
လက်ရှိအခြေအနေအပေါ် သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ။ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ပြည့်နှစ်
၁။ ယခုကဲ့သို့ တပ်မတော် မှ အာဏာလွှဲပြောင်းရယူခြင်းသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အထောက်အကူပြုသည်ဟု မိမိတို့မှ မယုံကြည်ပါ။
၂။ လက်ရှိမြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေသည် အရေးပေါ်အခြေအနေ ထုတ်ပြန်ရမည့် အခြေအနေတွင် ရှိမနေပါ။
၃။ နိုင်ငံတော်အာဏာသည် ပြည်သူမှဆင်းသက်သည်ဆိုသည့် ဒီမိုကရေစီအခြေခံမူအရ ၂၀၂၀ ခုနှစ် နိုင်ဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲမဲရလဒ်အား ပြည်သူ့ဆန္ဒအစစ်အမှန်အဖြစ် အသိအမှတ်ပြုသည်။
၄။ ပြည်သူများမှ ရွေးချယ်ထားသောအရပ်သားအစိုးရအဖွဲ့ဝင်များနှင့် ပြည်သူ့ကိုယ်စားလှယ်များကို ဖမ်းဆီးထိမ်းသိမ်းထားခြင်းသည် မည်သည့်တည်ဆဲဥပဒေနှင့်မျှ ညီညွတ်ခြင်းမရှိသည့်အပြင် နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေပါသည်။
၅။ ထို့ကြောင့် ဖမ်းဆီးထိမ်းသိမ်းထားသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုသည်။
ဆက်သွယ်မေးမြန်းရန်