အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်

  ဂရပ်များတွင်ဖေါ်ပြထားသော ရာခိုင်နှုန်းများသည် စုစုပေါင်းအဖမ်းဆီးခံ၊ အသတ်ဖြတ်ခံအရေအတွက်မှ သက်ဆိုင်ရာအကြောင်းအရာအလိုက် တွက်ချက်ရယူထားသည့် ဖေါ်ပြချက်ဖြစ်သည်။ စုစုပေါင်းသေဆုံး ဆိုသည်မှာ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်။ စုစုပေါင်းအဖမ်းအဆီးဆိုသည်မှာ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက်။ ထိန်းသိမ်းခံနေရဆဲ ဆိုသည်မှာ အမိန့်ချမှတ်ခံထားရသူများအပါအဝင် လက်ရှိအချိန်ထိ စစ်အုပ်စု၏ နေရာအမျိုးမျိုး၌ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်။ ရာခိုင်နှုန်း ဆိုသည်မှာ စုစုပေါင်းအဖမ်းအဆီးနှင့် သေဆုံးအရေအတွက်မှ တွက်ချက်ရယူထားသည့် ဖော်ပြချက်။   နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/  AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့်…

၂၀၂၃-၂၀၂၄ ကာလအတွင်း စစ်အုပ်စု၏ ဖိနှိပ်မှု ပုံပန်းသဏ္ဌာန်များ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှ စတင်၍ စစ်အုပ်စုသည် သုံးနှစ်ကျော်ကြာ ပြည်သူများအကြားထိတ်လန့်ခြောက်ခြားမှု လွှမ်းမိုးစေသော အကြမ်းဖက်လှုပ်ရှားမှုများကို လုပ်ဆောင် ခဲ့ရာ အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု များစွာ ဖြစ်ပွားခဲ့သည်။ စစ်တပ်သည် ၎င်း၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာစိုးမိုးမှုနှင့် နယ်မြေထိန်းချုပ်မှုကို ခိုင်မာအောင် မတည်ဆောက်နိုင်ခဲ့ဘဲ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး တောင်းဆိုမှုတို့ကို ကြမ်းတမ်းသော နည်းဗျူဟာများဖြင့် တုံ့ပြန်ခဲ့ခြင်းသည် မြန်မာနိုင်ငံအတွင်း ဆယ်စုနှစ်များစွာကြာ စစ်အုပ်စုက ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုနှင့်…

နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ကျဆုံး

သတင်းထုတ်ပြန်ချက် အောက်တိုဘာလ ၇ ရက်၊ ၂၀၂၄ ခုနှစ်   မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်၊ ၂၀၂၀ ခုနှစ် ရွေးကောက်ခံ အမရပူရမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဌ၊ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် အကျဉ်းကျခံနေရစဉ်အတွင်း လုံလောက်သည့် ဆေးကုခွင့် မရရှိဘဲ၊ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် ယနေ့ အောက်တိုဘာလ နံနက် ၃ နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။ ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမရပူရ အမှတ်(၁) မဲဆန္ဒနယ်မြေမှ ရွေးကောက်ခံ…

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်

ဂရပ်များတွင်ဖေါ်ပြထားသော ရာခိုင်နှုန်းများသည် စုစုပေါင်းအဖမ်းဆီးခံ၊ အသတ်ဖြတ်ခံအရေအတွက်မှ သက်ဆိုင်ရာအကြောင်းအရာအလိုက် တွက်ချက်ရယူထားသည့် ဖေါ်ပြချက်ဖြစ်သည်။ စုစုပေါင်းသေဆုံး ဆိုသည်မှာ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်။ စုစုပေါင်းအဖမ်းအဆီးဆိုသည်မှာ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက်။ ထိန်းသိမ်းခံနေရဆဲ ဆိုသည်မှာ အမိန့်ချမှတ်ခံထားရသူများအပါအဝင် လက်ရှိအချိန်ထိ စစ်အုပ်စု၏ နေရာအမျိုးမျိုး၌ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်။ ရာခိုင်နှုန်း ဆိုသည်မှာ စုစုပေါင်းအဖမ်းအဆီးနှင့် သေဆုံးအရေအတွက်မှ တွက်ချက်ရယူထားသည့် ဖော်ပြချက်။

မြင့်မြတ်တဲ့တိုက်ပွဲဝင်ချိန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း Assistance Association for Political Prisoners (AAPP) ရဲ ရုံးသစ်အဆောက်အဦနဲ့ Power of Powerless ပြခန်းဖွင့်ပွဲအခမ်းအနားမှာ ပါဝင်သီဆိုဖျော်ဖြေခဲ့ကြတဲ့ ထောင်တွင်းလုပ်တူရိယာများနဲ့တီးခတ်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ Music Wings တေးဂီတအဖွဲ့နှင့် အဆိုတော်တူးတူးတို့၏ တေးရေးစောဘွဲ့မှူးရေးစပ်ခဲ့သော လူထုအရေးတော်ပုံဂုဏ်ပြုတေးသီချင်းတပုဒ်။

စိတ်ဓာတ်ပြန်လည်မြှင်တင်ရေး ကူညီထောက်ပံ့မှုအစီအစဉ် လစဉ်သတင်းလွှာ (ဩဂုတ်လ၊ ၂၀၂၄)

AAPP ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှုအစီအစဉ် သည် COVID-19 ကူးစက်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ အွန်လိုင်း အကြံဉာဏ်ေပေးခြင်း အစီအစဉ်ကို ဆက်လက်လုပ်ဆာင်ခဲ့သည်။ ကောင်ဆယ်လာများသည် နေရာဒေသများစွာမှ ဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိခဲ့သည်။ မိမိတို့၏ အွန်လိုင်း စိတ်ကျန်းမရေးအစီအစဉ်သည် နိုင်ငံရေး အကျဉ်းသာဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ LGBTများ၊ အမျိုးသမီးများ ဦးဆောင်​ေသာ အိမ်ထောင်စု များ၊ NGO ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ IDPs စသည်တို့ နှင့် အခြားသောလိုအပ်နေသူများအား ကူညီပေးလျက်ရှိပါသည်။ ဤသတင်းလွှာကို လစဉ်ထုတ်ဝေလျက်ရှိပြီး မိမိတို့အစီအစဉ်၏…

နွေဦးတိုက်ပွဲအတွင်းမှ အကျဉ်းစံအမျိုးသမီးများ

စက်တင်ဘာ (၁) ရက်၊ ၂၀၂၄ ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတိုင်းတွင် ကျရာနေရာမှ နောက်မဆုတ်စတမ်း ရဲရဲဝံ့ဝံ့ပါဝင်ခဲ့ကြသည့် အမျိုးသမီးများ၏ ရဲစွမ်းသတ္တိနှင့် အားမာန်ကို ယခု နွေဦးတော်လှန်ရေးတွင်လည်း အထင်းသားမြင်တွေ့နေကြရသည်။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားလုယူချိန်မှစ၍ နိုင်ငံတဝန်း အမျိုးသမီးများသည်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်မှု ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည်။ အကြမ်းဖက်စစ်အုပ်စု၏ တရားလက်လွတ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများကို ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့ရသော်လည်း နွေဦးတော်လှန်ရေး၌ အမှန်တရားအတွက်…

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်ဖြစ်ပါသည်

ဂရပ်များတွင်ဖေါ်ပြထားသော ရာခိုင်နှုန်းများသည် စုစုပေါင်းအဖမ်းဆီးခံ၊ အသတ်ဖြတ်ခံအရေအတွက်မှ သက်ဆိုင်ရာအကြောင်းအရာအလိုက် တွက်ချက်ရယူထားသည့် ဖေါ်ပြချက်ဖြစ်သည်။ စုစုပေါင်းသေဆုံး ဆိုသည်မှာ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်။ စုစုပေါင်းအဖမ်းအဆီးဆိုသည်မှာ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက်။ ထိန်းသိမ်းခံနေရဆဲ ဆိုသည်မှာ အမိန့်ချမှတ်ခံထားရသူများအပါအဝင် လက်ရှိအချိန်ထိ စစ်အုပ်စု၏ နေရာအမျိုးမျိုး၌ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်။ ရာခိုင်နှုန်း ဆိုသည်မှာ စုစုပေါင်းအဖမ်းအဆီးနှင့် သေဆုံးအရေအတွက်မှ တွက်ချက်ရယူထားသည့် ဖော်ပြချက်။

ပြခန်းနှင့် ရုံးအဆောက်အဦသစ်ဖွင့်ပွဲ

နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းရဲ့ ၂၀၀၀ ခုနှစ်ပြည့် အသင်းစတင်တည်ထောင်ကတည်း တည်ရှိခဲ့တဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က အသင်းရုံးခန်းဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့မှာ လေအေးပေးစက် ဝါယာရှော့ဖြစ်ရာကအစပြုပြီး မီးလောင်ပျက်စီးခဲ့ရပါတယ်။ အဖိုးတန်စာရွက်စာတမ်းများနဲ့၊ ရုံးနဲ့တွဲလျက်ဖွင့်လှစ်ထားတဲ့ စစ်အာဏာရှင်လက်အောက်က ဖိနှိပ်ကြမ်းကြုတ်မှုများကိုဖော်ပြထားတဲ့  နှစ်ပေါင်း ၂၀ ကျော်သက်တမ်းရှိ နိုင်ငံရေးအကျဉ်းသားများပြခန်းလေးဟာလည်း ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၈) ရက် ရှစ်လေးလုံးပြည်သူ့အရေးတော်ကြီး ၃၆ နှစ်မြောက်နေ့မှာတော့ ယခုပြောင်းရွေ့ဖွင့်လှစ်ထားတဲ့ အသင်းရဲ့ရုံးခန်းနေရာမှာပဲ ပြီးစီးသွားတဲ့ ရုံးခန်းအဆောက်အဦအသစ်မှာ “Power of Powerless”…