစစ္အုပ္စု က ခန႔္အပ္ထားသည့္ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္သည္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕သို႔ ယေန႔တြင္ သြား ေရာက္ခဲ့သည္။ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးသည္ အာဏာသိမ္း ျမန္မာစစ္ေကာင္စီႏွင့္ ပထမဆုံး ေတြ႕ဆုံ ေဆြးေႏြးသည့္ ႏိုင္ငံတကာ သံတမန္ျဖစ္သည္။
စစ္အုပ္စုအေနျဖင့္ ေဒၚေအာင္ဆန္းစုၾကည္၏ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာနကို ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၁၉ အရ ဖ်က္သိမ္းလိုက္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔တြင္ ထုတ္ျပန္ ေၾကညာခဲ့သည္။ ေဖေဖာ္ဝါရီလ (၂၂) ရက္ ၂ငါးလုံး ျပည္လုံးကြၽတ္ ဆႏၵျပပြဲတြင္ပါဝင္ခဲ့သူ ဆႏၵျပ ေက်ာင္းသူ မခိုင္ရည္ဝင္း၊ မေအးေနာင့္ ႏွင့္ မအိသဇင္ေက်ာ္တို႔ (၃) ဦးကို ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုင္းရႈးၿမိဳ႕နယ္ ဝမ္ကန္ ေတာင္ေပၚတြင္ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) လႈပ္ရွားမႈမွာပါဝင္ခဲ့သည့္ ဧရာဝတီတိုင္းေဒသႀကီး လႊတ္ေတာ္႐ုံး ဝန္ထမ္း ၅ ေယာက္ကိုလည္း ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔ရက္စြဲပါ အမိန႔္စာျဖင့္ ႏိုင္ငံ့ဝန္ထမ္း နည္းဥပေဒ ၁၇၀၊ နည္းဥပေဒခြဲ (က)အရ အလုပ္ တာဝန္မ်ားမွ ရပ္ဆိုင္းလိုက္ေၾကာင္း ထုတ္ျပန္ခဲ့သည္။
အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) လုပ္ေနသည့္ ပဲခူးတိုင္း၊ ေက်ာက္တံခါးၿမိဳ႕နယ္အတြင္းရွိ ေဆး႐ုံအုပ္ႀကီး ေလးဦးကို တပ္မေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (က) ျဖင့္ ၿမိဳ႕နယ္ရဲမႉးက ယမန္ေန႔တြင္ အမႈဖြင့္လိုက္ သည္။ ထို႔အျပင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္တြင္ စစ္အာဏာရွင္ကို ဆန႔္က်င္ဆႏၵထုတ္ေဖာ္သည့္ အတြက္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ ျဖင့္ တရားစြဲဆိုျခင္းခံရသူ ၄ ဦးကို ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔က Video Conferencing ျဖင့္ ႐ုံးထုတ္ခဲ့သည္ဟု အမႈကို အခမဲ့ လိုက္ပါေဆာင္႐ြက္သူ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚျဖဴျဖဴဝင္းက ဆိုသည္။
မေကြးတိုင္းအတြင္း ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔အထိ စစ္အာဏာရွင္ ဆန႔္က်င္ဆႏၵျပရာမွာ ဦးေဆာင္ပါဝင္သူ အေယာက္ ၂၀ ေက်ာ္ကို အာဏာသိမ္းစစ္ေကာင္စီက အသစ္ျပ႒ာန္းလိုက္သည့္ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ က(ဂ) ႏွင့္ အမႈဖြင့္အေရးယူထားသည္။ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ဦးဒါရွီလဆိုင္းကို အာဏာ သိမ္းစစ္ေကာင္စီက ပုဒ္မ ၅၀၅(ခ)ႏွင့္ တရားစြဲကာ ျမစ္ႀကီးနားအက်ဥ္းေထာင္သို႔ ပို႔ေဆာင္ခဲ့သည္။
ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ နတ္ေမာက္လမ္းရွိ ဂ်ပန္သံ႐ုံးေရွ႕၌ ဆႏၵျပေနသူတခ်ိဳ႕ကို ရဲလုံၿခဳံေရးတပ္ဖြဲ႕က ၿခိမ္းေျခာက္ေအာ္ဟစ္ လူစုခြဲခဲ့ေၾကာင္း သိရသည္။ ယေန႔တြင္ ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕ လူထုဆႏၵျပပြဲ၌ သတင္းယူေနသည့္ သတင္းေထာက္မ်ားကို ရဲႏွင့္စစ္သားမ်ားက အင္အားသုံးဖမ္းဆီးရန္ ႀကိဳးစားသည့္အတြက္ သတင္းေထာက္ ေတာ္ေတာ္မ်ားမ်ား ထြက္ေျပးခဲ့ရသည္။
ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္၌ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔က စစ္အာဏာသိမ္းမႈကို ကန႔္ကြက္ဆႏၵျပခဲ့ၾကသည့္ ေဒသခံ ၇ ဦးကို ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးက တရားလိုျပဳလုပ္ၿပီး တရားစြဲဆိုထားသည့္ ၿငိမ္း၊စု၊စီ ပုဒ္မ ၁၉ ျဖင့္ ေငြဒဏ္ သုံးေသာင္းႏွင့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက တရားလိုျပဳလုပ္ၿပီး စြဲဆိုထားသည့္ သဘာဝေဘး အႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒပုဒ္ ၃၀ (က) အတြက္ ေငြဒဏ္ငါးေသာင္း စုစုေပါင္း ေငြဒဏ္ ၈ ေသာင္းစီကို ၿမိဳ႕နယ္ တရား႐ုံးက ခ်မွတ္ခဲ့သည္။
အာဏာသိမ္းစစ္ေကာင္စီက ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သစ္က ဖိတ္ၾကားထား ေသာ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႕ဆုံအစည္းအေဝးပြဲကို တက္ေရာက္မည္ မဟုတ္ေၾကာင္း ရခိုင္ဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ပါတီ၊ ကယားျပည္နယ္ အေျခစိုက္ပါတီ၊ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ၊ ျပည္သူ႔ပါတီ၊ ရွမ္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ႏွင့္ တေအာင္း(ပေလာင္) အမ်ိဳးသားပါတီ တို႔ကဆိုထားသည္။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာ သိမ္းယူခဲ့ၿပီးေနာက္ အသစ္ျပန္လည္ ဖြဲ႕စည္းလိုက္သည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က လာမည့္ ေသာၾကာေန႔ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔တြင္ ေနျပည္ေတာ္၌ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ ဖိတ္ေခၚထားျခင္းျဖစ္သည္။
ယခင္ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကို မူလရာထူးအတိုင္း ၫြန္ၾကားေရးမႉးခ်ဳပ္အျဖစ္ န-စ-အ ေကာင္စီမွာ ျပန္လည္ခန႔္ထား လိုက္ေၾကာင္း စစ္အုပ္စုေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုထားသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ မွတ္တမ္းျပဳခ်က္မ်ားအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔အခ်ိန္ထိ စုစုေပါင္း ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၇၂၈) ဦးထိရွိခဲ့ၿပီ ျဖစ္သည္။ ၎တို႔အနက္မွ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၄) ဦး၊ ဖမ္းဝရမ္းႏွင့္အမႈဖြင့္ျခင္းခံထားရသူ (၄၇) ဦး၊ အမႈဖြင့္ျခင္းခံထားရသူ (၄) ဦး ႏွင့္ ျပန္လည္ လြတ္ေျမာက္လာသူ (၆၂) ဦးရွိခဲ့သည္။ ထို႔ေၾကာင့္ လက္ရွိ အခ်ိန္အထိ (၆၆၆) ဦးမွာ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ လက္ရွိအေျခအေနမ်ားကို ေန႔စဥ္ ေစာင့္ၾကည့္ မွတ္တမ္းတင္သြားမည္ျဖစ္ၿပီး စစ္အာဏာသိမ္းမႈႏွင့္ပတ္သက္၍ ဖမ္းဆီး၊တရားစြဲဆို၊ ျပစ္ဒဏ္ ခ်မွတ္ျခင္းခံထားရသူမ်ား၏ စာရင္းကို ေန႔စဥ္ထုတ္ျပန္သြားမည္ျဖစ္သည္။
အရပ္ဘက္အဖြဲ႕အစည္းမွ ေခါင္းေဆာင္မ်ား၊ အရပ္သားမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ သတင္းသမားမ်ား၊ ဆရာ/ဆရာမမ်ားစသည့္ နယ္ပယ္အသီးသီးမွ မည္သူမဆို ဖမ္းဆီး၊ထိန္းသိမ္းျခင္းခံထားရသည္ကို သိရွိပါက ေအာက္ပါလိပ္စာမ်ားသို႔ ဆက္သြယ္၍ အသိေပး၊ အေၾကာင္းၾကား ႏိုင္ပါသည္။
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)

ေဒါင္းေလာ့လင့္ရယူရန္ Recent Arrests List (Last Updated on 24 Feb 21) (FFF)

ရက်စွဲ ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ကို ဆန့်ကျင်နေသည့် ဆန္ဒပြပြည်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေပါဝင်သည့်ဝန်ထမ်းများအား အသက်သေစေလောက်သည်အထိ အကြမ်းဖက် ဖြိုခွင်းမှုများကို ပြုလုပ်ခြင်း၊ ညအချိန်မတော်၌ နေအိမ်ခြံဝင်းများကို ချိုးဖျက်၍ လူဖမ်းပွဲများ ပြုလုပ်ခြင်း၊ ပြည်သူလူထုမတည်ငြိမ်ဖြစ်စေမည့် လှုံ့ဆော်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခြင်းများကို ဆောင်ရွက် လျက်ရှိရာ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ယနေ့အချိန်ထိ အသက်သေဆုံးခဲ့ရသူ၊ ဒဏ်ရာရရှိသူနှင့် မတရားဖမ်းဆီးထိန်းသိမ်းခံရသူ အရေအတွက်မှာ နေ့စဉ်နှင့်အမျှ များပြားလာလျက်ရှိသည်။ ထို့အပြင် စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည်ပြီး ပြည်သူလူထုအတွက် မှန်ကန်တိကျသော သတင်းများကို ဖော်ပြ တင်ဆက်နေကြသည့် သတင်းမီဒီယာများကိုလည်း ခြိမ်းခြောက်မှုများ ထပ်မံတိုးမြှင့်လာခဲ့သလို သတင်းမီဒီယာ သမားများအား သတင်းရယူနေစဉ်အချိန်များတွင် ဖမ်းဆီးမှုများလည်း ပြုလုပ်လျက်ရှိသည်။

အာဏာသိမ်းစစ်အုပ်စုက သတင်းမီဒီယာများအနေဖြင့် ‘အာဏာသိမ်းအစိုးရ’ သုံးနှုန်းခြင်းမပြုရန်နှင့် ဆက်လက် သုံးစွဲ​နေပါက ထုတ်ဝေခွင့် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ (၂၂) ရက်နေ့တွင် သတိပေးခြိမ်းခြောက်မှု ပြုလုပ်ခဲ့ရာ အဆိုပါ ပြောဆိုချက်မှာ ပြည်သူလူထု၏ အခြေခံရပိုင်ခွင့်တစ်ရပ်ဖြစ်သော လွတ်လပ်စွာ သတင်းရယူခွင့်နှင့် သတင်းတင်ဆက်ခွင့်အပေါ် ပြောင်ကျကျချိုးဖောက်လိုက်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ နေ့ချင်းပြန်ခရီးလာရောက်ရန်စီစဉ်ခဲ့သော  အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကို အခြေအနေအရ ဖျက်သိမ်းခဲ့ကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားခဲ့သော်လည်း အဆိုပါနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးရန် အာဏာသိမ်းစစ်အုပ်စု က ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ယနေ့တွင် သွား ရောက်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးသည် အာဏာသိမ်း မြန်မာစစ်ကောင်စီနှင့် ပထမဆုံး တွေ့ဆုံ ဆွေးနွေးသည့် နိုင်ငံတကာ သံတမန်ဖြစ်သည်။ 

စစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဖျက်သိမ်းလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ဖေဖော်ဝါရီလ (၂၂) ရက် ၂ငါးလုံး ပြည်လုံးကျွတ် ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ ဆန္ဒပြ ကျောင်းသူ မခိုင်ရည်ဝင်း၊ မအေးနောင့် နှင့် မအိသဇင်ကျော်တို့ (၃) ဦးကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှုးမြို့နယ် ဝမ်ကန် တောင်ပေါ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လှုပ်ရှားမှုမှာပါဝင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံး ဝန်ထမ်း ၅ ယောက်ကိုလည်း  ဖေဖော်ဝါရီလ ၂၃ ရက်နေ့ရက်စွဲပါ အမိန့်စာဖြင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၁၇၀၊ နည်းဥပဒေခွဲ (က)အရ အလုပ် တာဝန်များမှ ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်နေသည့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆေးရုံအုပ်ကြီး လေးဦးကို တပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် မြို့နယ်ရဲမှူးက ယမန်နေ့တွင် အမှုဖွင့်လိုက် သည်။ ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် အတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခြင်းခံရသူ  ၄ ဦးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က Video Conferencing ဖြင့် ရုံးထုတ်ခဲ့သည်ဟု အမှုကို အခမဲ့ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြူဖြူဝင်းက ဆိုသည်။

မကွေးတိုင်းအတွင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ အယောက် ၂၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်သည့်ရာဇသတ်ကြီး ပုဒ်မ ၅၀၅ က(ဂ) နှင့် အမှုဖွင့်အရေးယူထားသည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်းကို အာဏာ သိမ်းစစ်ကောင်စီက  ပုဒ်မ ၅၀၅(ခ)နှင့် တရားစွဲကာ မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ  ဂျပန်သံရုံးရှေ့၌ ဆန္ဒပြနေသူတချို့ကို  ရဲလုံခြုံရေးတပ်ဖွဲ့က ခြိမ်းခြောက်အော်ဟစ် လူစုခွဲခဲ့ကြောင်း သိရသည်။ ယနေ့တွင် နေပြည်တော် ပျဉ်းမနားမြို့ လူထုဆန္ဒပြပွဲ၌ သတင်းယူနေသည့် သတင်းထောက်များကို ရဲနှင့်စစ်သားများက အင်အားသုံးဖမ်းဆီးရန် ကြိုးစားသည့်အတွက် သတင်းထောက် တော်တော်များများ ထွက်ပြေးခဲ့ရသည်။ 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ဒေသခံ ၇ ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားသည့် ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ ဖြင့် ငွေဒဏ် သုံးသောင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားလိုပြုလုပ်ပြီး စွဲဆိုထားသည့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ် ၃၀ (က) အတွက် ငွေဒဏ်ငါးသောင်း စုစုပေါင်း ငွေဒဏ် ၈ သောင်းစီကို မြို့နယ် တရားရုံးက ချမှတ်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်က ဖိတ်ကြားထား သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံအစည်းအဝေးပွဲကို  တက်ရောက်မည် မဟုတ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီကယားပြည်နယ် အခြေစိုက်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တအောင်း(ပလောင်) အမျိုးသားပါတီ တို့ကဆိုထားသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ သိမ်းယူခဲ့ပြီးနောက် အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့် သောကြာနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် နေပြည်တော်၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

ယခင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မူလရာထူးအတိုင်း ညွန်ကြားရေးမှူးချုပ်အဖြစ် န-စ-အ ကောင်စီမှာ ပြန်လည်ခန့်ထား လိုက်ကြောင်း စစ်အုပ်စုပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၇၂၈) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ ဖမ်းဝရမ်းနှင့်အမှုဖွင့်ခြင်းခံထားရသူ (၄၇) ဦး၊ အမှုဖွင့်ခြင်းခံထားရသူ (၄) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၆၂) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၆၆၆) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။  

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။ 

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ ဆရာ/ဆရာမများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)