မြန်မာပြည် အာဏာရှင်တို့လက်ထက် စနစ်တကျ နှိပ်စက်ညှဉ်းပန်းမှုများကို အသုံးပြုပုံနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အတွေ့အကြုံများ

ကျေးဇူးတင်လွှာ ယခုသုတေသနစီမံချက်သည် နိုင်ငံခြားရေးဝန်ကြီးဌာန(ချက်ပြည်သူ့သမ္မတနိုင်ငံ) နှင့်မြန်မာပြည် ရန်ကုန်မြို့ရှိ ချက်ပြည်သူ့သမ္မတနိုင်ငံ သံရုံး၏ကူညီထောက်ပံ့မှုဖြင့် ဖြစ်ပေါ်လာခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှုများ၊ အချက်အလက်ကောက်ခံမှု၊ အချက်အလက်စိစစ်မှု၊ အစီရင်ခံစာရေးသားမှုများကို ဆောင်ရွက်ခဲ့သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) သုတေသနအဖွဲ့နှင့် အစီရင်ခံစာကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ပြန်ဆိုပေးခဲ့သော ကိုတင်မောင်ထွေး တို့အား မိမိတို့ အနေဖြင့် ကျေးဇူးအထူးတင်ရှိပါသည်။ ယခုအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ၏ အတွေ့အကြုံများကို သုံးသပ်တင်ပြထားသည့် အစီရင်ခံစာတစောင်ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး (အေအေပီပီ) အဖွဲ့သည် စစ်အစိုးရအာဏာရှင်လက်ထက်အတွင်း နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကို စာရင်းသွင်းအထောက်အထားပြု…









