အေအေပီပီမှဧပြီလအတွက်လစဉ်အစီရင်ခံစာနှင့်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် ဧပြီလအတွင်း စုစုပေါင်း (၉) ဦး အမှုဖွင့်၊တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ထို (၉) ဦးအနက်မှ ရခိုင်တိုင်းရင်းသား (၆)ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(ည)၊ ၅၂(က)၊ အပျော်တမ်း ဂရက်ဖက်တီ ပန်းချီရေးဆွဲသူ (၃)ဦးသည် ရာဇသတ်ကြီး ပုဒ်မ ၂၉၅(က) တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ဧပြီလအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ စုစုပေါင်း (၃၉)ဦး ရှိခဲ့သည်။ ထို (၃၉) ဦးအနက်မှ အပျော်တမ်း ဂရက်ဖက်တီ ပန်းချီရေးဆွဲသူ (၃)ဦးသည် ရာဇသတ်ကြီး…









