အေအေပီပီမှနိုဝင်ဘာလ ၂၀၁၉ အတွက် လစဉ်သတင်းလွှာ

လူအခွင့်အရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲများ

ကသာမြို့နယ်တို့တွင်ပြုလုပ်သော အခြခံ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၆)မြို့နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် (၃)မြို့နယ်နှင့် မန္တလေးဒေသကြီး အတွင်းရှိ မြို့နယ် (၁) မြို့နယ်တို့တွင် အခြခံ လူ့အခွင့်အရေး ဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ပို့ချပေးခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း (၃၆) ပွဲကို  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ပင်လယ်ဘူးမြို့နယ်၊ ကသာမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြိုနယ် တို့တွင်လည်းကောင်း၊ ဆွေးနွေးပွဲပေါင်း (၁၅) ပွဲကို ရှမ်းပြည်နယ်အတွင်းရှိ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ် တို့တွင် လည်းကောင်း၊ ဟောပြောဆွေးနွေးပွဲ (၁) ပွဲကို မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် လည်းကောင်း ဟောပြော ပို့ချပေးနိုင်ခဲ့သည်။ အဆိုပါဟောပြော ဆွေးနွေးပွဲများသို့ ကျောင်းသူ၊ ကျောင်သား၊ ဆရာ၊ ဆရာမနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း (၁၆၃၀၀) ဦး ပူးပေါင်း ပါဝင် တက်ရောက်ခဲ့သည်။ 

ကောလင်းမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၈) ပွဲကို အခြေခံပညာ အထက်တန်းကျောင်း (၈) ကျောင်း၌ လည်းကောင်း၊ ဟောပြောဆွေးနွေးပွဲ (၁) ပွဲကို ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်း၌ လည်းကောင်း ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၂၄၈၅) ဦး တက်ရောက်ခဲ့သည်။
ဝန်းသိုမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၃) ပွဲကို အခြေခံပညာ အထက်တန်းကျောင်း (၃) ကျောင်း၌ ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၁၁၈၀) ဦး တက်ရောက်ခဲ့သည်။
ပင်လယ်ဘူးမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၆) ပွဲကို အခြေခံပညာ အထက်တန်းကျောင်း (၆) ကျောင်း၌ ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၂၅၆၀) ဦး တက်ရောက်ခဲ့သည်။
ကသာမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၆) ပွဲကို အခြေခံပညာ အထက်တန်းကျောင်း (၆) ကျောင်း၌ ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၂၁၃၀) ဦး တက်ရောက်ခဲ့သည်။
ဗန်းမောက်မြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၃) ပွဲကို အခြေခံပညာ အထက်တန်းကျောင်း (၃) ကျောင်း၌ ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၇၂၀) ဦး တက်ရောက်ခဲ့သည်။
ထီးချိုင့်မြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၇) ပွဲကို အခြေခံပညာ အထက်တန်းကျောင်း (၇) ကျောင်းနှင့် ဟောပြောဆွေးနွေးပွဲ (၁) ပွဲကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁) ကျောင်း၌ ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၃၀၃၅)ဦး တက်ရောက်ခဲ့ သည်။ ထို့ပြင် ဟောပြော ဆွေးနွေးပွဲ (၁)ပွဲကို ထီးချိုင့်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရုံးတွင် မြို့နယ်နှင့် ရပ်ကျေး အလုပ်အမှုဆောင် အဖွဲ့ဝင် (၆၀)ဦးကို ဟောပြော ပို့ချပေးခဲ့သည်။ 
နောင်ချိုမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၄) ပွဲကို အခြေခံပညာ အထက်တန်းကျောင်း (၄) ကျောင်း ၌ လည်းကောင်း၊ ဟောပြောဆွေးနွေးပွဲ (၂) ပွဲကို အခြေခံပညာ အထက်တန်းကျောင်းခွဲ (၂) ကျောင်း၌ လည်းကောင်း ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၂၀၆၀) ဦး တက်ရောက်ခဲ့သည်။
ကျောက်မဲမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၅) ပွဲကို ကိုယ်ပိုင်အထက်တန်းကျောင်း (၅) ကျောင်း၌ ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၇၁၀)ဦး တက်ရောက်ခဲ့ သည်။
သီပေါမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၂) ပွဲကို အခြေခံပညာ အထက်တန်းကျောင်း (၂) ကျောင်း၌ လည်းကောင်း၊ ဟောပြောဆွေးနွေးပွဲပေါင်း (၂) ပွဲကို အခြေခံပညာ အထက်တန်းကျောင်းခွဲ (၂) ကျောင်း၌ လည်းကောင်း ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၁၁၀၀) ဦး တက်ရောက်ခဲ့သည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် AAPP မှ ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦး၊ကိုခင်မောင်ဝင်းနှင့် AAPP ၏ လူ့အခွင့်အရေး TOT သင်တန်းဆင်းများဖြစ်ကြသော မတင်ဝင်းမော်ထွေး၊ မဝေဝေခိုင်၊ မသန္တာစိုး၊ မမေရီဆိုင်းခေါင်၊ မကြည်ပြာ၊ ကိုပြည့်စုံအောင်၊ မမြငြိမ်းချမ်းနှင့် ကိုစိုင်းတေဇာတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြ သည်။ အဓိကဆွေးနွေးပေးသော အကြောင်းအရာများမှာ အခြေခံလူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ဖြစ်ပေါ်လာပုံ၊ သမိုင်းကြောင်း လူသားချင်း စာနာထောက်ထားမှုဥပဒေနှင့်သက်ဆိုင်သော အကြောင်းအရာ များ၊ ခွဲခြားဆက်ဆံမှု လျော့နည်းပပျောက်စေမည့် အကြောင်းအရာများ၊ မူးယစ်​ဆေးဝါး၏ ဆိုးကျိုးများကို ဆွေးနွေး ခဲ့သည်။ ထို့နောက် တာဝန်ယူမှု/တာဝန်ခံမှုရှိစေသော Movie Clip များ၊ ဘဝအတွက် ခွန်အားဖြစ်စေသော Movie Clip များကို ပြသပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။ 

ဟောပြောပွဲများပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေး ဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPP မှ အချက် ၃ဝ ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း (UDHR) အိတ်ဆောင် စာအုပ်များနှင့် ပိုစတာများကို ဝေငှခဲ့သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ

နိုဝင်ဘာလ ၅ ရက်နေ့တွင် MYPOL မှ ကျင်းပပြုလုပ်ခဲ့သည့် လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တွဲဘက်အတွင်းအရေးမှူး ဦးဘိုကြည်မှ တက်ရောက် ဆွေးနွေး ခဲ့သည်။ 

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲ

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲ

(အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလုပ်ရုံဆွေးနွေးပွဲး (Consultative Workshop on Prison Reform) အား နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ၄ နိုဝင်ဘာ ၂၀၁၉-နှင့် ၅ နိုဝင်ဘာ ၂၀၁၉ တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ သင်တန်းခန်းမတွင်ပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲအား နိုင်ငံရေးအကျဉ်းသားများ ဉီးဆောင်နေသောအဖွဲ့အစည်း (AAPP, GW, OMI, GPS, HRDP, Athan, FPPS (Bago), FLC, 88 Generation: Peace & Open Society (Bago), Than Lwin Citizen Empowerment) များနှင့် Key Population အဖွဲ့အစည်း (Myanmar MSM & TG Network, SWIM, Asia Catalyst, Alliance Myanmar, DPAG, NDNM (Kachin), MdM, LGBT (MDY), AMA (MDY)) များမှ တက်ရောက်ခဲ့ပြီး အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ၊ လိုအပ်ချက်များ၊ Key Population များအတွက် ထည့်သွင်းစဉ်စားရမည့်အချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြပါသည်။)

ဂျာမဏီသံအမတ်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့်တွေ့ဆုံ ဆွေးနွေး

ဂျာမဏီသံအမတ်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့်တွေ့ဆုံ ဆွေးနွေး

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမဏီသံရုံး (ရန်ကုန်)မှ Thomas Kari Neisinger (Ambassador), Philipp Muller (Legal Research Assistant) နှင့် Theingi Lynn (Assistant for Press, Political and Economic Affairs) တို့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)ရုံးသို့ လာရောက်ခဲ့ပြီး AAPP ၏  “Memory of the Past” ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ AAPP မှ တာဝန်ရှိသူများ မှ လိုက်လံရှင်းပြပေးခဲ့သည်။ ထို့နောက် AAPP တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်၊ စိတ်ဓါတ်ပြန်လည်မြှင့်တင်ရေး အစီအစဉ်(MHAP) တာဝန်ခံ ဦးကျော်စိုးဝင်း၊ မှတ်တမ်းနှင့် သုတေသနတာဝန်ခံ၊ နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ကိုဇော်မိုး နှင့် MHAP ဆူပါဗိုက်ဆာ မသန်းသန်းဌေး တို့မှ လက်ခံတွေ့ဆုံခဲ့ပြီး AAPP ၏ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ လက်ရှိမြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် နိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ကောလင်းမြို့နယ် ပြန်/ဆက်ရုံးနှင့် တွေ့ဆုံ ဆွေးနွေး

ကောလင်းမြို့နယ် ပြန်/ဆက်ရုံးနှင့် တွေ့ဆုံ ဆွေးနွေး

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကောလင်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲတွင် AAPP ၏ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်မှ AAPP ၏ လုပ်ငန်းစဉ် များနှင့် လက်ရှိဆောင်ရွက်နေသော လုပ်ဆောင်မှုများကို ဆွေးနွေး ရှင်းပြပေး​ပြီး လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများ၊ တိုင်းပြည်အသွင်ကူးပြောင်းရေးကာလတွင် ရင်ဆိုင်ရမည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။

UPR အမျိုးသားအဆင့်အစီရင်ခံစာပြုစုရေး အလုပ်ရုံဆွေးနွေးပွဲ

UPR အမျိုးသားအဆင့် အစီရင်ခံစာ ပြုစုရေး အလုပ်ရုံ ဆွေးနွေးပွဲ

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် UPR အမျိုးသားအဆင့်အစီရင်ခံစာ ပြုစုရေး အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၌ တက်ရောက် ဆွေးနွေးခဲ့သည်။ ထိုအလုပ်ရုံဆွေးနွေးပွဲကို ရှေ့နေချုပ်ရုံးနှင့် United Nations Development Programme (UNDP) တို့    ပူး  ပေါင်းကျင်းပခြင်းဖြစ်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တက်ရောက် ဆွေးနွေးခဲ့သည်။  

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေး အလုပ်ရုံ ဆွေးနွေးပွဲ

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှာဖွေရေး အလုပ်ရုံဆွေးနွေးပွဲ

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် British club ၌ My Justice အဖွဲ့မှစီစဉ်သည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှာဖွေရေး အလုပ်ရုံဆွေးနွေးပွဲတွင် AAPP တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်၊ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်နှင့် မှတ်တမ်းနှင့် သုတေသနတာဝန်ခံ၊ နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ကိုဇော်မိုး တို့တက်ရောက်ခဲ့ပြီး အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေး အကြောင်း ဆွေးနွေးခဲ့သည်။

ထီးချိုင့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးဆွေးနွေးပွဲ

 

ထီးချိုင့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဆွေးနွေးပွဲ

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်၊ မြို့နယ် NLD ဥက္ကဌ ဦးချစ်ထွေး အပါအဝင် မြို့နယ်/ရပ်ကျေးအလုပ်အမှုဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။ တွေ့ဆုံဆွေးနွေးပွဲတွင် AAPP ၏ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်မှ AAPP ၏ လုပ်ငန်းစဉ်များနှင့် လက်ရှိဆောင်ရွက် နေသော လုပ်ဆောင်မှုများကို ဆွေးနွေးရှင်းပြပေး​ပြီး လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများ၊ တိုင်းပြည် အသွင်ကူးပြောင်းရေး ကာလတွင် ရင်ဆိုင်ရမည့် အခြေအနေ များ၊ ၂၀၂ဝ ခုနှစ် ရွေးကောက်ပွဲနှင့် ဆက်စပ်ပြီး အပြန်အလှန် ဆွေးနွေးခဲ့သည်။

အထွေထွေလှုပ်ရှားမှုများ

နိုင်ငံရေးအကျဉ်းသား တစ်ဆယ့်သုံးဦးအတွက် ထောက်ပံ့ငွေ ပေးအပ်

နိုဝင်ဘာလ ၅ ရက်နေ့တွင် အင်းစိန်နိုင်ငံရေး အကျဉ်းသား ဟောင်းများမှ နိုင်ငံရေးအကျဉ်းသား ဦးမင်းထင်ကိုကိုကြီး အပါအဝင် နိုင်ငံရေးအကျဉ်းသား တစ်ဆယ့်သုံးဦးအတွက် ထောက်ပံ့ငွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း(AAPP) ကိုယ်စား အကျဉ်းဦးစီးဌာနတာဝန်ခံများ ထံသို့ ပေးအပ်ခဲ့သည်။ 

iPACE(2019 term 4)Democratic Foundation မှ သင်တန်းသားများ လာရောက်လေ့လာ့

iPACE(2019 term 4)Democratic foundation မှ သင်တန်းသားများလာရောက်လေ့လာ

နိုဝင်ဘာလ ၁၁ ရက်နေ့တွင်iPACE(2019 term 4)Democratic Foundation မှ သင်တန်းဆရာ မန်းသိုက်ထွန်းနှင့် ဆရာ ကိုသန်း‌ဇော်ဦးတို့ဦးဆောင်သော သင်တန်းသူ၊ သင်တန်းသား (၂၃) ဦး တို့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းသို့ လာရောက်လေ့လာခဲ့သည်။ AAPP ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်နှင့် စိတ်ဓါတ်ပြန်လည်မြှင့်တင်ရေး အစီအစဉ်တာဝန်ခံ ဦးကျော်စိုးဝင်းတို့မှ ၎င်းတို့ကို လက်ခံ တွေ့ဆုံခဲ့ပြီး AAPP ၏ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ လက်ရှိမြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် နိုင်ငံရေးအခြေအနေတို့ကို ဆွေးနွေးခဲ့သည်။ ထို့နောက် သင်တန်းသူ၊သင်တန်းသားများမှ သိလိုသည်များကိုမေးမြန်းခဲ့ပြီး တာဝန်ရှိသူများမှ ပြန်လည် ဖြေကြားပေးခဲ့သည်။ ၎င်းနောက် “Memory of the Past” ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ကြရာ AAPP မှ တာဝန်ရှိသူများမှ လိုက်လံရှင်းပြပေးခဲ့သည်။

ချက်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ပွဲကို တက်ရောက်

ချက်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ပွဲကို တက်ရောက်

နိုဝင်ဘာ ၁၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ အတွင်းရေးမှူး ဦးတိတ်နိုင်နှင့် တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်တို့သည် ချက်ပြည်သူ့သမ္မနိုင်ငံ အမျိုးသားနေ့ပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ၏ အတွေ့အကြုံများ အစီရင်ခံစာ မိတ်ဆက်ပွဲ

နိုင်ငံရေးအကျဉ်းသားများ၏အတွေ့အကြုံများအစီရင်ခံစာမိတ်ဆက်ပွဲတွင် AAPP အတွင်းရေးမှူး ဦးဘိုကြည်မှ ရှင်းလင်း ပြောကြား

ချက်ကိုစလိုဗက်ကီးယား/ချက်သမ္မတနိုင်ငံ နှစ်(၃၀)မြောက် ကတ္တီပါ တော်လှန်ရေးနှင့် ၎င်းတို့၏ ၁၉၈၉ နိုဝင်ဘာ ဖြစ်ရပ်များ အထိမ်းအမှတ်အဖြစ် Memory of Myanmar တွဲဖက်လုပ်ငန်း အစီအစဉ်နှင့် မြန်မာပြည် အာဏာရှင်တို့လက်ထက် စနစ်တကျ နှိပ်စက်ညှဉ်းပန်းမှုများကို အသုံးပြုပုံနှင့် နိုင်ငံရေး အကျဉ်းသား များ၏ အတွေ့အကြုံများ အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနား ကို နိုဝင်ဘာလ ၁ရ ရက်နေ့တွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနား ကို အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စား သူများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ၏အတွေ့အကြုံအစီရင်ခံစာ သံတမန် မိတ်ဆက်ပွဲ

နိုင်ငံရေးအကျဉ်းသားများ၏အတွေ့အကြုံအစီရင်ခံစာသံတမန်မိတ်ဆက်ပွဲ

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)နှင့် Burma Centre Prague တို့၏ တွဲဖက်လုပ်ငန်း အစီအစဉ်တို့မှ Memory of Myanmar မှတ်တမ်းရုပ်ရှင်နှင့် မြန်မာပြည် အာဏာရှင်တို့ လက်ထက် စနစ်တကျ နှိပ်စက်ညှဉ်းပန်းမှုများကို အသုံးပြုပုံနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အတွေ့အကြုံများ အစီရင်ခံစာအား သံတမန်မိတ်ဆက်ပွဲ (Diplomatic Briefing)အဖြစ် ဥရောပသမဂ္ဂရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ မိတ်ဆက်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံရုံးမှ Mr. Viktor, ဥရောပသမဂ္ဂမှ Ms. Brigitte နှင့် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ သည်။ AAPP မှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်နှင့် မှတ်တမ်းနှင့် သုတေသနတာဝန်ခံ၊ နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ကိုဇော်မိုး၊ Burma Center Prague မှ ဒါရိုက်တာ မစံပါယ်စိုး၊ ချက်နိုင်ငံမှ ဥပဒေ ပါမောက္ခ Mr. Tomas တို့မှ အစီရင်ခံစာနှင့် မှတ်တမ်းရုပ်ရှင်အကြောင်း၊ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ် များအားရှင်းလင်းဆွေးနွေးခဲ့သည်။

ဂျပန်မှ ကျောင်းသား၊ကျောင်းသူများ မဲစောက် AAPP သို့ လာရောက်လေ့လာ

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) သို့ ဂျပန်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ လာရောက် လေ့လာခဲ့သည်။ AAPPမှ မမိုးပန်းဖြူမှ လက်ရှိ နိုင်ငံရေး အခြေအနေများနှင့်လူ့အခွင့်အရေးအခြေအနေများအား ရှင်းလင်း ပြောကြားပေးခဲ့သည်။ ထို့နောက် AAPP ၏ ပြခန်းအား ရှင်းလင်း ပြသပေးခဲ့သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)
သင်တန်းပို့ချပေးခြင်း

Basic Coping Skills and Self Care Training ကို ပို့ချပေးခြင်း

Basic Coping Skills and Self Care Training ကို TSYU အဖွဲ့ဝင်များအား ပို့ချ

တအာင်းကျောင်းသားနှင့် လူငယ်သမဂ္ဂ(TSYU)  ၏ ဖိတ်ကြားမှု ဖြင့် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ဦးထင်အောင်သည် Basic Coping Skills and Self Care Training ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် နိုဝင်ဘာလ ရ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့ထိ သင်တန်းပို့ချပေးခဲ့သည်။ ထိုသင်တန်းကို တအာင်း ကျောင်းသားနှင့် လူငယ် သမဂ္ဂ(TSYU) ၌ တာဝန်ထမ်းဆောင် နေကြသော ဌာနအသီးသီးမှ အမျိုးသမီး(၉)ဦးနှင့် အမျိုးသား (၁၀) ဦးတို့ တက်ရောက်ခဲ့သည်။

ပဲခူးမြို့တွင် Stress Management and Self-Care Training ကို ပို့ချပေးခြင်း

ပဲခူးမြို့တွင် Stress Management and Self-Care Training

Community Partners International (CPI) ၏ ဖိတ်ကြားမှုဖြင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ဦးထင်အောင်သည် Stress Management and Self Care Training ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မေတ္တာစင်တာ၌ ပို့ချပေးခဲ့သည်။ ထိုသင်တန်းကို လူငယ်ကွန်ယက်နှင့် လူငယ် ရေးရာကော်မတီများမှ သင်တန်းသူ နှစ်ဦးနှင့် သင်တန်းသား ၁၁ ဦး တက်ရောက်ခဲ့သည်။

တောင်သာမြို့နယ်တွင် Mental Health Awareness and Self-care Training ကို ပို့ချပေးခြင်း

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) တာဝန်ခံ ဦးကျော်စိုးဝင်းသည် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်မှ တောင်သာ လူငယ် အဖွဲ့အစည်း၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူ များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အဖွဲ့ဝင်များကို Mental Health Awareness and Self-care Training ကို ပို့ချပေးခဲ့သည်။ သင်တန်းကို တောင်သာ လူငယ် အဖွဲ့အစည်းမှ အမျိုးသမီး သုံးဦး၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူ အမျိုးသား (၁၃)ဦးနှင့် NLD ပါတီ အဖွဲ့ဝင် အမျိုးသား (၁၂)ဦး တက်ရောက်ခဲ့သည်။

မြင်းခြံမြို့နယ်တွင် Mental Health Awareness and Self-care Training ကို ပို့ချပေးခြင်း

နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) တာဝန်ခံ ဦးကျော်စိုးဝင်းသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များကို Mental Health Awareness and Self-care Training ကို ပို့ချပေးခဲ့သည်။ သင်တန်းကို အမျိုးသမီး (၁၇) ဦးနှင့် အမျိုးသား (၁၆)ဦး တက်ရောက် ခဲ့သည်။

နှစ်သိမ့်ဆွေးနွေးပေးခြင်း

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကြီးကြပ်အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှု များ ပြုလုပ်လျှက်ရှိသည်။ နိုဝင်ဘာလအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ ခြောက်ဦးသည် အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းမှ အမျိုးသမီး ငါးဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ၂၂ ဦးကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ထို့ပြင် အပတ်စဉ် စနေနေ့တိုင်း MHAP မှ အမျိုးသမီး ကောင်ဆယ်လာ တစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ်အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ နိုဝင်ဘာလအတွင်း တွင် အမျိုးသမီး တစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက် ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး တစ်ဦးကို နှစ်သိမ့် ဆွေးနွေး ပေးလျှက်ရှိသည်။

ထို့ပြင် အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ နှစ်ဦးနှင့် ကောင်ဆယ်လာ ၁၁ ဦးတို့သည် ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ နိုဝင်ဘာလ အတွင်းတွင် လူငယ် ၃၈ ဦးကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

နိုဝင်ဘာလအတွင်းတွင် အမျိုးသမီးကောင်ဆယ်လာ နှစ်ဦးနှင့် အမျိုးသား ကောင်ဆယ်လာ နှစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ရှိသော မသန်စွမ်းသူများ လေ့ကျင့်ရေး သင်တန်းကျောင်းမှ သင်တန်းသူ အမျိုးသမီး တစ်ဦးနှင့် သင်တန်းသား အမျိုးသား ၁၁ ဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။ နိုဝင်ဘာလအတွင်းတွင်  သင်တန်းသား အမျိုးသား နှစ်ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့သည်။

နိုဝင်ဘာလအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြား ထိခိုက်လွယ်သူများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP မှ ကောင်ဆယ်လာများသည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ နိုဝင်ဘာလအတွင်းတွင်  အမျိုးသမီး ကိုးဦးနှင့် အမျိုးသား လေးဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၂၄  ဦးနှင့် အမျိုးသား ၁ရ ဦးတို့ကို နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။

လစဉျသတငျးလှာဒေါငျးလော့ရယူရနျ Burmese Newsletter for November

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                 +၉၅(၀) ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည်    တွဲဘက်အတွင်းရေးမှူး                   +၉၅(၀) ၉၄၂  ၅၀၃  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ    +၉၅(၀) ၉၄၂  ၈၈၁  ၇၃၄၈