အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အခန်းကဏ္ဍ

burmese cover

ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးဖြစ်ပေါ်တိုးတက်စေဖို့နဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ စစ်မှန်ပြီး ကျယ်ပြန့်ထိရောက်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်တခုပေါ်ပေါက်လာဖို့ မဖြစ်မနေလိုအပ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေက ဒီမိုကရေစီရေးကြိုးပမ်းမှု၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးတို့ကို ကိုယ်စားပြုနေပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးဖြစ်စဉ်ရဲ့ အရေးကြီးတဲ့ ပထမအဆင့်အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျဉ်းသား ၂၁၀ဝ ကျော်ကို နိုင်ငံရေးအကျဉ်းသားများအဖြစ် တရားဝင်အသိအမှတ်ပြုပြီး ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုနိုင်ငံရေးအကျဉ်းသားတွေကို  ချွင်းချက်မရှိပြန်လွှတ်ပေးခြင်းက စစ်ဖက်ကအုပ်ချုပ်သူတွေ၊ ဒီမိုကရေစီအင်အားစုတွေအပြင် ပိုမိုကျယ်ပြန့်တဲ့ လူ့အသိုင်းအဝိုင်းကြား ယုံကြည်မှုတည်ဆောက်ရေးမှာ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍတခုဖြစ်ပါတယ်။

ဒေါင်းလော့ဖိုင်The_Role_of_political_prisoners_in_the_national_reconciliation_process_Burmese