၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ၊ လစဉ်သတင်းလွှာ

လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄)မြို့နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် (၁)မြို့နယ်တို့တွင် အခြခံ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ပို့ချပေးခြင်း

ဗန်းမောက်မြို့နယ်၌ ပြုလုပ်သော အခြေခံလူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း (၂၆) ပွဲကို  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ အင်းတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ် တို့တွင်လည်းကောင်း၊ ဆွေးနွေးပွဲပေါင်း (၆) ပွဲကို ရှမ်းပြည်နယ်အတွင်းရှိ ကျောက်မဲမြို့နယ်တွင် လည်းကောင်း ဟောပြော ပို့ချပေးနိုင်ခဲ့သည်။ အဆိုပါဟောပြော ဆွေးနွေးပွဲများသို့ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၁၀၇၀) ဦး တက်ရောက်ခဲ့ပြီး ဆရာ၊ဆရာမများလည်း ပူးပေါင်း ပါဝင် တက်ရောက်ခဲ့သည်။ 

ကျွန်းလှမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၃) ပွဲ ကို အခြေခံပညာ အထက်တန်းကျောင်း (၃) ကျောင်း၌ လည်းကောင်း၊ ဟောပြောဆွေးနွေးပွဲ (၃) ပွဲကို အခြေခံပညာ အထက်တန်းကျောင်းခွဲ (၃) ကျောင်း၌ လည်းကောင်း ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၅၀) ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၃) ပွဲကို အခြေခံပညာအထက်တန်းကျောင်း (၃) ကျောင်း၌ လည်းကောင်း၊ ဟောပြောဆွေးနွေးပွဲ (၁) ပွဲကို ကန့်ဘလူမြို့နယ်အတွင်းရှိ ပုဂ္ဂလိကကျောင်းများ ရှိ ကျောင်းသား၊ကျောင်းသူများအားလည်းကောင်း ဟောပြော ပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၇၀) ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက် ခဲ့သည်။
အင်းတော်မြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၇) ပွဲကို အခြေခံပညာအထက်တန်းကျောင်း (၇) ကျောင်း ၌ လည်းကောင်း၊ ဟောပြောဆွေးနွေးပွဲ (၁) ပွဲကို အခြေခံပညာ အထက်တန်းကျောင်းခွဲ(၁)ကျောင်း၌ လည်းကောင်း ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၂၂၀) ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။
ဗန်းမောက်မြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၈) ပွဲကို အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်း၌ ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၃၉၀) ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။
ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၄) ပွဲကို အခြေခံပညာအထက်တန်း ကျောင်း (၄) ကျောင်း၌ လည်းကောင်း၊ ဟောပြော ဆွေးနွေးပွဲ (၂) ပွဲကို အခြေခံပညာ အထက်တန်း ကျောင်းခွဲ (၂) ကျောင်း၌ လည်းကောင်း ဟောပြောပို့ချ ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၄၀) ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့သည်။ 

အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် AAPP မှ ကိုဝဏ္ဏနွယ်နှင့် ကိုခင်မောင်ဝင်းတို့မှ AAPPအဖွဲ့သားများနှင့် ဦးစွာ မိတ်ဆက်ပေး ခဲ့ပြီး AAPP ဖြစ်ပေါ်လာပုံနှင့် ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းပြပေးခဲ့သည်။ ထို့နောက် ဦးအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦး၊ ကိုခင်မောင်ဝင်း၊ ကိုမျိုးထွန်း၊ မသန္တာစိုး၊ မမေရီဆိုင်းခေါင်၊ မလွေးအေးမိုင်၊ ကိုမျိုးသန့်ထွဋ်၊ ကိုအောင်သက်ထွန်း၊ မမြငြိမ်းချမ်းနှင့် ကိုစိုင်းတေဇာတို့မှ လူ့အခွင့်အရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းပါ အချက် (၃၀) တို့ကို ပါဝါပွိုင့်များဖြင့် ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်အမေးအဖြေများ ပြုလုပ်ခဲ့ သည်။ ထို့နောက်တွင် လူအချင်းချင်း ခွဲခြားဆက်ဆံမှုများ မပြုလုပ်ရန်အတွက် ကာတွန်းတို တစ်ကားပြသပြီး အပြန်အလှန် ဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ  စည်းကမ်းလိုက်နာ

တတ်စေရန်၊တာဝန်ယူမှုရှိလာစေရန်၊ ကျောင်းပညာရေးကို ဆုံးခန်းတိုင်အောင်ကြိုးစားစေရန်တို့ကို ရုပ်သံဇာတ်လမ်းတိုများ ပြသ၍ အပြန်အလှန် ဆွေးနွေးခဲ့သည်။ ထို့ပြင်  မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ဆွေးနွေးပေးခဲ့သည်။  ကျောင်းသား၊ ကျောင်းသူ များမှ သိလိုသည်များကို မေးခွန်းများ မေးမြန်းခဲ့ပြီး ဦးဆောင် ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။ ဟောပြောပွဲ များပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေး ဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPP မှ အချက် ၃ဝ ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း (UDHR) အိတ်ဆောင် စာအုပ်များနှင့် ပိုစတာများကို ဝေငှခဲ့သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

CHEMONIC မှ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေး

CHEMONIC မှ ကိုယ်စားလှယ်အဖွဲနှင့်တွေ့ဆုံဆွေးနွေး

အောက်တိုဘာလ ၉ ရက်နေ့တွင် CHEMONIC မှ DIANE GERAGHTY, JD (Director, Civitas Child Law Center) နှင့် Thomas F.Geraghty (Director Emeritus, Bluhm Legal Clinic) တို့ ဦးဆောင်သောအဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရုံးသို့ လာရောက် လည်ပတ်ခဲ့ပြီး AAPP ၏ “Memory of the Past” ပြခန်းအား ကြည့်ရှု လေ့လာခဲ့ရာ AAPP မှ တာဝန်ရှိသူများမှ လိုက်လံ ရှင်းလင်း ပြသပေးခဲ့သည်။ ထို့နောက် AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ မှတ်တမ်းနှင့် သုတေသန တာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ဦးဇော်မိုးတို့မှ လက်ခံတွေ့ဆုံခဲ့ပြီး AAPP ၏ လုပ်ငန်းစဉ်များ၊ လက်ရှိ ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေများနှင့်လူ့အခွင့်အရေး အခြေအနေများအား ဆွေးနွေးခဲ့သည်။ 

ဥရောပသမဂ္ဂရုံး၌ တွေ့ဆုံဆွေးနွေး

ဥရောပသမဂ္ဂရုံး၌ တွေ့ဆုံဆွေးနွေး

အောက်တိုဘာလ၁ဝရက်နေ့တွင် မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးအကျင်းသားဟောင်းများ၊ ဥပဒေ ပညာရှင်များ၊အနုပညာရှင်များနှင့် စာနယ်ဇင်းသမားတို့သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ခရစ်ရှန်ရှမစ်၏ ဖိတ်ခေါ်မှုအရ  မြန်မာနိုင်ငံတွင် သေဒဏ်ပေးစနစ်ကျင့်သုံးမှုအား ဆွေးနွေးရန် ဥရောပသမဂ္ဂရုံးသို့ လာရောက်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲသို့ နိုင်ငံရေးအကျဉ်းသားများ    ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ မှတ်တမ်းနှင့် သုတေသန တာဝန်ခံနှင့်နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ဦးဇော်မိုးသည်  တက်ရောက်ဆွေးနွေးခဲ့သည်။

နော်ဝေနိုင်ငံသံအမတ်နှင့်အဖွဲ့ နှင့်တွေ့ဆုံဆွေးနွေး

နော်ဝေနိုင်ငံသံအမတ်နှင့်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေး

အောက်တိုဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးမှMs.TONETINNES(Ambassador) ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်ရန်ကုန်မြို့ရှိ  နိုင်ငံရေးအကျဉ်းသားများ

ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရုံးသို့ လာရောက် လည်ပတ်ပြီး     AAPP ၏ “Memory of the past” ပြခန်းအား ကြည့်ရှုလေ့လာခဲ့ရာ  ပြခန်းတာဝန်ခံများမှ ပြခန်းအတွင်း လှည့်လည်ပြသခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်း ဖြတ်သန်းနေထိုင်မှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ဦးဇော်မိုး၊ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးဌာန (MHAP) မှ တာဝန်ခံ ဦးကျော်စိုးဝင်းနှင့် MHAP ဆူပါဗိုက်စာ မသန်းသန်းဌေးတို့မှ လက်ခံတွေ့ဆုံခဲ့ပြီး AAPP ၏ လုပ်ငန်းစဉ်များ၊ လက်ရှိဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများနှင့်လူ့အခွင့်အရေး အခြေအနေ များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။ 

အမေရိကန်သံရုံးမှ ယဉ်ကျေးမှုရေးရာအရာရှိနှင့်တွေ့ဆုံဆွေးနွေး

အမေရိကန်သံရုံးမှ ယဉ်ကျေးမှုရေးရာအရာရှိနှင့်တွေ့ဆုံဆွေးနွေး

အောက်တိုဘာလ ၁ရ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမေရိကန် သံရုံး၊ ပြည်သူ့ရေးရာဌာနမှ ယဉ်ကျေးမှုရေးရာအရာရှိ Sylvie Young, Ph.Dသည် ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရုံးသို့ လာရောက် လည်ပတ်ခဲ့ရာ AAPPတွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊  စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးဌာနတာဝန်ခံ ဦးကျော်စိုးဝင်းတို့မှ လက်ခံတွေ့ဆုံခဲ့ပြီးAAPP၏လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေး အခြေအနေများနှင့်လူ့အခွင့်အရေးအခြေအနေများအား ဆွေးနွေး ခဲ့ကြသည်။ ထို့နောက် AAPP ၏ “Memory of The Past” ပြခန်းအတွင်းလှည့်လည်ကြည့်ရှုခဲ့ရာ ပြခန်းတာဝန်ခံများမှ လိုက်လံရှင်းလင်းပြသခဲ့သည်။

Asia Justice And Rights (AJAR)နှင့်တွေ့ဆုံဆွေးနွေး

AJAR နှင့်တွေ့ဆုံဆွေးနွေး

အောက်တိုဘာလ ၂၃ ရက်နေ့တွင် Asia Justice And Rights (AJAR) မှ Galuh Wandita (Director), Indria Fernida (Regional Program Coordinator) and Polly တို့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရုံးသို့ လာရောက် လည်ပတ်ခဲ့ပြီး AAPP ၏ “Memory of the Past”ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ AAPPမှ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသပေးခဲ့သည်။ထို့နောက် AAPP  တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံနှင့်  နိုင်ငံခြားရေးရာဒုတာဝန်ခံ ဦးဇော်မိုးနှင့် စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးဌာန(MHAP)မှ တာဝန်ခံ ဉီးကျော်စိုးဝင်းတို့မှ လက်ခံ တွေ့ဆုံခဲ့ပြီး AAPP ၏ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များ နှင့်လက်ရှိမြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး ကာလ စသည် တို့ကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး(EU)နှင့်တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး(EU)နှင့်တွေ့ဆုံဆွေးနွေး

အောက်တိုဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးမှ Brigitte Junker (Political Officer) သည်နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရုံးသို့ လာရောက် လည်ပတ်ခဲ့ပြီး AAPP ၏ “Memory of the Past” ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ AAPP မှ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း ပြသပေးခဲ့သည်။ ထို့နောက် AAPPတွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ မှတ်တမ်းနှင့် သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ဦးဇော်မိုးနှင့် စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးဌာန (MHAP) မှ တာဝန်ခံ ဦးကျော်စိုးဝင်းတို့မှ လက်ခံတွေ့ဆုံခဲ့ပြီး AAPP ၏ လုပ်ဆောင် လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ နိုင်ငံရေးအကျဉ်းသားရေးရာ ကိစ္စရပ်များ၊ လက်ရှိမြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ များနှင့် နိုင်ငံရေးအခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စုမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

အမေရိကန်ပြည်ထောင်စုမှ အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

အောက်တိုဘာ၂၉ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်အပါအဝင်မတူညီသည့် လူမှုအသိုက်အဝန်းမျိုးစုံမှ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များသည် မြန်မာနိုင်သို့ ရောက်ရှိနေသော အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝလ်ဟာနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ ဆွေးနွေးပွဲအတွင်းလက်ရှိမြန်မာနိုင်ငံ၏နိုင်ငံရေး အခြေအနေ၊ လူ့အခွင့်အရေးအခြေအနေများနှင့် စီးပွား ဖွံ့ဖြိုး တိုးတက်ရေး အခြေအနေများတိုးတက်လာစေရန် လုပ်ဆောင် သင့်သည်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ ကြသည်။

အထွေထွေလှုပ်ရှားမှုများ

ဝိမုတ္တိမှ သင်တန်းသူများ လာရောက်လေ့လာ

ဝိမုတ္တိမှ သင်တန်းသူများ AAPP ပြခန်းကို လေ့လာ

အောက်တိုဘာလ ၆ ရက်နေ့တွင် ဝိမုတ္တိ အမျိုးသမီးများအဖွဲ့၏ Team Building and Community Organization workshop မှ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားဟောင်းများသည် ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) သို့ လာရောက်လည်ပတ်ခဲ့ပြီး AAPP ၏  “Memory of the Past” ပြခန်းသို့လာ‎ရောက်လေ့လာခဲ့ရာ ပြခန်းတာဝန်ရှိသူ များမှ လိုက်လံ ရှင်းလင်းပြသပေးခဲ့သည်။ 

ထိုင်ဝမ်မှ ကျောင်းသား၊ကျောင်းသူများ မဲစောက် AAPP သို့ လာရောက်လေ့လာ

အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) သို့ ထိုင်ဝမ်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ခြောက်ဦး လာရောက်လည်ပတ်ခဲ့ရာAAPPမှမမိုးပန်းဖြူမှ လက်ရှိ နိုင်ငံရေး အခြေအနေများနှင့်လူ့အခွင့်အရေးအခြေအနေများအား ရှင်းလင်း ပြောကြားပေးခဲ့သည်။ ထို့နောက် AAPP ၏ ပြခန်းအား ရှင်းလင်း ပြသပေးခဲ့သည်။

The Wings Institute မှ သင်တန်းသား၊ သင်တန်းသူများ AAPP သို့ လာရောက်လေ့လာ

The Wings Institute မှ သင်တန်းသား၊ သင်တန်းသူများ AAPP ပြခန်းကို လေ့လာ

အောက်တိုဘာလ ၂၃ ရက်နေ့တွင် မဖြိုးဖြိုးအောင် ဦးဆောင်သော The Wings Institute မှ သင်တန်းသား၊ သင်တန်းသူ(၂၅)ဦးသည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရုံးသို့ လာရောက် လည်ပတ်ခဲ့ပြီး AAPP ၏ “Memory of the Past” ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ (AAPP)မှ တာဝန်ရှိသူများမှ လိုက်လံ ရှင်းလင်းပြသပေးခဲ့သည်။ ထို့နောက် AAPPရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် လက်ခံတွေ့ဆုံခဲ့ပြီး AAPPဖွဲ့စည်း တည်ထောင်ရခြင်း ရည်ရွယ်ချက်၊ လုပ်ဆောင်ခဲ့သော လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်လျှက်ရှိသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးရှင်းပြပေးခဲ့သည်။ သင်တန်းသား၊သင်တန်းသူများမှ သိလိုသည့် မေးခွန်းမျာကို ပြန်လည် မေးမြန်းခဲ့ပြီး ဦးအောင်မျိုးကျော်မှ ပြန်လည် ဖြေကြားပေးခဲ့သည်။ 

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ် (MHAP)

သင်တန်းပို့ချပေးခြင်း

ဝိမုတ္တိ အမျိုးသမီးအဖွဲ့မှ သင်တန်းသူ အမျိုးသမီးများကို  Mental Health Awareness and Self-care Trainingကို ပို့ချပေးခြင်း

အောက်တိုဘာလ ၆ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်(MHAP)မှ တာဝန်ခံ ဦးကျော်စိုးဝင်းနှင့် MHAP စူပါဗိုက်ဆာ မသန်းသန်းဌေးတို့သည် ဝိမုတ္တိ အမျိုးသမီးများအဖွဲ့၏ Team Building and Community Organization workshop မှ သင်တန်းသူ အမျိုးသမီး နိုင်ငံရေး အကျဉ်းသားဟောင်း စုစုပေါင်း ၂၅ ဦးကို Mental Health awareness and Self-care Training ကို ပို့ချပေးခဲ့သည်။ 

TWO မှ အမျိုးသမီးများကို  Mental Health Awareness and Self-care Trainingကို ပို့ချပေးခြင်း

TWO မှ အမျိုးသမီးများကို သင်တန်းပို့ချ

အောက်တိုဘာလ ၂၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ်(MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင် နှင့် သင်တန်းနည်းပြ မခင်ငြိမ်းချမ်းစိုးတို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် တအာင်းအမျိုးသမီး  အဖွဲ့အစည်းမှ အဖွဲ့ဝင် ၁၉ ဦးအား Mental Health Awareness and Self-care Training ကို ပို့ချပေးခဲ့သည်။

Stress Management and Self-Care training ကို ပို့ချပေးခြင်း

အမျိုးသမီးရှေ့ဆောင်ရပ်ဝန်း(WIP) မှ သင်တန်းသူများကို သင်တန်းပို့ချ

အောက်တိုဘာလ ၂၈ ရက်နေ့နှင့် အောက်တိုဘာလ ၂၉ ရက်နေ့တို့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်နှင့် သင်တန်းနည်းပြ မခင်ငြိမ်းချမ်းစိုးတို့သည် အမျိုးသမီးရှေ့ဆောင်ရပ်ဝန်း(WIP) မှ ဦးဆောင်ပြုလုပ်သည့် Advanced Women Leadership Course Training ၌ Stress Management and Self-Care training ကို မန္တလေးတိုင်းဒေသကြီး၊ ပြင်းဦးလွင်မြို့၌  ပို့ချပေးခဲ့သည်။ ထိုသင်တန်းကို သင်တန်းသူ စုစုပေါင်း ၂ဝ ဦး တက်ရောက်ခဲ့သည်။ 

နှစ်သိမ့်ဆွေးနွေးပေးခြင်း

အပတ်စဉ်စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကြီးကြပ်အုပ်ချုပ် သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေး အတတ်ပညာသင် ကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေး အတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ အောက်တိုဘာလအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ ခြောက်ဦးသည် အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းမှ အမျိုးသမီး ၁၃ ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ၂၁ ဦးကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။ 

ထို့ပြင် အပတ်စဉ် စနေနေ့တိုင်း MHAP မှ အမျိုးသမီး ကောင်ဆယ်လာ နှစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ်အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပေးမှုများပြုလုပ်လျှက်ရှိသည်။ အောက်တိုဘာလ အတွင်းတွင် အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။ 

ထို့ပြင် အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာနှစ်ဦးနှင့် ကောင်ဆယ်လာ  ၁၁ ဦးတို့သည် ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ အောက်တိုဘာလအတွင်းတွင် လူငယ် ၃၈ ဦးကို နှစ်သိမ့်ဆွေးနွေး ပေးခဲ့သည်။

အောက်တိုဘာလအတွင်းတွင် အမျိုးသမီးကောင်ဆယ်လာ နှစ်ဦးနှင့် အမျိုးသား ကောင်ဆယ်လာ သုံးဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ရှိသော မသန်စွမ်းသူများ လေ့ကျင့်ရေး သင်တန်းကျောင်းမှ သင်တန်းသူ အမျိုးသမီး နှစ်ဦးနှင့် သင်တန်းသား အမျိုးသား ၁၂ ဦးတို့ကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

အောက်တိုဘာလအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊၎င်းတို့၏မိသားစုဝင်များနှင့်   အခြားထိခိုက်လွယ်သူများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။ 

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP မှ ကောင်ဆယ်လာများသည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။အောက်တိုဘာလအတွင်းတွင် အမျိုးသမီး ရှစ်ဦးနှင့် အမျိုးသား တစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေး မှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၂ဝ ဦးနှင့် အမျိုးသား၁၄ဦးတို့ကို နှစ်သိမ့်ဆွေးနွေး ပေးလျှက်ရှိသည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

ဘိုကြည် တွဲဘက်အတွင်းရေးမှူး      +၉၅ (၀) ၉၄၂  ၅၀၃  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ  +၉၅ (၀) ၉၄၂  ၈၁၁ ရ ၃၄၈

လစဉျသတငျးလှာဒေါငျးလော့ရယူရနျ October Burmese Newsletter